1153 Shares 452 Views

Firmware ဆိုတာဘာလဲ?? Software နဲ႔ ဘယ္လိုကြာသလဲ??

Feb 14, 2018
1153 452

[Zawgyi]

          ကြန္ပ်ဴတာေတြမွာ “-wares” ေတြေတာ္ေတာ္မ်ားတဲ့အတြက္ တစ္ခ်ိဳ႕လည္း ဒီစကားလံုးေတြကို နည္းနည္းရႈပ္ေထြးတတ္ၾကပါတယ္။ ဒါေၾကာင့္ ဒီ Features က႑ေလးကေန “Firmware” က ဘာလဲဆိုတာနဲ႔ ေဆာ့ဖ္ဝဲလ္နဲ႔ဘယ္လုိကြာလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။

Firmware ဆိုတာဘာလဲ??

Firmware ဆုိတာကလည္း ေျပာရရင္ ေဆာ့ဖ္ဝဲလ္တစ္မ်ိဳးပါပဲ။ device ရဲ႕ hardware တစ္ခုခ်င္းစီကို low-level ကေန ထိန္းခ်ဳပ္ႏုိင္တဲ့ ကြန္ပ်ဴတာပရိုဂရမ္တစ္ခုပါပဲ။ ဒီေန႔ေခတ္ ကြန္ပ်ဴတာ၊ ဖုန္း၊ စတီရီယို၊ ကား၊ အဝတ္ေလွ်ာ္စက္ကစလို႔ တျခားေသာ device ေတြမွာ firmware ပံုစံအမ်ိဳးမ်ိဳးရိွပါတယ္။ ရုိးရွင္းတဲ့ပစၥည္းေတြအတြက္ဆိုရင္ေတာ့ function ကိုလုပ္ေဆာင္ခိုင္းဖို႔အတြက္ပဲ firmware ကိုလိုအပ္ပါတယ္။ ဒါေပမယ့္ ပိုအဆင့္ျမင့္ရႈပ္ေထြးတဲ့ပစၥည္းေတြမွာေတာ့ ဥပမာကြန္ပ်ဴတာေတြကို သံုးႏုိင္ဖို႔အတြက္ဆုိရင္ Operation system (OS) ေတြ software application ေတြ စသျဖင့္ ေဆာ့ဖ္ဝဲလ္ေတြပိုျပီးေတာ့ လိုအပ္ပါတယ္။

Firmware နဲ႔ Software ဘယ္လိုကြာလဲ??

ခုနကေျပာခဲ့သလို Firmware လည္း ေဆာ့ဖ္ဝဲလ္လို ပရိုဂရမ္ကုဒ္ေတြပါပဲ။ ေဆာ့ဖ္ဝဲလ္လို႔ဆိုလုိက္တာနဲ႔ Microsoft Word, Web browser စတဲ့ပရိုဂရမ္ေတြကုိျမင္တတ္ၾကတ့ဲအတြက္ တခ်ိဳ႕ေတြနည္းနည္းရႈပ္ၾကပါတယ္။ တကယ္က စက္ေတြ(ကြန္ပ်ဴတာ၊ ဖုန္း၊ ကား၊ စမတ္ပစၥည္း) မွာေတြ႔ႏုိင္တဲ့ ကုဒ္မွန္သမွ်က ေဆာ့ဖ္ဝဲလ္ပါပဲ။

Microsoft Word, browser ဒါေတြကိုေတာ့ “Application software” လို႔ေခၚတာပိုမွန္ပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔ရဲ႕ကုဒ္ေတြကလည္း ရွည္လ်ားလြန္းတဲ့အတြက္ အလြယ္တကူ ေဆာ့ဖ္ဝဲလ္လို႔ပဲေခၚၾကတာပါ။

ဒီေတာ့ firmware နဲ႔ application software အဓိကဘာကြာသြားလဲဆိုေတာ့ firmware ေတြကို ယာယီမမ္မိုရီျဖစ္တဲ့ ROM, EPROM နဲ႔ flash memory ေတြမွာသိမ္းပါတယ္။ application software ေတြကေတာ့ volatile memory ေရာ virtual-memory မွာေရာအလုပ္လုပ္ႏုိင္ပါတယ္။

ROM လိုမ်ိဳး မမ္မိုရီနည္းနည္းေလးထဲမွာ firmware ေတြကိုသိမ္းတယ္ဆိုကတည္းက သူ႔ရဲ႕ဖိုင္ဆုိဒ္က နည္းရပါမယ္။ kilobyte ေလာက္ပမာဏေလးပဲရိွရင္ရိွႏိုင္သလို ကုိယ့္ device အမ်ိဳးအစားေပၚလိုက္ျပီးေတာ့လည္း ၾကီးရင္ၾကီးသြားႏုိင္ပါတယ္။

Firmware နဲ႔ Application Software တို႔ၾကားေနာက္ထပ္ကြာျခားခ်က္တစ္ခုက “update” လုပ္ႏုိင္တဲ့အေရအတြက္ပါ။ ပစၥည္းအမ်ားစုမွာေတာ့ firmware ကို user ကိုယ္တိုင္ update လုပ္လို႔မရပါဘူး။ ထုတ္လုပ္တဲ့ကုမၸဏီေတြကလည္း user ေတြကို firmware ကို access လုပ္ခြင့္မေပးပါဘူး။ ဥပမာျပရရင္ hard disks ေတြ၊ optical drive ေတြ၊ လွ်ပ္စစ္ပစၥည္းေတြမွာဆို user ေတြကို firmware access လုပ္ခြင့္မေပးပါဘူး။ ကလိျပီး တစ္ခုခုျဖစ္ အလုပ္မလုပ္ေတာ့မွာစုိးတဲ့အတြက္ access မေပးထားတာလည္း ေကာင္းပါတယ္။

ဒါေပမယ့္ ဥပမာ ကြန္ပ်ဴတာေတြရဲ႕ BIOS (Basic Input/Output System)  ေတြနဲ႔ စမတ္ဖုန္းေတြရဲ႕ firmware ေတြ music player ေတြကိုေတာ့ user ေတြကိုယ္တုိင္ update လုပ္ခြင့္ေပးရံုတင္မက update လုပ္ရင္ပိုေကာင္းတယ္လို႔ေတာင ္ေထာက္ခံေပးထားပါတယ္။ ဒါမွ firmware update အသစ္ေတြက အရင္ firmware ဗားရွင္းတုန္းက bugs ေတြကို ရွင္းေပးႏုိင္ျပီးေတာ့ feature အသစ္ေတြလည္း ရႏုိင္မွာပါ။

ဒါေပမယ့္ firmware update ေပးရင္ေတာင္မွ ေတာ္ေတာ္ေလးသတိထားဖို႔လုိပါတယ္။ အခန္႔မသင့္ရင္ ပစၥည္းပ်က္သြားတဲ့အခါ ကိုယ္ပဲစိတ္ဆင္းရဲရပါလိမ့္မယ္။

[Unicode]

ကွန်ပျူတာတွေမှာ “-wares” တွေတော်တော်များတဲ့အတွက် တစ်ချို့လည်း ဒီစကားလုံးတွေကို နည်းနည်းရှုပ်ထွေးတတ်ကြပါတယ်။ ဒါကြောင့် ဒီ Features ကဏ္႑လေးကနေ “Firmware” က ဘာလဲဆိုတာနဲ့ ဆော့ဖ်ဝဲလ်နဲ့ဘယ်လိုကွာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Firmware ဆိုတာဘာလဲ??

Firmware ဆိုတာကလည်း ပြောရရင် ဆော့ဖ်ဝဲလ်တစ်မျိုးပါပဲ။ device ရဲ့ hardware တစ်ခုချင်းစီကို low-level ကနေ ထိန်းချုပ်နိုင်တဲ့ ကွန်ပျူတာပရိုဂရမ်တစ်ခုပါပဲ။ ဒီနေ့ခေတ် ကွန်ပျူတာ၊ ဖုန်း၊ စတီရီယို၊ ကား၊ အဝတ်လျှော်စက်ကစလို့ တခြားသော device တွေမှာ firmware ပုံစံအမျိုးမျိုးရှိပါတယ်။ ရိုးရှင်းတဲ့ပစ္စည်းတွေအတွက်ဆိုရင်တော့ function ကိုလုပ်ဆောင်ခိုင်းဖို့အတွက်ပဲ firmware ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ပိုအဆင့်မြင့်ရှုပ်ထွေးတဲ့ပစ္စည်းတွေမှာတော့ ဥပမာကွန်ပျူတာတွေကို သုံးနိုင်ဖို့အတွက်ဆိုရင် Operation system (OS) တွေ software application တွေ စသဖြင့် ဆော့ဖ်ဝဲလ်တွေပိုပြီးတော့ လိုအပ်ပါတယ်။

Firmware နဲ့ Software ဘယ်လိုကွာလဲ??

ခုနကပြောခဲ့သလို Firmware လည်း ဆော့ဖ်ဝဲလ်လို ပရိုဂရမ်ကုဒ်တွေပါပဲ။ ဆော့ဖ်ဝဲလ်လို့ဆိုလိုက်တာနဲ့ Microsoft Word, Web browser စတဲ့ပရိုဂရမ်တွေကိုမြင်တတ်ကြတ့ဲအတွက် တချို့တွေနည်းနည်းရှုပ်ကြပါတယ်။ တကယ်က စက်တွေ(ကွန်ပျူတာ၊ ဖုန်း၊ ကား၊ စမတ်ပစ္စည်း) မှာတွေ့နိုင်တဲ့ ကုဒ်မှန်သမျှက ဆော့ဖ်ဝဲလ်ပါပဲ။

Microsoft Word, browser ဒါတွေကိုတော့ “Application software” လို့ခေါ်တာပိုမှန်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ကုဒ်တွေကလည်း ရှည်လျားလွန်းတဲ့အတွက် အလွယ်တကူ ဆော့ဖ်ဝဲလ်လို့ပဲခေါ်ကြတာပါ။

ဒီတော့ firmware နဲ့ application software အဓိကဘာကွာသွားလဲဆိုတော့ firmware တွေကို ယာယီမမ်မိုရီဖြစ်တဲ့ ROM, EPROM နဲ့ flash memory တွေမှာသိမ်းပါတယ်။ application software တွေကတော့ volatile memory ရော virtual-memory မှာရောအလုပ်လုပ်နိုင်ပါတယ်။

ROM လိုမျိုး မမ်မိုရီနည်းနည်းလေးထဲမှာ firmware တွေကိုသိမ်းတယ်ဆိုကတည်းက သူ့ရဲ့ဖိုင်ဆိုဒ်က နည်းရပါမယ်။ kilobyte လောက်ပမာဏလေးပဲရှိရင်ရှိနိုင်သလို ကိုယ့် device အမျိုးအစားပေါ်လိုက်ပြီးတော့လည်း ကြီးရင်ကြီးသွားနိုင်ပါတယ်။

Firmware နဲ့ Application Software တို့ကြားနောက်ထပ်ကွာခြားချက်တစ်ခုက “update” လုပ်နိုင်တဲ့အရေအတွက်ပါ။ ပစ္စည်းအများစုမှာတော့ firmware ကို user ကိုယ်တိုင် update လုပ်လို့မရပါဘူး။ ထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း user တွေကို firmware ကို access လုပ်ခွင့်မပေးပါဘူး။ ဥပမာပြရရင် hard disks တွေ၊ optical drive တွေ၊ လျှပ်စစ်ပစ္စည်းတွေမှာဆို user တွေကို firmware access လုပ်ခွင့်မပေးပါဘူး။ ကလိပြီး တစ်ခုခုဖြစ် အလုပ်မလုပ်တော့မှာစိုးတဲ့အတွက် access မပေးထားတာလည်း ကောင်းပါတယ်။

ဒါပေမယ့် ဥပမာ ကွန်ပျူတာတွေရဲ့ BIOS (Basic Input/Output System) တွေနဲ့ စမတ်ဖုန်းတွေရဲ့ firmware တွေ music player တွေကိုတော့ user တွေကိုယ်တိုင် update လုပ်ခွင့်ပေးရုံတင်မက update လုပ်ရင်ပိုကောင်းတယ်လို့တောင ်ထောက်ခံပေးထားပါတယ်။ ဒါမှ firmware update အသစ်တွေက အရင် firmware ဗားရှင်းတုန်းက bugs တွေကို ရှင်းပေးနိုင်ပြီးတော့ feature အသစ်တွေလည်း ရနိုင်မှာပါ။

ဒါပေမယ့် firmware update ပေးရင်တောင်မှ တော်တော်လေးသတိထားဖို့လိုပါတယ်။ အခန့်မသင့်ရင် ပစ္စည်းပျက်သွားတဲ့အခါ ကိုယ်ပဲစိတ်ဆင်းရဲရပါလိမ့်မယ်။

You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္
Android, HUBS, Mobiles & Tablets
0 shares0 views

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္

Ko Thuya - Feb 23, 2019

OPPO က F11 Pro ရဲ႕ Teaser မ်ားကို ၿပီးခဲ့တဲ့ တစ္ပတ္ကတည္းက စတင္ မွ်ေ၀ေနပါတယ္။ အခုေတာ့ ကုမၸဏီက မတ္လ ၅ ရက္ေန႔မွာ သူ႔ကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ ကုမၸဏီက သူ႔မွာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Android, Huawei, HUBS
131 shares14 views

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ

Ko Thuya - Feb 23, 2019

ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
NEWS, Odd
1072 shares231 views

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္

Ko Thuya - Feb 23, 2019

သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…

Leave a Comment

Most from this category