4759 Shares 15359 Views

၁၄ရက္ေန႔မွာမိတ္ဆက္လိုက္တဲ့ Xiaomi Redmi Note 5 နဲ႔ Redmi Note 5 Pro

Feb 14, 2018
4759 15359

[Zawgyi]

မႏွစ္ကေတာ့ Xiaomi ကေန Redmi Note 4 နဲ႔ အိႏိၵယႏုိင္ငံတြင္းမွာ ေရာင္းအားစံခ်ိန္ခ်ိဳးႏုိင္ခဲ့ပါတယ္။ ဒီေန႔ အိႏိၵယႏုိင္ငံမွာ မိတ္ဆက္သြားတဲ့ Redmi Note 5 နဲ႔ Redmi Note 5 Pro တုိ႔အေၾကာင္းကို ေဖာ္ျပေပးလုိက္ပါတယ္။

Redmi Note 5

အခု ၂၀၁၈ Redmi Note 5 ရဲ႕ ဒီဇုိင္းက မႏွစ္က Redmi Note 4 နဲ႔သိပ္မကြာဘဲ Snapdragon 625 သံုးတာခ်င္းလည္း တူပါတယ္။ ဒါေပမယ့္ ဒီႏွစ္ Redmi Note 5 မွာေတာ့ 18:9 display ျဖစ္သြားျပီးေတာ့ ေက်ာဘက္ကင္မရာ sensor ကလည္း အသစ္ျဖစ္သြားပါတယ္။ အေကာင္းဆံုးကေတာ့ ေစ်းႏႈန္းပါပဲ။ ရူပီးေငြ ၉၉၉၉ ဆိုတာက $155.58 ေလာက္ပဲရိွျပီး မႏွစ္က Redmi Note 4 ထြက္တုန္းကေစ်းထက္ေတာင္ ပိုနည္းပါတယ္။

အိႏိၵယႏုိင္ငံမွာေတာ့ Redmi Note 5 လို႔နာမည္ေပးထားေပမယ့္ တရုတ္ႏုိင္ငံမွာဒီဇင္ဘာလတုန္းက မိတ္ဆက္ခဲ့တဲ့ Remi 5 Plus နဲ႔တူတူပါပဲ။ Redmi Note 5 ရဲ႕ စြဲေဆာင္မႈအရိွဆံုးကေတာ့ 5.99-inch 18:9 ratio, resolution 2160×1080 ရိွတဲ့ FHD+ display ပါ။ display ရွည္ရွည္ ေဘးေဘာင္ေလးဘက္လံုးပါးပါးနဲ႔ navigation button ေတြက screen ေပၚမွာပါ။ ေက်ာဘက္ဒီဇုိင္းကေတာ့ Redmi Note 4 လိုပဲ မေျပာင္းလဲပါဘူး။ ေက်ာဘက္သတၱဳကိုယ္ထည္၊ ထိပ္ဖက္နဲ႔ေအာက္ဖက္မွာ plastic antenna ထည့္ထားပါတယ္။

မႏွစ္ Redmi Note 4 လုိပဲ Snapdragon 625 ကိုသံုးထားျပီး 3GB/32GB နဲ႔ 4GB/64GB ဆိုျပီးလာပါမယ္။ ေက်ာဘက္ကင္မရာက 12MP ရိွျပီ Mi A1 မွာသံုးထားတာနဲ႔တူတူပါပဲ။ ေက်ာဘက္ကင္မရာ sensor က 1.25um pixels ျဖစ္လို႔ ပိုက်ယ္သြားျပီး အလင္းလည္းပိုမ်ားမ်ားဝင္ႏုိင္ပါတယ္။ ေရွ႕ဘက္ကေတာ့ 5MP ကင္မရာပဲျဖစ္ျပီး ဒီတစ္ေခါက္ေတာ့ ေရွ႕ဘက္ LED flash ပါလာပါတယ္။ ဘက္ထရီကေတာ့ 4100mAh ကေန 4000mAh ျဖစ္သြားပါတယ္။ microUSB ပဲျဖစ္ေနေသးျပီး အားသြင္းအျမန္စနစ္မပါေသးဘဲ 5V/2A နဲ႔ပဲသြားေနပါေသးတယ္။ MIUI 9 န႔ဲ Android 7.1.1 Nougat တင္ထားျပီး ေစ်းႏႈန္းကေတာ့ 3GB/32GB အတြက္ $156, 4GB/64GB အတြက္ $187 ေလာက္ရိွပါတယ္။

Redmi Note 5 Pro

Xiaomi Redmi Note 5 နဲ႔အတူ Pro ဗားရွင္းကိုလည္း မိတ္ဆက္လိုက္ပါေသးတယ္။ Snapdragon 636 ကိုသံုးထားတဲ့ပထမဆံုးဖုန္းျဖစ္ျပီး Redmi Note စီးရီးထဲမွာ RAM 6GB, dual-camera နဲ႔လာတာလည္း ပထမဆံုးပါပဲ။ ဒီစီးရီးထဲမွာ LED flash နဲ႔ 20MP ေရွ႕ကင္မရာကိုသံုးထားတဲ့ပထမဆံုးဖုန္းလည္းျဖစ္ပါတယ္။ ေရွ႕ဘက္ selfie flash ကို မႏွစ္က Redmi Y1 မွာပထမဆံုးမိတ္ဆက္ခဲ့တာျဖစ္ျပီး Redmi Note 5 ေရာ Note 5 Pro မွာပါ ေရွ႕ဘက္ selfie flash ပါပါတယ္။

ဒီဇုိင္းကေတာ့ Redmi Note 5 နဲ႔တူတူေလာက္ပဲျဖစ္ျပီး ကြာသြားတာေလးတစ္ခုက ေက်ာဘက္ dual-camera ျဖစ္သြားတာေလးပါပဲ။ Mi A1 နဲ႔မတူတာက သူ႔ရဲ႕ကင္မရာက ေဒါင္လိုက္ျဖစ္သြားတာပါ။ Redmi Note 5 Pro ရဲ႕ ေနာက္ကင္မရာက 12MP ျဖစ္ျပီး ေရွ႕ဘက္ 5MP sensor ကေတာ့ depth effect ေတြကိုဖန္တီးႏုိင္တဲ့အတြက္ portrait mode ရိုက္လုိ႔ရပါတယ္။

Display က 18:9, resolution 2160×1080 FHD+ display ျဖစ္ျပီး Redmi Note 5 နဲ႔တူတူပါပဲ။ ဘက္ထရီကေတာ့ 4000mAh ျဖစ္ျပီး microUSB, IR blaster, 3.5mm နားၾကပ္ေပါက္တို႔ပါဝင္ပါတယ္။ Snapdragon 636 ကုိပထမဆံုးျမင္ရတဲ့ဖုန္းျဖစ္ျပိး 4GB/64GB ဗားရွင္းနဲ႔ 6GB/64GB ဗားရွင္းဆိုျပီးလာမွာပါ။ 4GB ဗားရွင္းကေတာ့ $218 ေလာက္ရိွျပီး 6GB ဗားရွင္းအတြက္ကေတာ့ $264 ေလာက္ရိွပါတယ္။ လက္ရိွ Redmi Note 4 ကိုင္ေနတဲ့သူေတြအတြက္ေတာ ့လဲကိုင္ဖို႔တန္တယ္လို႔ ေျပာခ်င္ပါတယ္။

[Unicode]

မနှစ်ကတော့ Xiaomi ကနေ Redmi Note 4 နဲ့ အိနိ္ဒယနိုင်ငံတွင်းမှာ ရောင်းအားစံချိန်ချိုးနိုင်ခဲ့ပါတယ်။ ဒီနေ့ အိနိ္ဒယနိုင်ငံမှာ မိတ်ဆက်သွားတဲ့ Redmi Note 5 နဲ့ Redmi Note 5 Pro တို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Redmi Note 5

