2362 Shares 912 Views

Xiaomi Mi A1 ကို ေ၀ဖန္သံုးသပ္ျခင္း

Feb 15, 2018
2362 912

လတ္တေလာမွာဘတ္ဂ်တ္ေစ်းႏႈန္းထဲမွာ နာမည္ၾကီးေနတာက Xiaomi ပါ။ အဲ့ထဲကမွ Google ရဲ႕ Android One ပရိုဂရမ္နဲ႔ေပါင္းစပ္ထုတ္လုပ္လိုက္တဲ့ Mi A1 ေလးက ေလာေလာဆယ္လူၾကိဳက္မ်ားေနတဲ့ဖုန္းေလးပါ။ အခုဒီ Mi A1 ေလးအေၾကာင္းကို ေဖာ္ျပေပးလုိက္ပါတယ္။

တကယ္ေတာ့ Mi A1 ဆိုတာကေတာ့ Mi 5X နဲ႔တူတူပဲကိုမွ Pure Android ျဖစ္သြားျပီး တစ္ကမာၻလံုးအတြက္ထုတ္လုပ္ထားတာပါ။ Snapdragon 625, RAM 4GB, storage 64GB, 12MP+12MP dual camera ဒါေတြအားလံုးကို သံုးသိန္းေက်ာ္ေလာက္နဲ႔ရတာက ေတာ္ေတာ္တန္တယ္လို႔ ေျပာလို႔ရပါတယ္။

ဒီဇုိင္း

5.5-inch, FHD LCD screen သံုးထားျပီး ထိပ္ဖက္မွာ ေရွ႕ကင္မရာ၊ earpiece ၊ ေအာက္ဘက္မွာေတာ့ Menu, Home, Back ဆိုျပီး ၃ခုပါပါတယ္။ A1 ရဲ႕ကိုယ္ထည္ကေတာ့ သတၱဳကုိယ္ထည္ပဲျဖစ္ျပီး ေနာက္ေက်ာဘက္မွာေတာ့ အရမ္းျမန္ျပီး စိတ္ခ်ရတဲ့ fingerprint scanner ၊ 12MP+12MP dual ကင္မရာနဲ႔ LED flash ေတြက ထိပ္ဘက္ေဘးမွာထားထားပါတယ္။

ဘယ္ဘက္မွာေတာ့ nano-SIM ေပါက္ (SIM ၂ကဒ္/ SIM ၁ကဒ္ microSD ၁ကဒ္) ပါပါတယ္။ ညာဘက္မွာေတာ့ ပါဝါခလုတ္နဲ႔ volume ခလုပ္ေတြပါပါတယ္။ ေအာက္ေျခဘက္မွာ USB Type-C ေပါက္၊ စပီကာနဲ႔ 3.5mm နားၾကပ္ေပါက္ေတြပါပါတယ္။ ထိပ္ဖက္မွာ noise-cancel speaker နဲ႔ IR blaster ပါပါတယ္။ ဒါေပမယ့္ ဆိုးတာတစ္ခုက ေရစိုမခံႏုိင္ပါဘူး။

Display

Mi A1 ရဲ႕ 1080p screen က ေတာ္သင့္သေလာက္ေတာ့ လင္းေပမယ့္ AMOLED display ေတြ LCD panel တခ်ိဳ႕နဲ႔ယွဥ္လိုက္ရင္ မိွန္ေနသလိုပါပဲ။ ဒါေပမယ့္ 1080×1920 resolution က ဒီအရြယ္အစား screen အတြက္ေတာ့ စိတ္တိုင္းက်ေလာက္စရာ ပမာဏပါပဲ။

Software

A1 မွာေတာ့ MIUI ျပႆနာေတြကိုစိတ္ပူစရာမလိုေတာ့ပါဘူး။ Android One ဖုန္းျဖစ္လို႔ Google ရဲ႕ OS ကိုပဲတင္ထားျပီး update လည္းပံုမွန္ရေနမွာပါ။ application ကေတာ့ Google application ေတြျဖစ္တဲ့ Gmail, YouTube, Google Maps, Duo, Play Music စတာေတြပါပါတယ္။ သြင္းထားတဲ့ Xiaomi app ေတြဆုိလို႔ IR blaster နဲ႔ home device ေတြကို ထိန္းခ်ဳပ္ႏုိင္ဖို႔ Mi Remote နဲ႔ Feedback app ေတြပဲရိွပါတယ္။

Performance

Qualcomm ရဲ႕Snapdragon 625 chipset ကိုသံုးထားျပီး RAM 4GB ပါ။ စြမ္းရည္ျမင့္ SD 835 ေလာက္ထိအရမ္းမျမန္ေပမယ့္ သံုးရတာၾကန္႔ၾကာတာ ေႏွးတာမ်ိဳးေတာ့မရိွပါဘူး။ 5.5 inch screen ေပၚမွာ 1080×1920 pixel ဆုိေတာ့ ပံုေတြကေတာ့ ျပတ္ျပတ္သားသားျမင္ရမွာပါပဲ။

SD 625 က အလယ္အလတ္တန္းစားဖုန္းတစ္လံုးအတြက္ေတာ့ အဆင္ေျပတဲ့ chipset ပါပဲ။ 3D ဂိမး္ေတြကိုလည္း ေအးေဆးေဆာ့လို႔ရျပီး performance ပိုင္းကေတာ့ သိပ္စိုးရိမ္စရာမရိွပါဘူး။ processing power မွာေတာ့ မက္ေဆ့ခ်္ပို႔တာေတြ၊ browser သံုးတာေတြ သီခ်င္းနားေထာင္တာဗီဒီယုိၾကည့္တာေတြက လုိတာထက္ေတာ့ ပိုတ့ဲအတြက္ စိတ္ပူစရာသိပ္မရိွပါဘူး။

ေနာက္ထပ္အားနည္းခ်က္တစ္ခုကေတာ့ NFC မပါတာပါ။ ဒါေၾကာင့္ Android Pay နဲ႔ မုိဘိုင္းေငြေပးေခ်မႈေတြေတာ့ လုပ္လို႔ရမွာမဟုတ္ေပမယ့္ ဒီမွာေတာ့ NFC ပါပါမပါပါ သိပ္အေရးမၾကီးေသးဘူးထင္ပါတယ္။

Camera

သူ႔ရဲ႕နာမည္ၾကီးဖုန္းေတြထဲမွာ dual-camera ပါတာကလည္း အားသာခ်က္တစ္ခုပါပဲ။ sensor ၂ခုလံုးက 12MP ျဖစ္ျပီး တစ္ခုက f/2.2 wide-angle lens ျဖစ္ျပီး ေနာက္တစ္ခုက f/2.6 telephoto lens ပါ။ ကင္မရာ၂ခုလံုး OIS (optical Image Stabilization) မပါေသးတာေတာ့ အားနည္းခ်က္ပါ။

30fps နဲ႔ 4K ဗီဒီယိုေတြရိုက္ကူးႏုိင္ျပီး ဒီေစ်းႏႈန္းနဲ႔ဖုန္းေတြထဲမွာေတာ့ သူကအားသာခ်က္တစ္ခုလို႔ေျပာလို႔ရပါတယ္။ HD ဗီဒီယိုေတြကေတာ့ 30fps နဲ႔ကန္႔သတ္ထားျပီး 60fps ဆိုရင္ေတာ့ပိုေကာင္းေပမယ့္ quality ပိုင္းက်ေတာ့သိပ္အဆင္မေျပလွပါဘူး။
အသံဖမး္လည္းသိပ္မေကာင္းတာကိုေတြ႔ရပါတယ္။ ေရွ႕ဘက္မွာေတာ့ 5MP ကင္္မရာကေတာ့ ဗီဒီယိုcall ဆယ္လ္ဖီရိုက္ဖို႔အတြက္ သာမန္ေလာက္ပဲလို႔ေျပာလို႔ရပါတယ္။

ဘက္ထရီသက္တမ္း

ဒီေလာက္ screen ဆုိဒ္အတြက္ 3080 mAh ဘက္ထရီဆိုတာက နည္းတယ္လို႔ေတာ့ထင္ပါတယ္။ ဒါေပမယ့္ Pure Android ျဖစ္လို႔ အားကုန္ေစတဲ့ bloatware ေတြလည္းမပါတဲ့အတြက္ တစ္ေန႔ေလာက္ကုိေတာ့ ေကာင္းေကာင္းအားခံပါတယ္။ USB Type-C ျဖစ္ေပမယ့္ အားသြင္းအျမန္စနစ္ေတာ့မပါေသးပါဘူး။

အားနည္းခ်က္

-ေရဒဏ္ ဖုန္ဒဏ္ခံႏုိင္တဲ့ IP rating မပါျခင္း
– NFC မပါဝင္ျခင္း
– ကင္မရာေတြမွာ OIS မပါျခင္း

အားသာခ်က္

– Stock Android
– Dual Cameras
– ျမန္ဆန္တဲ့ Fingerprint Scanner
– ေကာင္းမြန္တဲ့ performance

