116 Shares 86 Views

Screenshot မ်ားကို ေပါင္းစပ္ေပးမယ့္ Stitch It (Android App)

Feb 15, 2018
116 86

စမတ္ဖုန္း အသံုးျပဳသူမ်ားအတြက္ မွတ္သားထားလိုတဲ့ သတင္းမ်ား၊ အေၾကာင္းအရာမ်ားကို Screenshot ရိုက္ၿပီး သိမ္းဆည္းထားေလ့ရွိပါတယ္။ Screenshot အလြယ္တကူ ရိုက္ႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကိုလည္း ဖုန္းထုတ္လုပ္သူမ်ားက သူတို႔ရဲ႕ စမတ္ဖုန္းမ်ားမွာ ထည့္သြင္းေပးထားၾကပါတယ္။ ဒါေပမယ့္ သတင္းမ်ားနဲ႔ ရွည္လ်ားတဲ့ အေၾကာင္းအရာမ်ားကို Screenshot ဖမ္းတဲ့အခါမွာ Screenshot တစ္ခုထက္ မက ဖမ္းယူၾကရပါတယ္။ ဖမ္းယူထားတဲ့ သတင္း Screenshots မ်ားကို ဓါတ္ပံုတစ္ပံုထဲ အျဖစ္ ေပါင္းစည္းခ်င္ရင္ေတာ့ Stitch It က ကူညီေပးႏုိင္ပါတယ္။ Lucky Bunny LLC က ဖန္တီးထားတာ ျဖစ္ၿပီး iOS အတြက္ စတင္ ျဖန္႔ခ်ီေပးခဲ့တာ ျဖစ္ပါတယ္။ iOS Users ေပါင္း ၄ သိန္း၀န္းက်င္ခန္႔ Stitch It ကို အသံုးျပဳေနၾကပါတယ္။ အခုမွ Android အတြက္ ျဖန္႔ခ်ီေပးလိုက္တာ ျဖစ္ပါတယ္။ သူက သင့္ရဲ႕ Screenshots မ်ားမွ မလိုအပ္တဲ့ အစိတ္အပိုင္းမ်ားကိုလည္း Crop လုပ္ႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ ေပါင္းစည္းလိုက္တဲ့ Screenshot ကို လူမႈကြန္ရက္မ်ားမွာ အလြယ္တကူ မွ်ေ၀ႏုိင္တဲ့အျပင္ Photo Gallery ထဲမွာလည္း သိမ္းဆည္းေပးႏုိင္ပါတယ္။ သင့္ရဲ႕ စမတ္ဖုန္းမွာ သက္ဆိုင္တဲ့ Screenshots မ်ားကို ေပါင္းစပ္ သိမ္းဆည္းထားခ်င္သူမ်ားအတြက္ Stitch It က အသံုး၀င္ပါတယ္။

Stitch It App ကို ပထမဆံုး အႀကိမ္ဖြင့္ရင္ အသံုးျပဳနည္း ဗီဒီယိုကို ျပသေပးမွာပါ။ Back Button ကို ႏွိပ္ပါ။ Home Screen ေရာက္ရင္ ေအာက္ေျခမွ Plus Button ကို ႏွိပ္ပါ။

ေနာက္အဆင့္မွာ Screenshots ကို ႏွိပ္ပါ။

ေပါင္းစည္းခ်င္တဲ့ Screenshots မ်ားကို အစဥ္လိုက္ ေရြးခ်ယ္ေပးပါ။

ေနာက္အဆင့္မွာ ေပါင္းစည္းမယ့္ Screenshots မ်ားကို အထက္ကေန ေအာက္သို႔ အစဥ္လိုက္ ျပသေပးထားပါတယ္။ Screenshot တစ္ခုရဲ႕ ဘယ္ဘက္မွ ၾကက္ေျခခတ္ခလုတ္ကို ႏွိပ္ရင္ အဲဒီ Screenshot ကို ဖယ္ရွားေပးမွာ ျဖစ္ပါတယ္။ Screenshot မ်ားရဲ႕ အစီအစဥ္ကို ေျပာင္းလဲဖို႔အတြက္ ညာဘက္မွ အေပၚ၊ ေအာက္မွ်ားမ်ားကို ႏွိပ္ႏိုင္ပါတယ္။ Screenshot တစ္ခုရဲ႕ ညာဘက္မွ ေအာက္စိုက္ေနတဲ့ မွ်ားကို ႏွိပ္ရင္ သူ႔ရဲ႕ ေအာက္မွ Screenshot နဲ႔ ေနရာခ်င္းလဲေပးမွာ ျဖစ္ပါတယ္။ Screenshot တစ္ခုရဲ႕ ညာဘက္မွ အေပၚေထာင္ေနတဲ့ မွ်ားကို နွိပ္ရင္ သူ႔ရဲ႕ အေပၚမွ Screenshot နဲ႔ ေနရာခ်င္း လဲေပးမွာ ျဖစ္ပါတယ္။ Screenshot တစ္ခုမွ မလိုအပ္တဲ့ အစိတ္အပိုင္းမ်ားကို Crop လုပ္ဖို႔အတြက္ Screenshot ကို တစ္ခ်က္ႏွိပ္ပါ။

