လုံခြုံရေးကင်မရာလိုပါလုပ်ဆောင်ပေးမယ့် LightCam စမတ်မီးသီး

ခုခေတ်ဆို ကုမ္ပဏီတွေက စိတ်ဝင်စားစရာကောင်းတဲ့အိုင်ဒီယာတွေနဲ့ ဆန်းသစ်တဲ့ပစ္စည်းတွေကို အပြိုင်အဆိုင်ထုတ်လာကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် LightCam ဆိုတာလေးကတော့ ခုချိန်ထိထွက်ခဲ့သမျှထဲမှာ မမြင်ဘူးသေးတဲ့ပစ္စည်းလေးပါ။ မီးသီးကိုမှ လုံခြုံရေးကင်မရာလိုပါလုပ်ဆောင်ပေးနိုင်မယ့် စမတ်မီးသီးလေးတစ်လုံးပါ။

သူ့တည်ဆောက်ပုံလေးကတော့ ရိုးရှင်းပါတယ်။ မီးလင်းတယ်ဆိုတာမှာလည်း မီးသီးကို app တစ်ခုနဲ့ထိန်းချုပ်နိုင်ပြီး အချိန် schedule ချပြီး မီးအဖွင့်အပိတ်လုပ်လို့ရပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးတစ်ပိုင်းကတော့ ဒီစမတ်မီးသီးရဲ့ ကင်မရာပါ။ မီးသီးက ဘယ်မီးအိမ်နဲ့မဆို အဆင်ပြေလောက်တဲ့ဆိုဒ်မျိုးဖြစ်ပြီး ပိုရှည်ချင်ရင်အောက်ပိုင်းကိုဆွဲထုတ်လိုက်လို့ရပါတယ်။ ကင်မရာက လှည့်လို့လည်းရသလို အပြင်ကိုဆွဲထုတ်လို့လည်းရပါတယ်။

1080p ရှိတဲ့ဗီဒီယိုတွေ၊ ညအမှောင်ပိုင်းရိုက်ကူးနိုင်ဖို့နဲ့ motion လှုပ်ရှားမှုတွေ့ရင် အချက်ပြတာတွေ၊ ရာသီဥတုဒဏ်ခံနိုင်တာတွေ စတဲ့ feature တွေရှိပါတယ်။ ကင်မရာကရိုက်တာတွေကို မီးသီးမှာတပ်ဆင်ထားတဲ့ storage မှာသွားသိမ်းပြီးတော့မှ cloud မှာသွားသိမ်းပါတယ်။ ဒိတ်အောက်နေတဲ့နည်းလမ်းကိုသုံးချင်ရင်တော့ ရိုက်ကူးထားတဲ့ဗီဒီယိုမှတ်တမ်းတွေကို ကွန်ပျူတာ၊ ဖုန်း၊ တက်ဘလက်တွေမှာ backup သွားလုပ်လို့ရပါတယ်။

ပုံမှန်လုံခြုံရေးကင်မရာတွေထက် အားသာချက်တစ်ခုက LightCam က လုံခြုံရေးကင်မရာလို့မထင်ရတာပါ။ ဘယ်သူမှသတိမထားမိနိုင်လောက်တဲ့အတွက် ကိုယ့်မိသားစုလုံခြုံရေးကိုစိတ်ချရစေမယ့် စမတ်မီးသီးမျိုးပါ။

စိတ်ဝင်စားရင်တော့ သူ့ရဲ့ လက်လီဈေးနှုန်းက $179 ဖြစ်လို့ ကင်မရာနဲ့မီးသီးဖိုး ပေါင်းထားတဲ့ဈေးနှုန်းလောက်ပါပဲ။ ဒီ LightCam စမတ်မီးသီးတွေကိုတော့ သြဂုတ်လမှာ စတင်တင်ပို့ရောင်းချသွားမှာဖြစ်ပါတယ်။

%d bloggers like this: