392 Shares 161 Views

Android version ပါ ထြက္ရိွလာျပီျဖစ္တဲ့ Messenger Kids

Feb 15, 2018
392 161

[Zawgyi]

နည္းပညာမွာ ကေလးေတြပါလာတုိင္း အျမဲတမ္းျပႆနာတစ္ခုခုရိွလာျမဲပါပဲ။ ဒီေန႔ေခတ္လူရြယ္ေတြေတာင္ ငယ္ငယ္က မိဘေတြရဲ႕ “တီဗီနဲ႔အနီးကပ္မထိုင္နဲ႔ မ်က္စိပ်က္လိမ့္မယ္” ၊ ဗီဒီယုိဂိမ္းေတြအရမ္းမေဆာ့နဲ႔ စတဲ့စကားေတြကုိ နားေထာင္ခဲ့ရတာပါပဲ။ အရင္က နည္းပညာပိုင္းနဲ႔ပတ္သတ္ျပီးေတာ့ မိဘေတြရဲ႕ထိန္းခ်ဳပ္ႏုိင္မႈ ေတာ္သင့္သေလာက္ေတာ့ရိွခဲ့ေပမယ့္ ဒီေန႔ေခတ္မွာေရာ??

ဒီေန႔ေခတ္ ကေလးေတြအတြက္စုိးရိမ္စရာေကာင္းတာတစ္ခုက ဆုိရွယ္မီဒီယာေတြအသံုးျပဳလာၾကျခင္းပါ။ ဒီျပႆနာကို ေျဖရွင္းႏုိင္ဖို႔ ကေလးေတြအတြက္ရည္ရြယ္ဖန္တီးထားတဲ့ Facebook ရဲ႕ app သစ္တစ္ခုျဖစ္တဲ့ Messenger Kids ေလး ထြက္လာခဲ့ပါတယ္။ Messenger app ကိုမွ ေတာ္ေတာ္ေလးေျပာင္းထားတဲ့ app ဗားရွင္းတစ္ခုျဖစ္ျပီးေတာ့ မိဘေတြအေနနဲ႔ သူတို႔ရဲ႕ကေလးေတြ မိုဘုိင္းလ္ဖုန္းနဲ႔ ဘယ္သူနဲ႔ဆက္သြယ္ေနတာကစျပီး အျပည့္အဝထိန္းခ်ဳပ္ခြင့္ရိွမွာျဖစ္ပါတယ္။

ဒီ Messenger Kids ေလး iOS အတြက္ ဒီဇင္ဘာလမွာထြက္ရိွခဲ့ခ်ိန္တုန္းက ဒီ app ကို app store ေတြကေန ဖယ္ဖု႔ိ မက္ဇူကာဘက္ကို ဖိအားေပးခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ Apple App Store မွာလည္း ခုခ်ိန္ထိရိွေနဆဲျဖစ္ျပီး Amazon Appstore မွာလည္းမၾကာခင္ပဲေရာက္လာခဲ့ပါတယ္။ အခုလည္း Google Play Store ေပၚေရာက္လာခဲ့ျပန္ပါျပီ။

ဒီ app မွာေတာ့ ကေလးေတြအေနနဲ႔ သူတို႔ရဲ႕ကိုယ္ပိုင္ “Child” အေကာင္းကိုဖန္တီးလို႔ရျပီး မိဘရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္နဲ႔တုိက္ရုိက္ခ်ိတ္ထားပါတယ္။ ကေလးက တစ္ေယာက္ေယာက္နဲ႔ စာပို႔ (chat) မယ္ဆိုရင္ ဒါမွမဟုတ္ တစ္ေယာက္ေယာက္က ကေလးကိုစကားလာေျပာမယ္ဆိုရင္ conversation မစခင္မွာ မိဘကိုအရင္အေၾကာင္းၾကားမွာပါ။ လာေျပာတဲ့သူကစိတ္ခ်ရတယ္ထင္ရင္ ယံုၾကည္ရတယ္လို႔ မိဘကထင္ရင္ ဆက္သြယ္ခြင့္ေပးႏုိင္ပါတယ္။

Messenger Kids ရဲ႕ ျပႆနာက မိုဘိုင္းလ္ဖုန္းေတြမွာကေလးေတြရင္းႏီွးေနတဲ့ Messenger app နဲ႔မတူတဲ့အတြက္ သံုးရတာအသားမက်ျဖစ္ႏုိင္ပါတယ္။ Kik တို႔လို chat app ေတြဆိုရင္ စည္းမ်ဥ္းလည္းသိပ္မၾကပ္တဲ့အတြက္ နာမည္ၾကီးကာတြန္းဇာတ္ေကာင္တစ္ခုခုပံုထည့္ျပီးတာနဲ႔ စျပီးစကားေျပာလို႔ရပါျပီ။ ဒါေပမယ့္ Messenger Kids မွာေတာ့ဒါမ်ိဳးမဟုတ္ဘဲ အျပည့္အဝထိန္းခ်ဳပ္ႏုိင္တဲ့အတြက္ ကေလးေတြသံုးသင့္တဲ့ app ေလးပါ။

Image result for messenger kids]

ဆိုရွယ္မီဒီယာနည္းပညာပိုင္းမွာကေလးေတြေရာက္လာတာ ေကာင္းတယ္လို႔ေတာ့ေျပာလို႔မရပါဘူး။ ကေလးတစ္ေယာက္အေနနဲ႔ ဖုန္းေတာင္သံုးခြင့္ရမယ္ဆိုရင္ မိဘေတြအသိေတြကိုဆက္သြယ္ဖို႔ ရိုးရိုးမက္ေဆ့ခ်္ app ကိုပဲသံုးလို႔ရႏုိင္ပါတယ္။ အဓိကက ကေလးေတြနဲ႔ထိေတြ႔ေနတဲ့နည္းပညာရဲ႕အမွားမဟုတ္ဘဲနဲ႔ နည္းပညာနဲ႔ကေလးပတ္သတ္မႈအေပၚ မိဘရဲ႕ထိန္းခ်ဳပ္ႏိုင္မႈရွိမရိွက ျပႆနာပါ။ အခုဒီ app ေလးကို မိဘေတာ္ေတာ္မ်ားမ်ားကလည္းသေဘာက်ျပီးေတာ့ Apple App Store နဲ႔ Amazon Appstore တို႔မွာ 3.5 star rating ေတာင္ရထားပါတယ္။ မေကာင္းတဲ့ review ဆိုလုိ႔ Android ဗားရွင္းမရေသးလို႔ complain တက္တဲ့သူေတြပဲရိွပါေသးတယ္။

ဒီ Messenger Kids app ေလးကို ေဒါင္းလုပ္ခ်ခ်င္ရင္ေတာ့ ေအာက္ကလင့္ခ္ေလးမွာ ရယူႏုိင္ပါတယ္။

Messenger Kids ကိုေဒါင္းလုပ္ဆြဲရန္

[Unicode]

နည်းပညာမှာ ကလေးတွေပါလာတိုင်း အမြဲတမ်းပြဿနာတစ်ခုခုရှိလာမြဲပါပဲ။ ဒီနေ့ခေတ်လူရွယ်တွေတောင် ငယ်ငယ်က မိဘတွေရဲ့ “တီဗီနဲ့အနီးကပ်မထိုင်နဲ့ မျက်စိပျက်လိမ့်မယ်” ၊ ဗီဒီယိုဂိမ်းတွေအရမ်းမဆော့နဲ့ စတဲ့စကားတွေကို နားထောင်ခဲ့ရတာပါပဲ။ အရင်က နည်းပညာပိုင်းနဲ့ပတ်သတ်ပြီးတော့ မိဘတွေရဲ့ထိန်းချုပ်နိုင်မှု တော်သင့်သလောက်တော့ရှိခဲ့ပေမယ့် ဒီနေ့ခေတ်မှာရော??

ဒီနေ့ခေတ် ကလေးတွေအတွက်စိုးရိမ်စရာကောင်းတာတစ်ခုက ဆိုရှယ်မီဒီယာတွေအသုံးပြုလာကြခြင်းပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ကလေးတွေအတွက်ရည်ရွယ်ဖန်တီးထားတဲ့ Facebook ရဲ့ app သစ်တစ်ခုဖြစ်တဲ့ Messenger Kids လေး ထွက်လာခဲ့ပါတယ်။ Messenger app ကိုမှ တော်တော်လေးပြောင်းထားတဲ့ app ဗားရှင်းတစ်ခုဖြစ်ပြီးတော့ မိဘတွေအနေနဲ့ သူတို့ရဲ့ကလေးတွေ မိုဘိုင်းလ်ဖုန်းနဲ့ ဘယ်သူနဲ့ဆက်သွယ်နေတာကစပြီး အပြည့်အဝထိန်းချုပ်ခွင့်ရှိမှာဖြစ်ပါတယ်။