အေပၚနဲ႔ ေအာက္မွ Dotted Line ကို အတြင္းဘက္သို႔ ေနရာခ်ျခင္းျဖင့္ သင္ မလိုခ်င္တဲ့ အစိတ္အပိုင္းကို Crop လုပ္ႏိုင္ပါတယ္။ ၿပီးရင္ ေအာက္ေျခမွ Crop Button ကို ႏွိပ္ပါ။

Crop လုပ္ၿပီးရင္ေတာ့ Screenshots မ်ားကို ေပါင္းစည္းဖို႔အတြက္ အေပၚထိပ္မွ Stitch It ခလုတ္ကို ႏွိပ္ပါ။
ပံု ၈
ေနာက္အဆင့္မွာ ေပါင္းစည္းၿပီးတဲ့ Screenshot ကို ျပသေပးမွာ ျဖစ္ပါတယ္။ လက္ ၂ ေခ်ာင္းနဲ႔ ပြတ္ဆြဲၿပီး Screenshot ကို အႀကီးခ်ဲ႕ၾကည့္ႏုိင္ပါတယ္။ မႏွစ္သက္ေသးရင္ Back Button ကို ႏွိပ္ၿပီး လိုခ်င္တဲ့ ျပင္ဆင္မႈမ်ားကို ျပဳလုပ္ႏုိင္ပါေသးတယ္။ ႏွစ္သက္ၿပီ ဆိုရင္ေတာ့ အေပၚထိပ္မွ Done ကို ႏွိပ္ပါ။

Stitch It ဟာ စမတ္ဖုန္းမ်ားမွာ Screenshot မ်ားရိုက္ၿပီး သတင္းအခ်က္အလက္မ်ားကို သိမ္းဆည္းထားခ်င္သူမ်ားအတြက္ အသံုး၀င္ပါတယ္။

စမ္းသပ္္အသံုးျပဳခ်င္ရင္ေတာ့ File Size 4.5MB ရွိၿပီး Android 4.1 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

or

Download
unicode

စမတ်ဖုန်း အသုံးပြုသူများအတွက် မှတ်သားထားလိုတဲ့ သတင်းများ၊ အကြောင်းအရာများကို Screenshot ရိုက်ပြီး သိမ်းဆည်းထားလေ့ရှိပါတယ်။ Screenshot အလွယ်တကူ ရိုက်နိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း ဖုန်းထုတ်လုပ်သူများက သူတို့ရဲ့ စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားကြပါတယ်။ ဒါပေမယ့် သတင်းများနဲ့ ရှည်လျားတဲ့ အကြောင်းအရာများကို Screenshot ဖမ်းတဲ့အခါမှာ Screenshot တစ်ခုထက် မက ဖမ်းယူကြရပါတယ်။ ဖမ်းယူထားတဲ့ သတင်း Screenshots များကို ဓါတ်ပုံတစ်ပုံထဲ အဖြစ် ပေါင်းစည်းချင်ရင်တော့ Stitch It က ကူညီပေးနိုင်ပါတယ်။ Lucky Bunny LLC က ဖန်တီးထားတာ ဖြစ်ပြီး iOS အတွက် စတင် ဖြန့်ချီပေးခဲ့တာ ဖြစ်ပါတယ်။ iOS Users ပေါင်း ၄ သိန်းဝန်းကျင်ခန့် Stitch It ကို အသုံးပြုနေကြပါတယ်။ အခုမှ Android အတွက် ဖြန့်ချီပေးလိုက်တာ ဖြစ်ပါတယ်။ သူက သင့်ရဲ့ Screenshots များမှ မလိုအပ်တဲ့ အစိတ်အပိုင်းများကိုလည်း Crop လုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ ပေါင်းစည်းလိုက်တဲ့ Screenshot ကို လူမှုကွန်ရက်များမှာ အလွယ်တကူ မျှဝေနိုင်တဲ့အပြင် Photo Gallery ထဲမှာလည်း သိမ်းဆည်းပေးနိုင်ပါတယ်။ သင့်ရဲ့ စမတ်ဖုန်းမှာ သက်ဆိုင်တဲ့ Screenshots များကို ပေါင်းစပ် သိမ်းဆည်းထားချင်သူများအတွက် Stitch It က အသုံးဝင်ပါတယ်။

Stitch It App ကို ပထမဆုံး အကြိမ်ဖွင့်ရင် အသုံးပြုနည်း ဗီဒီယိုကို ပြသပေးမှာပါ။ Back Button ကို နှိပ်ပါ။ Home Screen ရောက်ရင် အောက်ခြေမှ Plus Button ကို နှိပ်ပါ။

နောက်အဆင့်မှာ Screenshots ကို နှိပ်ပါ။

ပေါင်းစည်းချင်တဲ့ Screenshots များကို အစဉ်လိုက် ရွေးချယ်ပေးပါ။

နောက်အဆင့်မှာ ပေါင်းစည်းမယ့် Screenshots များကို အထက်ကနေ အောက်သို့ အစဉ်လိုက် ပြသပေးထားပါတယ်။ Screenshot တစ်ခုရဲ့ ဘယ်ဘက်မှ ကြက်ခြေခတ်ခလုတ်ကို နှိပ်ရင် အဲဒီ Screenshot ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ Screenshot များရဲ့ အစီအစဉ်ကို ပြောင်းလဲဖို့အတွက် ညာဘက်မှ အပေါ်၊ အောက်မျှားများကို နှိပ်နိုင်ပါတယ်။ Screenshot တစ်ခုရဲ့ ညာဘက်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ရင် သူ့ရဲ့ အောက်မှ Screenshot နဲ့ နေရာချင်းလဲပေးမှာ ဖြစ်ပါတယ်။ Screenshot တစ်ခုရဲ့ ညာဘက်မှ အပေါ်ထောင်နေတဲ့ မျှားကို နှိပ်ရင် သူ့ရဲ့ အပေါ်မှ Screenshot နဲ့ နေရာချင်း လဲပေးမှာ ဖြစ်ပါတယ်။ Screenshot တစ်ခုမှ မလိုအပ်တဲ့ အစိတ်အပိုင်းများကို Crop လုပ်ဖို့အတွက် Screenshot ကို တစ်ချက်နှိပ်ပါ။

အပေါ်နဲ့ အောက်မှ Dotted Line ကို အတွင်းဘက်သို့ နေရာချခြင်းဖြင့် သင် မလိုချင်တဲ့ အစိတ်အပိုင်းကို Crop လုပ်နိုင်ပါတယ်။ ပြီးရင် အောက်ခြေမှ Crop Button ကို နှိပ်ပါ။

Crop လုပ်ပြီးရင်တော့ Screenshots များကို ပေါင်းစည်းဖို့အတွက် အပေါ်ထိပ်မှ Stitch It ခလုတ်ကို နှိပ်ပါ။
ပုံ ၈
နောက်အဆင့်မှာ ပေါင်းစည်းပြီးတဲ့ Screenshot ကို ပြသပေးမှာ ဖြစ်ပါတယ်။ လက် ၂ ချောင်းနဲ့ ပွတ်ဆွဲပြီး Screenshot ကို အကြီးချဲ့ကြည့်နိုင်ပါတယ်။ မနှစ်သက်သေးရင် Back Button ကို နှိပ်ပြီး လိုချင်တဲ့ ပြင်ဆင်မှုများကို ပြုလုပ်နိုင်ပါသေးတယ်။ နှစ်သက်ပြီ ဆိုရင်တော့ အပေါ်ထိပ်မှ Done ကို နှိပ်ပါ။

Stitch It ဟာ စမတ်ဖုန်းများမှာ Screenshot များရိုက်ပြီး သတင်းအချက်အလက်များကို သိမ်းဆည်းထားချင်သူများအတွက် အသုံးဝင်ပါတယ်။

စမ်းသပ်အသုံးပြုချင်ရင်တော့ File Size 4.5MB ရှိပြီး Android 4.1 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

or

Download

You may be interested

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မၾကာခင္ကပဲ စြမ္းရည္ျမင့္ Galaxy Note 9 ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေတာင္ကိုရီးယားမွာ ႀကိဳတင္မွာယူခြင့္ ျပဳလိုက္ပါၿပီ။ အခုေတာ့ ေတာင္ကိုရီးယားမွ Carrier တစ္ခုရဲ႕ သတင္းအခ်က္အလက္မ်ား အရ Note 9 ရဲ႕ ႀကိဳတင္မွာယူမႈမ်ားဟာ…

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares94 views

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ္ဖုန္းကင္မရာေတြ တျဖည္းျဖည္းနဲ႕ ပိုေကာင္းလာတယ္ဆိုေပမယ့္ တကယ့္ DSLR ကင္မရာၾကီးေတြကိုေတာ့ ဘယ္လိုမွ မယွဥ္ႏိုင္ေသးဘူးဆိုတာ အားလုံးသိၾကမွာပါ။ Huawei လည္း ဒါကို သိပုံေပၚပါတယ္။ ဘာလို႕လည္းဆိုေတာ့ မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့တဲ့ Nova 3 ဖုန္း ေၾကာ္ျငာဗီဒီယိုမွာ Huawei ဟာ…

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?
FEATURES, Softwares & Application
34 shares9 views

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွ သတင္း၊ ေဆာင္းပါး ၊ ပို႔စ္၊ ဗီဒီယို ၊ ဓါတ္ပံုမ်ားကို Facebook ထဲမွာ သိမ္းထားႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္ေပးထားတာ ၾကာပါၿပီ။ ဒါေပမယ့္ ၀က္ဆိုက္မ်ားကို ၾကည့္ေနရင္းကေန သတင္း၊ ေဆာင္းပါးမ်ားကို Facebook…

Leave a Comment

Most from this category