ေရြးခ်ယ္မႈကေတာ့ ကိုယ္ဘာအတြက္သံုးမလဲ ဘာကိုသေဘာက်မလဲေပၚမူတည္ျပီး ကိုယ့္စိတ္တုိင္းက်ေရြးခ်ယ္ဝယ္ယူႏုိင္ပါတယ္။

http://www.trustedreviews.com/reviews/xiaomi-mi-a1

unicode

Xiaomi Mi A1 Review
လတ်တလောမှာဘတ်ဂျတ်ဈေးနှုန်းထဲမှာ နာမည်ကြီးနေတာက Xiaomi ပါ။ အဲ့ထဲကမှ Google ရဲ့ Android One ပရိုဂရမ်နဲ့ပေါင်းစပ်ထုတ်လုပ်လိုက်တဲ့ Mi A1 လေးက လောလောဆယ်လူကြိုက်များနေတဲ့ဖုန်းလေးပါ။ အခုဒီ Mi A1 လေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

တကယ်တော့ Mi A1 ဆိုတာကတော့ Mi 5X နဲ့တူတူပဲကိုမှ Pure Android ဖြစ်သွားပြီး တစ်ကမ္ဘာလုံးအတွက်ထုတ်လုပ်ထားတာပါ။ Snapdragon 625, RAM 4GB, storage 64GB, 12MP+12MP dual camera ဒါတွေအားလုံးကို သုံးသိန်းကျော်လောက်နဲ့ရတာက တော်တော်တန်တယ်လို့ ပြောလို့ရပါတယ်။

ဒီဇိုင်း

5.5-inch, FHD LCD screen သုံးထားပြီး ထိပ်ဖက်မှာ ရှေ့ကင်မရာ၊ earpiece ၊ အောက်ဘက်မှာတော့ Menu, Home, Back ဆိုပြီး ၃ခုပါပါတယ်။ A1 ရဲ့ကိုယ်ထည်ကတော့ သတ္တုကိုယ်ထည်ပဲဖြစ်ပြီး နောက်ကျောဘက်မှာတော့ အရမ်းမြန်ပြီး စိတ်ချရတဲ့ fingerprint scanner ၊ 12MP+12MP dual ကင်မရာနဲ့ LED flash တွေက ထိပ်ဘက်ဘေးမှာထားထားပါတယ်။

ဘယ်ဘက်မှာတော့ nano-SIM ပေါက် (SIM ၂ကဒ်/ SIM ၁ကဒ် microSD ၁ကဒ်) ပါပါတယ်။ ညာဘက်မှာတော့ ပါဝါခလုတ်နဲ့ volume ခလုပ်တွေပါပါတယ်။ အောက်ခြေဘက်မှာ USB Type-C ပေါက်၊ စပီကာနဲ့ 3.5mm နားကြပ်ပေါက်တွေပါပါတယ်။ ထိပ်ဖက်မှာ noise-cancel speaker နဲ့ IR blaster ပါပါတယ်။ ဒါပေမယ့် ဆိုးတာတစ်ခုက ရေစိုမခံနိုင်ပါဘူး။

Display

Mi A1 ရဲ့ 1080p screen က တော်သင့်သလောက်တော့ လင်းပေမယ့် AMOLED display တွေ LCD panel တချို့နဲ့ယှဉ်လိုက်ရင် မှိန်နေသလိုပါပဲ။ ဒါပေမယ့် 1080×1920 resolution က ဒီအရွယ်အစား screen အတွက်တော့ စိတ်တိုင်းကျလောက်စရာ ပမာဏပါပဲ။

Software

A1 မှာတော့ MIUI ပြဿနာတွေကိုစိတ်ပူစရာမလိုတော့ပါဘူး။ Android One ဖုန်းဖြစ်လို့ Google ရဲ့ OS ကိုပဲတင်ထားပြီး update လည်းပုံမှန်ရနေမှာပါ။ application ကတော့ Google application တွေဖြစ်တဲ့ Gmail, YouTube, Google Maps, Duo, Play Music စတာတွေပါပါတယ်။ သွင်းထားတဲ့ Xiaomi app တွေဆိုလို့ IR blaster နဲ့ home device တွေကို ထိန်းချုပ်နိုင်ဖို့ Mi Remote နဲ့ Feedback app တွေပဲရှိပါတယ်။

Performance

Qualcomm ရဲ့Snapdragon 625 chipset ကိုသုံးထားပြီး RAM 4GB ပါ။ စွမ်းရည်မြင့် SD 835 လောက်ထိအရမ်းမမြန်ပေမယ့် သုံးရတာကြန့်ကြာတာ နှေးတာမျိုးတော့မရှိပါဘူး။ 5.5 inch screen ပေါ်မှာ 1080×1920 pixel ဆိုတော့ ပုံတွေကတော့ ပြတ်ပြတ်သားသားမြင်ရမှာပါပဲ။

SD 625 က အလယ်အလတ်တန်းစားဖုန်းတစ်လုံးအတွက်တော့ အဆင်ပြေတဲ့ chipset ပါပဲ။ 3D ဂိမ်းတွေကိုလည်း အေးဆေးဆော့လို့ရပြီး performance ပိုင်းကတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ processing power မှာတော့ မက်ဆေ့ချ်ပို့တာတွေ၊ browser သုံးတာတွေ သီချင်းနားထောင်တာဗီဒီယိုကြည့်တာတွေက လိုတာထက်တော့ ပိုတဲ့အတွက် စိတ်ပူစရာသိပ်မရှိပါဘူး။

နောက်ထပ်အားနည်းချက်တစ်ခုကတော့ NFC မပါတာပါ။ ဒါကြောင့် Android Pay နဲ့ မိုဘိုင်းငွေပေးချေမှုတွေတော့ လုပ်လို့ရမှာမဟုတ်ပေမယ့် ဒီမှာတော့ NFC ပါပါမပါပါ သိပ်အရေးမကြီးသေးဘူးထင်ပါတယ်။

Camera

သူ့ရဲ့နာမည်ကြီးဖုန်းတွေထဲမှာ dual-camera ပါတာကလည်း အားသာချက်တစ်ခုပါပဲ။ sensor ၂ခုလုံးက 12MP ဖြစ်ပြီး တစ်ခုက f/2.2 wide-angle lens ဖြစ်ပြီး နောက်တစ်ခုက f/2.6 telephoto lens ပါ။ ကင်မရာ၂ခုလုံး OIS (optical Image Stabilization) မပါသေးတာတော့ အားနည်းချက်ပါ။

30fps နဲ့ 4K ဗီဒီယိုတွေရိုက်ကူးနိုင်ပြီး ဒီဈေးနှုန်းနဲ့ဖုန်းတွေထဲမှာတော့ သူကအားသာချက်တစ်ခုလို့ပြောလို့ရပါတယ်။ HD ဗီဒီယိုတွေကတော့ 30fps နဲ့ကန့်သတ်ထားပြီး 60fps ဆိုရင်တော့ပိုကောင်းပေမယ့် quality ပိုင်းကျတော့သိပ်အဆင်မပြေလှပါဘူး။
အသံဖမ်းလည်းသိပ်မကောင်းတာကိုတွေ့ရပါတယ်။ ရှေ့ဘက်မှာတော့ 5MP ကင်မရာကတော့ ဗီဒီယိုcall ဆယ်လ်ဖီရိုက်ဖို့အတွက် သာမန်လောက်ပဲလို့ပြောလို့ရပါတယ်။

ဘက်ထရီသက်တမ်း

ဒီလောက် screen ဆိုဒ်အတွက် 3080 mAh ဘက်ထရီဆိုတာက နည်းတယ်လို့တော့ထင်ပါတယ်။ ဒါပေမယ့် Pure Android ဖြစ်လို့ အားကုန်စေတဲ့ bloatware တွေလည်းမပါတဲ့အတွက် တစ်နေ့လောက်ကိုတော့ ကောင်းကောင်းအားခံပါတယ်။ USB Type-C ဖြစ်ပေမယ့် အားသွင်းအမြန်စနစ်တော့မပါသေးပါဘူး။

အားနည်းချက်

-ရေဒဏ် ဖုန်ဒဏ်ခံနိုင်တဲ့ IP rating မပါခြင်း
– NFC မပါဝင်ခြင်း
– ကင်မရာတွေမှာ OIS မပါခြင်း

အားသာချက်

– Stock Android
– Dual Cameras
– မြန်ဆန်တဲ့ Fingerprint Scanner
– ကောင်းမွန်တဲ့ performance

ရွေးချယ်မှုကတော့ ကိုယ်ဘာအတွက်သုံးမလဲ ဘာကိုသဘောကျမလဲပေါ်မူတည်ပြီး ကိုယ့်စိတ်တိုင်းကျရွေးချယ်ဝယ်ယူနိုင်ပါတယ်။

http://www.trustedreviews.com/reviews/xiaomi-mi-a1

You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္
Android, HUBS, Mobiles & Tablets
0 shares0 views

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္

Ko Thuya - Feb 23, 2019

OPPO က F11 Pro ရဲ႕ Teaser မ်ားကို ၿပီးခဲ့တဲ့ တစ္ပတ္ကတည္းက စတင္ မွ်ေ၀ေနပါတယ္။ အခုေတာ့ ကုမၸဏီက မတ္လ ၅ ရက္ေန႔မွာ သူ႔ကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ ကုမၸဏီက သူ႔မွာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Android, Huawei, HUBS
131 shares14 views

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ

Ko Thuya - Feb 23, 2019

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
NEWS, Odd
1072 shares231 views

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္

Ko Thuya - Feb 23, 2019

သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…

Leave a Comment

Most from this category