ဒီ Messenger Kids လေး iOS အတွက် ဒီဇင်ဘာလမှာထွက်ရှိခဲ့ချိန်တုန်းက ဒီ app ကို app store တွေကနေ ဖယ်ဖု့ိ မက်ဇူကာဘက်ကို ဖိအားပေးခဲ့ကြပါသေးတယ်။ ဒါပေမယ့် Apple App Store မှာလည်း ခုချိန်ထိရှိနေဆဲဖြစ်ပြီး Amazon Appstore မှာလည်းမကြာခင်ပဲရောက်လာခဲ့ပါတယ်။ အခုလည်း Google Play Store ပေါ်ရောက်လာခဲ့ပြန်ပါပြီ။

ဒီ app မှာတော့ ကလေးတွေအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် “Child” အကောင်းကိုဖန်တီးလို့ရပြီး မိဘရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နဲ့တိုက်ရိုက်ချိတ်ထားပါတယ်။ ကလေးက တစ်ယောက်ယောက်နဲ့ စာပို့ (chat) မယ်ဆိုရင် ဒါမှမဟုတ် တစ်ယောက်ယောက်က ကလေးကိုစကားလာပြောမယ်ဆိုရင် conversation မစခင်မှာ မိဘကိုအရင်အကြောင်းကြားမှာပါ။ လာပြောတဲ့သူကစိတ်ချရတယ်ထင်ရင် ယုံကြည်ရတယ်လို့ မိဘကထင်ရင် ဆက်သွယ်ခွင့်ပေးနိုင်ပါတယ်။

Messenger Kids ရဲ့ ပြဿနာက မိုဘိုင်းလ်ဖုန်းတွေမှာကလေးတွေရင်းနှီးနေတဲ့ Messenger app နဲ့မတူတဲ့အတွက် သုံးရတာအသားမကျဖြစ်နိုင်ပါတယ်။ Kik တို့လို chat app တွေဆိုရင် စည်းမျဉ်းလည်းသိပ်မကြပ်တဲ့အတွက် နာမည်ကြီးကာတွန်းဇာတ်ကောင်တစ်ခုခုပုံထည့်ပြီးတာနဲ့ စပြီးစကားပြောလို့ရပါပြီ။ ဒါပေမယ့် Messenger Kids မှာတော့ဒါမျိုးမဟုတ်ဘဲ အပြည့်အဝထိန်းချုပ်နိုင်တဲ့အတွက် ကလေးတွေသုံးသင့်တဲ့ app လေးပါ။

Image result for messenger kids]

ဆိုရှယ်မီဒီယာနည်းပညာပိုင်းမှာကလေးတွေရောက်လာတာ ကောင်းတယ်လို့တော့ပြောလို့မရပါဘူး။ ကလေးတစ်ယောက်အနေနဲ့ ဖုန်းတောင်သုံးခွင့်ရမယ်ဆိုရင် မိဘတွေအသိတွေကိုဆက်သွယ်ဖို့ ရိုးရိုးမက်ဆေ့ချ် app ကိုပဲသုံးလို့ရနိုင်ပါတယ်။ အဓိကက ကလေးတွေနဲ့ထိတွေ့နေတဲ့နည်းပညာရဲ့အမှားမဟုတ်ဘဲနဲ့ နည်းပညာနဲ့ကလေးပတ်သတ်မှုအပေါ် မိဘရဲ့ထိန်းချုပ်နိုင်မှုရှိမရှိက ပြဿနာပါ။ အခုဒီ app လေးကို မိဘတော်တော်များများကလည်းသဘောကျပြီးတော့ Apple App Store နဲ့ Amazon Appstore တို့မှာ 3.5 star rating တောင်ရထားပါတယ်။ မကောင်းတဲ့ review ဆိုလို့ Android ဗားရှင်းမရသေးလို့ complain တက်တဲ့သူတွေပဲရှိပါသေးတယ်။

ဒီ Messenger Kids app လေးကို ဒေါင်းလုပ်ချချင်ရင်တော့ အောက်ကလင့်ခ်လေးမှာ ရယူနိုင်ပါတယ်။

Messenger Kids ကိုဒေါင်းလုပ်ဆွဲရန်

You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္
Android, HUBS, Mobiles & Tablets
0 shares0 views

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္

Ko Thuya - Feb 23, 2019

OPPO က F11 Pro ရဲ႕ Teaser မ်ားကို ၿပီးခဲ့တဲ့ တစ္ပတ္ကတည္းက စတင္ မွ်ေ၀ေနပါတယ္။ အခုေတာ့ ကုမၸဏီက မတ္လ ၅ ရက္ေန႔မွာ သူ႔ကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ ကုမၸဏီက သူ႔မွာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Android, Huawei, HUBS
131 shares14 views

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ

Ko Thuya - Feb 23, 2019

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
NEWS, Odd
1072 shares231 views

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္

Ko Thuya - Feb 23, 2019

သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…

Leave a Comment

Most from this category