163 Shares 486 Views
FrameRate (FPS) ဆိုတာဘာလဲ?
Feb 15, 2018
163 486
[Zawgyi]
Animation (12 FPS)
Film (24 FPS, 48 FPS)
Gaming (30+ FPS, 60+)
Virtual Reality (90+ FPS)
[Unicode]
Framerate ဆိုတာကတော့ မီဒီယာ specification ပိုင်းမှာ တော်တော်များများနားလည်မှုလွဲကြတဲ့ အသုံးလေးပါ။ ဒါလေးအကြောင်းကို DigitalTimes ရဲ့ Features ကဏ္႑လေးကနေ ဖော်ပြပေးလိုက်ပါတယ်။
Framerate ဆိုတာကတော့ FPS (Frames Per Second) လို့လည်း သိကြပြီးတော့ တစ်စက္ကန့်မှာ ဗီဒီယို၊ရုပ်ရှင်၊ဂိမ်းတွေကို screen ပေါ်မှာဖော်ပြတဲ့ frames အရေအတွက်ပါ။ Frame များလေလေ animation ပိုချောမွေ့လေလေပါ။ framerate ပေါင်း အမျိုးမျိုးရှိနေပြီး သူတို့ထဲကအနည်းစုကတော့ gaming standard မီတဲ့ framerates တွေနဲ့ယှဉ်လိုက်ရင် framerate နည်းတာကို တွေ့ရပါတယ်။ ဒါဆို framerate standard တွေကြား ဘာတွေကွာဟချက်တွေရှိသလဲဆိုတာ ကြည့်လိုက်ရအောင်…
Animation (12 FPS)
Animation ကတော့ frame အရေအတွက်အနည်းဆုံးပါပဲ။ သူ့မှာပါတဲ့ frames တွေကိုတော့ “keyframe” လို့ခေါ်ပြီး frame နည်းပေမယ့်လည်း animation ကို သွက်သွက်အလုပ်လုပ်နိုင်ဖို့လိုပါတယ်။ fps များလေ ပိုချောမွေ့လေ (သွက်လေ) လို့ပြောခဲ့တဲ့အတိုင်း 12FPS ထားထားတဲ့ animation ထက် 24fps animation က ပိုသွက်နေမှာပါ။
Film (24 FPS, 48 FPS)
ရုပ်ရှင်တွေအတွက်ကတော့ 24 FPS က ပရိုဂျက်တာရုပ်ရှင်တွေအတွက် စံထားထားတဲ့ပမာဏပါပဲ။ ဂိမ်းတွေဆိုရင်တော့ 24FPS လောက်နဲ့တော့ ဆော့လို့အဆင်မပြေပါဘူး။ ခုနောက်ပိုင်းဆို ဂိမ်းတွေအတွက်ပဲလာတဲ့ framerate တွေကို ရုပ်ရှင်တွေမှာပါ သုံးလာနိုင်အောင်နည်းပေါင်းများစွာနဲ့ ကြိုးစားနေကြပါတယ်။ framerate နည်းတာများတာက ရုပ်ရှင်တွေမှာ (motion-blur) ဘယ်လိုကွာသွားလဲဆိုတာကို အောက်ကဗီဒီယိုကိုကြည့်ရင်သိနိုင်ပါတယ်။
သိပ်မကြာသေးခင်က ရုပ်ရှင်ဖန်တီးသူတွေဖြစ်ကြတဲ့ ပီတာဂျက်ဆန်နဲ့ Ang Lee တို့က ရုပ်ရှင်ရုံတွေရဲ့စံနှုန်းသတ်မှတ်ချက်ကို 48fps ထားဖို့လုပ်ဆောင်ခဲ့ကြပါတယ်။
Television(24 FPS, 60 FPS)
TV တွေလည်း ရုပ်ရှင်တွေရဲ့ framerate တွေလိုပါပဲ တချို့အရာတွေကို 60 FPS လောက်နဲ့ရိုက်ကူးလာတာကို တွေ့ရပါတယ်။ လူတွေကတော့ framerate နည်းတဲ့ ဗီဒီယိုတွေနဲ့အသားကျလာခဲ့ကြတော့ 60 FPS လောက်ထားလိုက်တာကိုက အရမ်းကို smooth ဖြစ်သွားသလို သဘာဝလွန်သွားသလိုလို ခံစားမိစေမှာပါ။
Gaming (30+ FPS, 60+)
လက်ရှိအပြောများဆုံး အရေးပါဆုံးက ဂိမ်းတွေရဲ့ framerate ပါ။ ဂိမ်းတွေရဲ့အရင်ခေတ်တုန်းက 60 FPS ဆိုတာက စံနှုန်းပါ။ ဂိမ်း console တွေခေတ်တုန်းကတော့ PS3 တို့ 360 တို့မှာဆို ဂရပ်ဖစ်စွမး်ရည်ကိုများများမြှင့်ချင်ပေမယ့်လည်း frame စံနှုန်းကိုက 30fps ပဲရှိနေတဲ့အတွက် developer တွေအတွက် အခက်တွေ့ရပါတယ်။
ဂိမ်းမှာအရေးပါဆုံးက reaction မြန်ဖို့နဲ့ အသွားအလာလှုပ်ရှားမှုတွေ ချောမွေ့နေဖို့က အဓိကပါပဲ။ framerate နည်းတာက ဂိမး်ဆော့နိုင်စွမ်းကိုလည်း ကျစေသလို အထူးသဖြင့် အမြန်ပြေးရတာတွေ အက်ရှင်ဂိမ်းတွေအတွက်ဆို ဆော့ရတော်တော်အဆင်မပြေတာပါ။
Framerate များတာက ဂိမ်းမှာဘယ်လောက်တောင်အရေးပါလဲဆိုတာ အောက်ကဗီဒီယိုကို ကြည့်ရင် ကွင်းကွင်းကွက်ကွက်ကိုသိပါလိမ့်မယ်။ framerate များများနဲ့ဆိုရင် အရမ်း smooth ဖြစ်ပြီးနည်းရင်တော့ ထစ်နေသလိုမျိုး ယှဉ်ကြည့်လိုက်ရင်မြင်မှာပါ။
Virtual Reality (90+ FPS)
VR ရဲ့ စံ framerate နှုန်းက 90 ပါ။ ဒီထက်နည်းရင်တော့ motion ပိုင်းမှာ ကြည့်ရတာဒုက္ခရောက်မယ့်အပြင် လက်ရှိ VR နည်းပညာကိုလည်း ကောင်းကောငး်ဒုက္ခပေးမှာပါ။ ဒါပေမယ့် အခု VR တွေ ဂိမ်းကုမ္ပဏီတွေကတော့ ပိုမြင့်တဲ့ frames တွေနဲ့သာ ဦးတည်သွားနေတာဖြစ်ပြီး လက်ရှိအချိန်မှာဆို အများဆုံး HFR (high framerate) စံနှုန်းက 144HZ ဖြစ်ပါတယ်။ ဒါတွေအားလုံးကတော့ လတ်တလောနယ်ပယ်မှာ လွှမ်းမိုးထားတဲ့ framerate ပမာဏတွေအကြောင်းပါ။ လာမယ့်အနာဂတ်မှာတော့ ဘယ်လိုတွေတိုးတက်လာဦးမလဲဆိုတာ စောင့်မျှော်ကြည့်ရမှာပါပဲ။
You may be interested
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Ko Thuya - Aug 21, 2018
Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
851 shares92 views
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Creepy Tyler - Aug 21, 2018
[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
Ko Thuya - Aug 21, 2018
Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…
Leave a Comment
Most from this category