M-ပိုက်ဆံ ကိုသုံးပြီး shop.com.mm မှာ အွန်လိုင်းနဲ့ ဈေးဝယ်လိုက်ပါ

ရန်ကုန်၊မြန်မာ။

အူရီဒူးရဲ့ M-ပိုက်ဆံသုံးစွဲသူများအနေနဲ့ M-ပိုက်ဆံကို အသုံးပြုခြင်းအတွက် ထပ်တိုးအကျိုးရလာဒ်ကို ရရှိနိုင်တော့မည်ဖြစ်သည်။ M-ပိုက်ဆံသုံးစွဲသူများအားလုံးအနေဖြင့် shop.com.mm ဝဘ်ဆိုက်တွင် ပစ္စည်းများဝယ်ယူသည့်အခါ ဒီဂျစ်တယ်စနစ်ဖြင့် ငွေပေးချေနိုင်မည် ဖြစ်သည်။ ၎င်းသည် မြန်မာပြည်သူလူထုအား အွန်လိုင်းဖြင့်ဈေးဝယ်ခြင်းနှင့် အွန်လိုင်းငွေပေးချေမှု စနစ်တို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စတင်မိတ်ဆက်ပေးခြင်းဖြစ်သည်။

M-ပိုက်ဆံသုံးစွဲသူများအနေဖြင့် shop.com.mm ဝဘ်ဆိုက်၌ ဈေးဝယ်သည့်အခါ ကျပ် ၅ သိန်းအထိ ဒီဂျစ်တယ်စနစ်ဖြင့် ပေးချေနိုင်မည်ဖြစ်သည်။ ဈေးဝယ်သူများအနေဖြင့် ဈေးဝယ်သည့်လှည်းထဲတွင် ဝယ်ယူလိုသည့်ပစ္စည်းများ ရွေးချယ်ထည့်သွင်းပြီးနောက် ငွေပေးချေမှုအတည်ပြုရန်အတွက် “Cash on delivery” ကို ရွေးချယ်ရမည်ဖြစ်သည်။ ပစ္စည်းများကို လက်ခံသည့်အချိန်တွင် M-ပိုက်ဆံ အက်ပလီကေးရှင်းကို အသုံးပြုပြီး ငွေပေးချေနိုင်မည်ဖြစ်သည်။

သုံးစွဲသူများ ငွေပေးချေရန်အတွက် လုပ်ဆောင်ရမည်မှာ “Buy Goods” ခလုတ်ကို ရွေးချယ်၍ shop.com.mm ကုဒ်ကို ရိုက်ထည့့်ရန် (သို့) QR code scanner မှ တစ်ဆင့် ကုဒ်ကို ဖတ်ရန်ဖြစ်သည်။ ယင်းနောက် သုံးစွဲသူမျာအနေဖြင့် အသေးစိတ်ပြေစာနှင့်အတူ အတည်ပြုချက်ကို SMS မှတဆင့်လက်ခံရရှိမည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ Chief M-Commerce Officer ဖြစ်သူ Mr. Jacques Voogt က “အခုထပ်တိုးဝန်ဆောင်မှုဟာဆိုရင် နိုင်ငံလုံးဆိုင်ရာ ငွေကြေးစနစ်ဖွံဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးနိုင်တဲ့ နောက်ထပ်သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ shop.com.mm နဲ့ပူးပေါင်းပြီး မိုဘိုင်းငွေကြေးနှင့် အွန်လိုင်းဖြင့်ဈေးဝယ်ခြင်းတို့ကို ချိတ်ဆက်ဆောင်ရွက်နိုင်အောင် ဖန်တီးပေးလိုက် နိုင်လို့ အလွန်ဝမ်းသာပါတယ်။” ဟု ပြောကြားလိုက်သည်။

M-ပိုက်ဆံသုံးစွဲသူများအနေဖြင့် ယခုအခါ ဝန်ဆောင်ခသက်သာပြီး၊ အရည်အသွေးကောင်းမွန် ရုံမျှမက ထိရောက်မြန်ဆန်သည့် M-ပိုက်ဆံဝန်ဆောင်မှုဖြင့် အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိစွာနှင့် လုံခြုံစိတ်ချစွာ အွန်လိုင်းဖြင့်ဈေးဝယ်နိုင်မည်ဖြစ်သည်။ M-ပိုက်ဆံဝန်ဆောင်မှုကို အသုံးပြုလိုသူများအနေ ဖြင့် *999# ကို ဖုန်းခေါ်ဆိုပြီး M-ပိုက်ဆံ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ပြုလုပ်နိုင်ပါတယ်…

 

ရန်ကုန်၊မြန်မာ။

%d bloggers like this: