ဈေးကြီးသလောက်အကောင်းမွန်ဆုံးဖြစ်လာမယ့် Microsoft Surface Pro4

surface pro2

အမေရိကန်နာမည်ကြီး နည်းပညာကုမ္ပဏီ Microsoft ရဲ့မျိုးဆက်သစ် လက်ပ်တော့တက်ဘလက် Surface Pro4ကို မိတ်ဆက်ခဲ့ပါတယ်။ Microsoft ရဲ့နောက်ဆုံးထွက်မျိုးဆက်သစ်ဟာ ဈေးလည်းအတော်များသလို အထဲကလုပ်ဆောင်ချက်တွေကလည်း အကောင်းဆုံးဖြစ်နေတာကြောင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေအတွက်အဓိက ရည်ရွယ်ထုတ်လုပ်ထားပုံရပါတယ်။

မျက်နှာပြင်အကျယ် ၁၂.၃လက်မ အရွယ်အစားရှိတဲ့ ဒီလက်ပ်တော့ဟာ အတော်ကောင်းမွန်သပ်ရပ်တဲ့ ဖွဲ့စည်းပုံတွေနဲ့အတူ ရွေးချယ်စရာတစ်ခုဖြစ်လာပါတယ်။ အနိမ့်ဆုံးမော်ဒယ်ကိုတောင် ဒေါ်လာ၁၀၉၃ နဲ့ ခေါ်ထားတာဖြစ်ပြီး Intel ရဲ့ m3 low-power processor, 4GB RAM, 128GB ရှိတဲ့ Sold-state Storage(SSD) တို့ပါဝင်ပါတယ်။ Intel Core i7 processor, 16GB RAM, 512GB SSD တို့ပါရှိတဲ့ အမြင့်ဆုံး Version ကတော့ ဒေါ်လာ၂၆၂၇ လောက်ရှိလို့ အတော်လေးကို ဈေးမြောက်နေတာတွေ့ရမှာပါ။

Surface Pro4 ဟာ အရင်ထွက်ခဲ့တဲ့ Surface Pro လက်ပ်တော့တွေနဲ့ တူညီတာကတော့ Destop-in-tablet-form လို့ခေါ်တဲ့ လက်ပ်တော့အဖြစ်သာမက တက်ဘလက်တစ်လုံးအနေနဲ့ပါအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။ ပိုပြီးအဆင်ပြေကောင်းမွန်သွားတာကတော့ သာမန်တက်ဘလက်တစ်လုံးလိုပဲ ဂိမ်းတွေဆော့တာ၊ YouTube ကြည့်တာ အစရှိတဲ့ Function တွေကို အကောင်းမွန်ဆုံးလုပ်ဆောင်နိုင်မှာပါ။

Design နှင့် Feature

surface pro2 3

 

Surface Pro 4 ဟာ အရင်ဒီဇိုင်းတွေလို သိပ်မထူးခြားဘူးထင်ရပေမယ့် ပြောင်းလဲချက်အနည်းငယ်တော့တွေ့ရမှာပါ။ မျက်နှာပြင်မှာ ထိတွေ့ရေးဆွဲဖို့အတွက် Surface Pen ကိုထည့်သွင်းထားပေးပြီး Design ရေးဆွဲလိုတဲ့လူတွေ မှတ်သားချင်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ အသံတိုးလျှော့ ခလုတ်ကိုလည်း တက်ဘလက်ရဲ့ထိပ်ပိုင်းအကွေးနေရာမှာထည့်သွင်းထားပါတယ်။

အလေးချိန်အနေနဲ့လည်း အတော်ပေါ့ပါးတာတွေ့ရပြီး ၇၈၇ဂရမ်သာရှိလို့အိတ်ဆောင် ခရီးသွားတာ၊ အလုပ်လုပ်တာတွေအတွက်ပေါ့ပါးစေမှာပါ။ 3.0 USB ပေါက်၊ mini-displayPort နဲ့ MicroSD Card ပေါက်တို့လည်း ပါဝင်ပါတယ်၊ Window 10 နဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်။

ဆိုးရွားချက်တစ်ခုတော့ရှိပါတယ်၊ Microsoft Surface Pro4 အတွက် ခေါက်ထားတဲ့ Cover Keyboard ကနဂိုပါလာတာမဟုတ်ပဲ လိုချင်တယ်ဆိုရင်တော့ ဒေါ်လာ ၁၆၀နဲ့ဝယ်ယူရမှာပဲ ဖြစ်ပါတယ်။

မျက်နှာပြင်နှင့် ဘက်ထရီ

surface pro2 2

သင့်ရဲ့ ရှိနေတဲ့ သာမန်တက်ဘလက်အရွယ်အစားဖြစ်တဲ့ ၉.၇လက်မကနေ၁၀.၁လက်မကြားရှိမျက်နှာပြင်ထက် အခု Microsoft ရဲ့ ၁၂.၃လက်မ မျက်နှာပြင်က ပိုပြီးကြီးမားမှာပါ။ Resolution အနေနဲ့ Pin-Sharp 2736×1824 ရှိပြီး အရောင်အရည်အသွေးနဲ့ တောက်ပမှုကတော့ အမိုက်စားပါပဲ။

နောက်တစ်ခုက Screen ကို S Pen နဲ့ရေးဆွဲရင် မတူညီတဲ့ ဖိအားပေးမှု ၁၀၂၄မျိုးအထိသိနိုင်အောင် လုပ်ထားတာကြောင့် Graphic designer တွေ၊ ပန်းချီပညာရှင်တွေ နဲ့ ကာတွန်းဆွဲတဲ့သူတွေအတွက်တော့ တကယ်အသုံးဝင်မှာပါ။

Microsoft က ဗီဒီယိုကြည့်တာချည်းပဲလုပ်မယ်ဆိုရင် ဘက်ထရီ၉နာရီလောက်ခံတယ်လို့ဆိုပါတယ်။ ဒါဟာသင့်တော်တဲ့ပမာဏပါပဲ။ ကျွန်တော်သုံးကြည့်တဲ့ပုံစံအရတော့ ဗီဒီယိုကြည့်တာနဲ့တခြားဘက်ထရီစားစေတဲ့ အရာတွေမပါပဲ ရုံးုသုံးသက်သက်မှာ ၈နာရီလောက်ခံတာတွေ့ရပါတယ်။

ကောက်နှုတ်ချက်

surface pro2 1

 

Surface Pro က Window PC Tablet တစ်ခုအနေနဲ့ ခေတ်ရှေ့အပြေးဆုံးဖြစ်နေတာတော့ ယုံမှားသံသယဖြစ်ဖို့မရှိပါဘူး။ Window 10 စနစ်က အတော်ကောင်းမွန်တဲ့ စနစ်တစ်ခုဖြစ်သလို ပြုလုပ်ထားတဲ့အဆင့်အတန်း နဲ့ လုပ်ဆောင်ချက်တွေကလည်း ခိုင်ခိုင်ခံ့ခံ့ပြည့်ပြည့်စုံစုံပါပဲ။

ကျွန်တော်တို့အတွက်ကံမကောင်းတာက ဒီလိုခိုင်ခံ့ပြည့်စုံတဲ့ ပစ္စည်းကဈေးမပေါတာပါပဲ။ Microsoft ရဲ့ဈေးနှုန်းကအတော်ကိုဝင်ငွေကောင်းမွန်တဲ့ လူတန်းစားတွေမှသာအလွယ်တကူ ဝယ်ယူနိုင်မှာဖြစ်သလို နောက်ထပ်ထပ်ဖြည့်ဆည်းရမယ့် အပိုစရိတ်တွေလည်းရှိပါသေးတယ်။

ဒါကြောင့်ပြောချင်တာကတော့ ဒီလက်ပ်တော့တက်ဘလက်ဟာ အတော်ကိုကောင်းမွန်တဲ့ အမိုက်စားပစ္စည်းတွေနဲ့ချည်းတည်ဆောက်ထားတာဖြစ်ပါတယ်။ စိတ်ကျေနပ်မှုလည်းပေးစွမ်းနိုင်စေမှာဖြစ်ပါတယ်။ ဒါပေမယ့် သာမန်အလုပ်လုပ်တဲ့ ကျောင်းသား၊ ရုံးသမားတွေအတွက်တော့ သိပ်လိုအပ်မယ့် ပစ္စည်းတစ်ခုမဟုတ်ပါဘူး။

Ref: Mirror

%d bloggers like this: