344 Shares 792 Views

AnTuTu ကို ရောက်လာတဲ့ Samsung Galaxy S9+ ရဲ့ သတင်းအချက်အလက်များ

Feb 15, 2018
344 792

Snapdragon 845 Chipset ထည့်သွင်းထားတဲ့ Samsung Galaxy S9+ (SM-G9650) ရဲ့ သတင်းအချက်အလက်များ AnTuTu ၀က်ဆိုက်ကနေ ထွက်ပေါ်လာပါတယ်။ အံ့သြစရာကောင်းတာက အဲဒီ ဗားရှင်းမှာ 6GB RAM ထည့်သွင်းထားပြီး အရင်က Geekbench မှာ ထွက်ပေါ်လာတဲ့ Exynos 9810 Version မှာတော့ 4GB RAM သာ ပါရှိတာကို တွေ့ရပါတယ်။

အခြား Specifications များကတော့ အရင် ထွက်ပေါ်ခဲ့တဲ့ သတင်းများနဲ့ တူညီပါတယ်။ Samsung Galaxy S9+ မှာ 18:9 Screen တပ်ဆင်ထားပြီး Resolution မှာ 1080x2220p ဖြစ်ပါတယ်။ QHD+ Screen ဖြစ်ပါတယ်။ Android 8.0 Oreo အခြေပြု Software ထည့်သွင်းထားပါတယ်။ 64GB Internal Storage ထည့်သွင်းထားပါတယ်။

Benchmark ရမှတ်များကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ သူဟာ ၂၀၁၇ ခုနှစ်ထုတ် Chips များထက် ရမှတ်များ ပိုမို ကောင်းမွန်ပါတယ်။ Galaxy S9+ မှာ ကျောဘက်ကင်မရာ၂လုံးလုံးက အလင်းဝင်ပေါက်တွေမတူကြပါဘူး။ f/1.5 နဲ့ f/2.4 သုံးထားပြီး တစ်ချိန်တည်းမှာပဲ ကင်မရာ၂လုံးလုံးကိုသုံးလို့ရမှာဖြစ်ပါတယ်။ မြင်ကွင်းကျယ်ပုံတွေနဲ့ Zoom ပုံတွေတင်ရိုက်လို့ရတော့တာမဟုတ်ပါဘူး။ ခုချိန်ထိစမတ်ဖုန်းတွေမှာမရနိုင်သေးတဲ့ Distance, Depth Algorithm တွေကိုသုံးထားတဲ့အတွက် အရည်အသွေးကောင်းမွန်တဲ့ပုံတွေပေးစွမ်းနိုင်မှာတော့ ကျိန်းသေပါတယ်။

ရှေ့ကင်မရာမှာတော့ ဖုန်၂လုံးလုံးမှာ 8-Megapixel Selfie ကင်မရာတွေကိုသုံးထားပြီး Autofocus နဲ့ မျက်ဝန်းဖတ် Iris Recognition စနစ်တွေပါဝင်မှာဖြစ်ပါတယ်။ စမတ်ဖုန်း ၂လုံးလုံးရဲ့ ကင်မရာတွေကတော့ Slow-Motion ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ကင်မရာတွေအပြင် ဖုန်းရဲ့ Display တွေက Galaxy S9 မှာ 5.77 Inch Display ဖြစ်ပြီး S9+ မှာတော့ သူ့ထက်ပိုကြီးတဲ့ 6.22 Inch Screen ကိုသုံးထားမှာဖြစ်ပါတယ်။ ဘက်ထရီကတော့ S9 မှာ 3,000mAh ဘက်ထရီနဲ့ S9+ မှာတော့ 3500mAh ဘက်ထရီတွေကိုသုံးထားမယ်လို့ သိရပါတယ်။

Ref : gsmarena

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category