418 Shares 273 Views

Oppo R11s ကို ဝေဖန်သုံးသပ်ခြင်း

Feb 14, 2018
418 273

လွန်ခဲ့တဲ့ နှစ်များအတွင်းမှာ Oppo ဟာ အရှေ့အာရှမှာ အောင်မြင်မှု ရလာပြီး ကမ္ဘာ့ စမတ်ဖုန်း လောကမှာ အလျှင်မြန်ဆုံး ကြီးထွားလာတဲ့ တရုတ် ဖုန်းကုမ္ပဏီ ဖြစ်လာပါတယ်။ Digital Times ရဲ့ Review ကဏ္ဍမှာ Oppo ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်သင့် R11s ကို ဝေဖန်သုံးသပ်ပေးလိုက်ပါတယ်။

ဒီဇိုင်း

သူ့ရဲ့ အကောင်းဆုံး အချက်တစ်ခုက အနီတောက်တောက် အရောင် ဖြစ်ပါတယ်။ အလွန်စွဲဆောင်မှု ရှိတဲ့ အရောင် ဖြစ်ပါတယ်။ Super Red iPhone 7 နဲ့ ဆင်တူပါတယ်။ သတ္တုကိုယ်ထည် အပြည့်ဖြင့် တည်ဆောက်ထားပါတယ်။ ပတ်ဝန်းကျင်မှ အလင်းရောင် အပေါ် မူတည်ပြီး အနီတောက် ကနေ အနီဖျော့၊ ပန်းရောင် အရောင်များ အထိတောင် ပြောင်းလဲနိုင်တာက ထူးခြားပါတယ်။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 155.1 x 75.5 x 7.1mm ဖြစ်ပြီး ၁၅၃ ဂရမ် အလေးချိန်ရှိပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာနဲ့ ကင်မရာ နှစ်လုံး တပ်ဆင်ထားပါတယ်။

အရှေ့ဘက် မျက်နှာပြင်ရဲ့ အထက်၊ အောက် ၊ ဘယ်နဲ့ညာမှ ဘောင်များဟာ ပါးလွှာတဲ့အတွက် မျက်နှာပြင်ဟာ ထင်ရှားပေါ်လွင်ပါတယ်။ အောက်ခြေမှာ စပီကာပေါက်နဲ့ 3.5mm နားကြပ်ပေါက်များ တပ်ဆင်ထားပါတယ်။ အသုံးတွင်ကျယ်လာပြီ ဖြစ်တဲ့ Type-C အစား Micro-USB Port ကိုသာ ထည့်သွင်းထားတာက အားနည်းချက်ပါ။ Physical Navigation Buttons များ မပါဘဲ Software Buttons များကိုသာ သုံးရမှာပါ။ ပါဝါ ခလုတ်ကို ညာဘက်နဲ့ အသံခလုတ်များကို ဘယ်ဘက်မှာ တပ်ဆင်ထားပါတယ်။ တန်ဖိုးကြီး ဖုန်း ဒီဇိုင်း ဖြစ်ပါတယ်။

မျက်နှာပြင်

R11s မှာ ခေတ်စားနေတဲ့ 18:9 မျက်နှာပြင် အချိုးကို သုံးထားပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၆.၀၁ လက်မ ဖြစ်ပြီး အရည်အသွေးမှာ 1080x2160p (Full HD) ဖြစ်ပါတယ်။ မျက်နှာပြင်ကို အကြမ်းခံအောင် Corning Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ မျက်နှာပြင် အရည်အသွေးက ကောင်းမွန်ပေမယ့် ယခုနေ့ခေတ် စွမ်းဆောင်ရည်မြင့် Android Phone များလောက် ကြည်လင်ပြတ်သားမှု မရှိပါဘူး။ AMOLED ဖြစ်တဲ့အတွက် အနက်ရောင်များဟာ အလွန် စိုပြည်ပေမယ့် အဲဒီ စကရင် အမျိုးအစားရဲ့ ထုံးစံအတိုင်းပဲ အဖြူရောင်များဟာ ဖျော့တော့ပါတယ်။ အရောင်စုံလင်ပြီး ကြည်လင်ပြတ်သားပါတယ်။

ကင်မရာ

R11s ရဲ့ အရှေ့ဘက်မှာ အရည်အသွေးမြင့် 20MP Camera တစ်လုံး တပ်ဆင်ထားပြီး ထူးခြားဆန်းသစ်တဲ့ Selfie များ ဖန်တီးပေးဖို့အတွက် ဥာဏ်ရည်တုနဲ့ Machine Learning များကို ပံ့ပိုးပေးပါတယ်။ Oppo ရဲ့ Beauty Software နဲ့ ပေါင်းစပ်၍ သင့်မျက်နှာကို ပါးလွှာအောင် ပြုလုပ်ခြင်း၊ သင့် အသားအရည်ကို ကြည်လင်အောင် ပံ့ပိုးခြင်း၊ အရေးအကြောင်းနဲ့ အပြစ်အနာအဆာများကို ဖယ်ရှားပေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ သင် ဘာမှလုပ်စရာ မလိုဘဲ သင့်ကို အသက် ၁၀ နှစ်လောက် ပြန်ငယ်သွားအောင် လုပ်ပေးပါတယ်။

အနောက်ဘက်မှာ 20+16MP Camera နှစ်လုံး ပါပြီး အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ ဓါတ်ပုံကောင်းများ ရရှိအောင် သင့်တော်တဲ့ကင်မရာကို အလိုအလျှောက် ပြောင်းလဲပေးပါတယ်။ အလင်းရောင်နည်းပါးတဲ့ အချိန်များမှာ ဓါတ်ပုံ ရိုက်တဲ့ အခါမှာ အလွန် ကြည်လင်ပြတ်သားပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ မှုန်ဝါးတတ်ပါတယ်။ အလင်းရောင် ကောင်းတဲ့ အချိန်မှာတော့ ဓါတ်ပုံ အရည်အသွေးဟာ အလွန်ကောင်းပါတယ်။

ကင်မရာ နှစ်လုံး ပေါင်းစပ်၍ နောက်ခံ မှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်တဲ့ အခါမှာ အလွန် ကောင်းမွန်ပါတယ်။ တစ်ခါ တစ်လေမှာတော့ Foreground ရဲ့ ထောင့်စွန်းများကို ဆုံးဖြတ်ရာမှာ အားနည်းချက်အနည်းငယ်ရှိတတ်ပါတယ်။ ဒါပေမယ့် မပြောပလောက်တဲ့ ပြဿနာ ပါ။

ဗီဒီယို အပိုင်းမှာတော့ Oppo ဟာ အားနည်းတတ်ပါတယ်။ R11s မှာ 4K Video များ အထိ ရိုက်ကူးနိုင်ပေ မယ့် ရှိသင့်တာထက် ချောမွတ်မှုဟာ အားနည်းပါတယ်။

စွမ်းဆောင်ရည်

R11s မှာ Snapdragon 660 Processor , 4GB RAM နဲ့ 64GB Storage ထည့်ပေးထားပါတယ်။ ခြုံပြီး ပြောရရင် သူဟာ အလွန် လျှင်မြန်တဲ့ ဖုန်း ဖြစ်ပါတယ်။ နေ့စဉ် အလုပ်များကို ကောင်းစွာ ကိုင်တွယ်နိုင်ပါတယ်။ ဂရပ်ဖစ် မြင့်တဲ့ ဂိမ်းများ ကစားရင်လည်း အလွန် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ထိတွေ့မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက တစ်ခါတစ်လေမှာ အားနည်းပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်းများရဲ့ အလုပ်များကိုတော့ ကောင်းစွာ လုပ်နိုင်ပါတယ်။ သူ့မှာ ပါတဲ့ Face Unlock က အလွန်လျှင်မြန်စွာဖြင့် ဖုန်းကို Unlock လုပ်ပေးပါတယ်။

ဘက်ထရီ

R11s မှာ 3200mAh Battery ထည့်သွင်းထားပီး တစ်နေ့တာလုံး ကောင်းကောင်း အသုံးခံပါတယ်။ သာမာန်သာသုံးမယ်ဆိုရင် တစ်ရက်ခွဲလောက်တောင် အသုံးခံပါတယ်။ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ VOOC နည်းပညာက မိနစ် ၃၀ အားသွင်းရုံနဲ့ တစ်နေ့တာ အသုံးခံပါတယ်။ တစ်နာရီ စွန်းစွန်း အားသွင်းရင် ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

အနှစ်ချုပ်

R11s ရဲ့ ဒီဇိုင်းဟာ အလွန်ကောင်းမွန်ပြီး ခန့်ထည်ပါတယ်။ မျက်နှာပြင်ကလည်း စွမ်းဆောင်ရည်သင့် ပြိုင်ဖက်များထက် သာလွန်ပါတယ်။ Face Unlock ကလည်း အလွန် လျှင်မြန်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ကင်မရာများ ပါပါတယ်။ ဘက်ထရီ စွမ်းရည်က အလွန် ကောင်းပါတယ်။ သူ့ရဲ့ အားနည်းချက်များက NFC , USB Type-C Port များ မပါခြင်း ဖြစ်ပါ တယ်။ တန်ဖိုးကြီး စမတ်ဖုန်း ဒီဇိုင်းကို နှစ်သက်ပြီး ငွေ အလွန် မသုံးချင်သူများအတွက် သင့်တော်ပါတယ်။ ၅၁၈ ဒေါ်လာ ၀န်းကျင် တန်ကြေးရှိပါတယ်။

Ref : techradar, pocket-lint

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
0 shares237 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Leave a Comment

Most from this category