483 Shares 183 Views
MWC ပွဲမှာမိတ်ဆက်လာနိုင်တဲ့ 18:9 screen Nokia 7 Plus (Android One) နဲ့ Nokia 1(Android Go)
Feb 15, 2018
483 183
[Zawgyi]
[Unicode]
ပြီးခဲ့တဲ့ ၂၀၁၇ ရဲ့နောက်ဆုံး ၃လမှာ Nokia brand စမတ်ဖုန်းပေါင်း ၄သန်းရောင်းချနိုင်ခဲ့တဲ့ HMD Global ကတော့ လာမယ့် ၂၀၁၈ မှာလည်း ဖုန်းမော်ဒယ်လ်အသစ်တွေကို မိတ်ဆက်ဖို့ရှိနေပါတယ်။
ဒီနှစ်ထဲမှာပဲ Nokia 7 Plus နဲ့ Nokia 1 ဖုန်းတွေထွက်မယ်လို့ အရင်ကတည်းကသတင်းထွက်ခဲ့ပေမယ့် HMD Global ဆီကနေတော့ ဘာသတင်းမှမကြားရသေးပါဘူး။ Evan Blass ဆီကထွက်လာတဲ့ပုံတွေကြောင့် လာမယ့်ဖုန်းတွေရဲ့ပုံတွေကို မြင်ခွင့်ရခဲ့ပါပြီ။
Nokia 7 Plus (Nokia 7+) ကတော့ တော်တော်လေးစိတ်ဝင်စားစရာကောင်းလာပါပြီ။ Nokia ထဲမှာတော့ screen ထောင့်ဝိုင်းဝိုင်းတွေနဲ့ထွက်လာတဲ့ ပထမဆုံးစမတ်ဖုန်းလို့ထင်ရပါတယ်။ ပြီးခဲ့တဲ့သတင်းတွေအတိုင်းကတော့ 6-inch 18:9 aspect ratio (FHD+) display ဖြစ်ပြီး Snapdragon 660 processor, RAM 4GB, internal memory 64GB နဲ့ 3.5mm နားကြပ်ပေါက်လညး် ပါနေပါသေးတယ်။ ကင်မရာတွေကတော့ 12MP+13MP နောက်ကင်မရာ၊ 16MP ရှေ့ကင်မရာနဲ့ ဘက်ထရီ 300mAh, Quick Charge နည်းပညာ၊ USB Type-C ပေါက်တွေဖြစ်မယ်လို့ သိထားပါတယ်။
ကျောဘက်မှာတော့ Zeiss-brand ရဲ့ dual-camera, fingerprint scanner, Android One logo လေးတွေပါပါတယ်။ ဒါဆိုရင်တော့ stock Android သုံးထားမယ့်ပုံဖြစ်ပြီး ၂နှစ်လောက်ထိ update ပုံမှန်ရနေမှာပါ။
Nokia 1 ကတော့ low-end စမတ်ဖုန်းဖြစ်ပြီး ဒီဇိုင်းကလည်း အဲ့လိုပုံပေါက်ပါတယ်။ 720×1280 pixel screen, RAM 1GB, internal memory 8GB ပါ။ RAM 1GB ထဲရှိလို့ RAM နည်းတဲ့ Entry-level ဖုန်းတွေအတွက် Google က ရည်ရွယ်ထုတ်လုပ်ထားတဲ့ Android Go Edition ကိုသုံးရင်လည်း သုံးထားနိုင်ပါတယ်။
Nokia 7 Plus ရော Nokia 1 ရောကို MWC 2018 မှာ တရားဝင်မိတ်ဆက်သွားနိုင်ချေရှိပြီး သူတို့နဲ့အတူ high-end ဖုန်းဖြစ်တဲ့ Nokia 9 ကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။
You may be interested
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Ko Thuya - Nov 16, 2018
ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Ko Thuya - Nov 16, 2018
Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Ko Thuya - Nov 16, 2018
ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…
Leave a Comment
Most from this category