2231 Shares 16332 Views
Apple က ယခုနှစ်မှာ ၆.၁ လက်မ LCD iPhone ပေါင်း သန်း ၁၀၀ ကို ရောင်းချရမည်
Feb 15, 2018
2231 16332
[Zawgyi]
Ref: gsmarena
[Unicode]
KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ယခုနှစ်မှာ iPhone သုံးလုံး ရောင်းချမယ်လို့ ခန့်မှန်းထားပါတယ်။ ၅.၈ လက်မနဲ့ ၆.၅ လက်မ OLED Phone နှစ်လုံးနဲ့ ၆.၁ လက်မ LCD Phone တစ်လုံးတို့ ဖြစ်ပါတယ်။ အခုလည်း Ming-Chi Kuo က ဒီနှစ်ထဲမှာ ၆.၁ လက်မ LED iPhone အလုံးရေ သန်း ၁၀၀ အထိ ရောင်းချရနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ သူ့ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ရ၀၀ ကနေ ၈၀၀ အကြားမှာ ရှိနိုင်ပါတယ်။
ဒီစျေးနှုန်းအတိုင်း ရောင်းချမယ်ဆိုရင် သူဟာ ဒီနှစ်ထုတ် iPhone များထဲမှာ စျေးအသက်သာဆုံး မော်ဒယ် ဖြစ်လာမှာပါ။ ၅.၈ လက်မ OLED iPhone ဟာ iPhone X နဲ့ အရွယ်အစား၊ အလေးချိန်များ တူညီမှာ ဖြစ်ပါတယ်။
Edge-to-edge ဆိုတဲ့ ထောင့်ပျောက် မျက်နှာပြင်ပြည့် ဒီဇိုင်းနဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်ဖို့ ရှိနေပါတယ်။ ဒီတော့ လူကြိုက်များနေတဲ့ X မော်ဒယ်ရဲ့ နည်းပညာမျိုးလည်း သုံးနိုင်မယ်၊ စျေးနှုန်းလည်း ချိုသာမယ် ဆိုရင် Apple အတွက် စျေးကွက် အခိုင်အမာ ရလာမှာ ဖြစ်လို့ အခုလို X နဲ့ နည်းပညာ ဆင်တူတဲ့ တန်ဖိုးနည်း မော်ဒယ်ကို ဖန်တီးနေတာ ဖြစ်နိုင်ပါတယ်။ မော်ဒယ်သစ်ကို အခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာနိုင်တယ်လို့ KGI Securities ရဲ့ လေ့လာသူ Ming-Chi Kuoက ပြောပါတယ်။
အဓိက အနေနဲ့ တန်ဖိုးနည်း ဖုန်းမော်ဒယ်သစ်မှာ Xမော်ဒယ်ရဲ့ နည်းပညာ တစ်ခု ဖြစ်တဲ့ မျက်နှာမှတ်သားစနစ် ပါလာမယ်။ ပြီးတော့ Home ခလုတ်ကိုလည်း ဖယ်ထုတ် ဖန်တီးထားနိုင်တယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။
ဒါပေမယ့် KGI ရဲ့ ခန့်မှန်းချက် အတွင်း တန်ဖိုးသင့်ဖုန်း မော်ဒယ် ဖြစ်လို့ နည်းပညာပိုင်း အရည်အသွေး လျော့ချထားမှုတော့ ရှိနိုင်ကြောင်းလည်း ထည့်ပြောလာပါတယ်။ ကင်မရာပိုင်းမှာ ဆိုရင် နောက်ဖက် ပင်မ ကင်မရာ အနေနဲ့ Single-lens ကိုပဲ သုံးထားနိုင်ပါတယ်။ X မော်ဒယ်မှာ OLED စနစ် သုံးထားပေမယ့် မော်ဒယ်သစ်မှာ LCD နဲ့ လာနိုင်ပါတယ်။ ကိုယ်ထည်သားကို အလူမီနမ်နဲ့ ဖန်တီးထားနိုင်တယ်၊ ဒါဟာ X မော်ဒယ်မှာ Stainless Steel သုံးထားတာထက် အရည်အသွေး လျော့ချခြင်းတွေ ဖြစ်မယ်လို့ ဆိုပါတယ်။
Ref: gsmarena
You may be interested
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Ko Thuya - Aug 21, 2018
Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
976 shares116 views
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Creepy Tyler - Aug 21, 2018
[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
Ko Thuya - Aug 21, 2018
Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…
Leave a Comment
Most from this category