300 Shares 123 Views
LG က ယခုလထဲမှာ Vision AI ပါတဲ့ V30 မော်ဒယ်အသစ်ကို ကြေညာမည်
Feb 14, 2018
300 123
[Zawgyi]
Ref : gsmarena
[Unicode]
LG က ယခုလထဲမှာ ကျင်းပမယ့် MWC ပွဲမှာ ဉာဏ်ရည်တု နည်းပညာပါတဲ့ V30 မော်ဒယ်အသစ်ကို ကြေညာမှာ ဖြစ်ပါတယ်။ Vision AI က အရာဝတ္ထုများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Portrait, Food, Pet, Landscape, City, Flower, Sunrise, Sunset စတဲ့ Option ၈ ခုထဲမှ အကောင်းဆုံး Shooting Mode ကို အကြံပေးနိုင်ပါတယ်။ ဒီလို အကြံပေးဖို့အတွက် ဒီနည်းပညာက စက္ကန့်ပိုင်းအတွင်းမှာ ဓါတ်ပုံပေါင်း သန်း ၁၀၀ ကျော်ကို ခွဲခြမ်းစိတ်ဖြာပေးမှာပါ။
Vision AI ရဲ့ မြင့်မားတဲ့ စွမ်းရည်နောက်တစ်ခုက အသံအမိန့်ပေး စနစ်ဖြစ်ပါတယ်။ LG ဟာ Google နဲ့ အတူ အသံအမိန့်ပေး စနစ်ကို ဖန်တီးထားပါတယ်။ ဓါတ်ပုံများ ရှာဖွေခြင်း၊ QR Code များ ဖတ်ခြင်း၊ Panorama or Food Photo များ ရိုက်ကူးခြင်းများကို ပါးစပ်ကနေ ပြောလိုက်တာနဲ့ ဖုန်းက လုပ်ဆောင်ပေးမှာပါ။ “ မြင်ကွင်းကျယ် ကင်မရာဖြင့် Selfie Video ရိုက်ပေးပါ “ လိုမျိုး အသံအမိန့်များကိုလည်း ပြောနိုင်ပါတယ်။
အလင်းရောင်နည်းပါးတဲ့ အခြေအနေများမှာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများ ဖမ်းယူပေးဖို့အတွက်လည်း Vision AI က ကူညီပေးနိုင်ပါတယ်။ သူက ကင်မရာကနေ ချိန်ရွယ်ထားတဲ့ အရာဝတ္ထုများကို ၀ယ်ယူနိုင်မယ့် နေရာ၊ စျေးနှုန်းနဲ့ အလားတူ ထုတ်ကုန်များကို ဖော်ပြပေးနိုင်ပါတယ်။
LG Mobile Communications ဌာနမှ ဒုတိယ ဥက္ကဌ ဖြစ်သူ Ha Jeung-uk က “ LG ရဲ့ အနာဂတ်ဟာ ဉာဏ်ရည်တု နည်းပညာကို အခြေပြု မှာပါ။ Hardware နဲ့ စွမ်းဆောင်ရည် အပိုင်းသာ မဟုတ်တော့ပါဘူး။ ပိုမို ဉာဏ်ရည်မြင့်မားတဲ့ စမတ်ဖုန်းများကို အနာဂတ်မှာ အာရုံစိုက်ထားမှာပါ။ လာမယ့် LG G7 မှာလည်း ဒီနည်းပညာ ပါလာနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : gsmarena
You may be interested
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Ko Thuya - Nov 16, 2018
ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Ko Thuya - Nov 16, 2018
Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Ko Thuya - Nov 16, 2018
ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…
Leave a Comment
Most from this category