အခု ၂၀၁၈ Redmi Note 5 ရဲ့ ဒီဇိုင်းက မနှစ်က Redmi Note 4 နဲ့သိပ်မကွာဘဲ Snapdragon 625 သုံးတာချင်းလည်း တူပါတယ်။ ဒါပေမယ့် ဒီနှစ် Redmi Note 5 မှာတော့ 18:9 display ဖြစ်သွားပြီးတော့ ကျောဘက်ကင်မရာ sensor ကလည်း အသစ်ဖြစ်သွားပါတယ်။ အကောင်းဆုံးကတော့ ဈေးနှုန်းပါပဲ။ ရူပီးငွေ ၉၉၉၉ ဆိုတာက $155.58 လောက်ပဲရှိပြီး မနှစ်က Redmi Note 4 ထွက်တုန်းကဈေးထက်တောင် ပိုနည်းပါတယ်။

အိနိ္ဒယနိုင်ငံမှာတော့ Redmi Note 5 လို့နာမည်ပေးထားပေမယ့် တရုတ်နိုင်ငံမှာဒီဇင်ဘာလတုန်းက မိတ်ဆက်ခဲ့တဲ့ Remi 5 Plus နဲ့တူတူပါပဲ။ Redmi Note 5 ရဲ့ စွဲဆောင်မှုအရှိဆုံးကတော့ 5.99-inch 18:9 ratio, resolution 2160×1080 ရှိတဲ့ FHD+ display ပါ။ display ရှည်ရှည် ဘေးဘောင်လေးဘက်လုံးပါးပါးနဲ့ navigation button တွေက screen ပေါ်မှာပါ။ ကျောဘက်ဒီဇိုင်းကတော့ Redmi Note 4 လိုပဲ မပြောင်းလဲပါဘူး။ ကျောဘက်သတ္တုကိုယ်ထည်၊ ထိပ်ဖက်နဲ့အောက်ဖက်မှာ plastic antenna ထည့်ထားပါတယ်။

မနှစ် Redmi Note 4 လိုပဲ Snapdragon 625 ကိုသုံးထားပြီး 3GB/32GB နဲ့ 4GB/64GB ဆိုပြီးလာပါမယ်။ ကျောဘက်ကင်မရာက 12MP ရှိပြီ Mi A1 မှာသုံးထားတာနဲ့တူတူပါပဲ။ ကျောဘက်ကင်မရာ sensor က 1.25um pixels ဖြစ်လို့ ပိုကျယ်သွားပြီး အလင်းလည်းပိုများများဝင်နိုင်ပါတယ်။ ရှေ့ဘက်ကတော့ 5MP ကင်မရာပဲဖြစ်ပြီး ဒီတစ်ခေါက်တော့ ရှေ့ဘက် LED flash ပါလာပါတယ်။ ဘက်ထရီကတော့ 4100mAh ကနေ 4000mAh ဖြစ်သွားပါတယ်။ microUSB ပဲဖြစ်နေသေးပြီး အားသွင်းအမြန်စနစ်မပါသေးဘဲ 5V/2A နဲ့ပဲသွားနေပါသေးတယ်။ MIUI 9 န့ဲ Android 7.1.1 Nougat တင်ထားပြီး ဈေးနှုန်းကတော့ 3GB/32GB အတွက် $156, 4GB/64GB အတွက် $187 လောက်ရှိပါတယ်။

Redmi Note 5 Pro

Xiaomi Redmi Note 5 နဲ့အတူ Pro ဗားရှင်းကိုလည်း မိတ်ဆက်လိုက်ပါသေးတယ်။ Snapdragon 636 ကိုသုံးထားတဲ့ပထမဆုံးဖုန်းဖြစ်ပြီး Redmi Note စီးရီးထဲမှာ RAM 6GB, dual-camera နဲ့လာတာလည်း ပထမဆုံးပါပဲ။ ဒီစီးရီးထဲမှာ LED flash နဲ့ 20MP ရှေ့ကင်မရာကိုသုံးထားတဲ့ပထမဆုံးဖုန်းလည်းဖြစ်ပါတယ်။ ရှေ့ဘက် selfie flash ကို မနှစ်က Redmi Y1 မှာပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်ပြီး Redmi Note 5 ရော Note 5 Pro မှာပါ ရှေ့ဘက် selfie flash ပါပါတယ်။

ဒီဇိုင်းကတော့ Redmi Note 5 နဲ့တူတူလောက်ပဲဖြစ်ပြီး ကွာသွားတာလေးတစ်ခုက ကျောဘက် dual-camera ဖြစ်သွားတာလေးပါပဲ။ Mi A1 နဲ့မတူတာက သူ့ရဲ့ကင်မရာက ဒေါင်လိုက်ဖြစ်သွားတာပါ။ Redmi Note 5 Pro ရဲ့ နောက်ကင်မရာက 12MP ဖြစ်ပြီး ရှေ့ဘက် 5MP sensor ကတော့ depth effect တွေကိုဖန်တီးနိုင်တဲ့အတွက် portrait mode ရိုက်လို့ရပါတယ်။

Display က 18:9, resolution 2160×1080 FHD+ display ဖြစ်ပြီး Redmi Note 5 နဲ့တူတူပါပဲ။ ဘက်ထရီကတော့ 4000mAh ဖြစ်ပြီး microUSB, IR blaster, 3.5mm နားကြပ်ပေါက်တို့ပါဝင်ပါတယ်။ Snapdragon 636 ကိုပထမဆုံးမြင်ရတဲ့ဖုန်းဖြစ်ပြိး 4GB/64GB ဗားရှင်းနဲ့ 6GB/64GB ဗားရှင်းဆိုပြီးလာမှာပါ။ 4GB ဗားရှင်းကတော့ $218 လောက်ရှိပြီး 6GB ဗားရှင်းအတွက်ကတော့ $264 လောက်ရှိပါတယ်။ လက်ရှိ Redmi Note 4 ကိုင်နေတဲ့သူတွေအတွက်တော ့လဲကိုင်ဖို့တန်တယ်လို့ ပြောချင်ပါတယ်။

You may be interested

၂၀၁၉ ခုႏွစ္မွာ ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးမယ့္ Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုႏွစ္မွာ ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးမယ့္ Google

Ko Thuya - Nov 16, 2018

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း လာမယ့္ႏွစ္မွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ…

Facebook က Messenger အတြက္ Unsend Feature ကို ျဖန္႔ခ်ီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတြက္ Unsend Feature ကို ျဖန္႔ခ်ီ

Ko Thuya - Nov 16, 2018

Facebook က မက္ဆင္ဂ်ာမွာ ေပးပို႔လိုက္တဲ့ မက္ေဆ့ခ်္မ်ားကို ဖ်က္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနခဲ့ပါတယ္။ အခုေတာ့ ဒီလုပ္ေဆာင္ခ်က္ကို ကမာၻအ၀န္းမွာ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ အရင္ကေတာ့ ေပးပို႔လိုက္တဲ့ မက္ေဆ့ခ်္မ်ားကို ဖ်က္ရင္ သင့္ဘက္ျခမ္းမွာသာ ပ်က္သြားတာ ျဖစ္ၿပီး လက္ခံရရွိသူရဲ႕ ဘက္ျခမ္းမွာ က်န္ေနပါတယ္။ အခုေတာ့…

Galaxy S9 နဲ႔ S9+ အတြက္ Android 9.0 Pie ရၿပီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ႔ S9+ အတြက္ Android 9.0 Pie ရၿပီ

Ko Thuya - Nov 16, 2018

ဆမ္ေဆာင္းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ႔ S9+ အတြက္ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားမွ User မ်ား ရရွိေနပါၿပီ။ Android Pie အေျချပဳ ဆမ္ေဆာင္းရဲ႕…

Leave a Comment

Most from this category