427 Shares 827 Views

Google, HTC, OnePlus တို့ထက်ရောင်းအားပိုကောင်းခဲ့တဲ့ Nokia Android ဖုန်းများ

Feb 14, 2018
427 827

[Zawgyi]





[Unicode]

Nokia က နည်းပညာပိုင်းအရတော့ ဖုန်းတွေထပ်ထုတ်မှာမဟုတ်ပေမယ့် Nokia-brand နဲ့ ဟန်းဆက်တွေကိုတော့ HMD Global ကနေ ဆက်ထုတ်နေပါတယ်။ အခုဆို Google, HTC နဲ့ OnePlus တို့ရဲ့ရောင်းအားထက်ကို Nokia ဖုန်းတွေရဲ့ရောင်းအားက သာသွားပါပြီ။

HMD ရဲ့ Nokia-brand နဲ့ဖုန်းတွေက HTC, Sony, Google, Lenovo, OnePlus နဲ့ တခြားဖုန်းတွေထက်ကို ပိုရောင်းရပြီးတော့ ၂၀၁၇ နောက်ဆုံး၃လအတွင်းမှာတင်ကို Nokia brand နဲ့ဖုန်းပေါင်း ၄.၄သန်းရောင်းခဲ့ရပါတယ်။

ပြိုင်ဆိုင်နိုင်ဖို့ထက် စမတ်ဖုန်းလောကကို ပြန်လည်ခြေချစပဲရှိသေးလို့ စမတ်ဖုန်းဈေးကွက်မှာတော့ အောက်မှာပဲရှိနေပါသေးတယ်။ ကမ္ဘာ့ဈေးကွက်ရှယ်ယာမှာတော့ HMD ရဲ့ဖုန်းတွေက နံပါတ် ၁၁ နေရာကိုရောက်နေပြီးတော့ Huawei, Samsung တို့ Apple တို့ကိုလိုက်နိုင်ဖို့ တော်တော်လိုပါသေးတယ်။

အခုလည်း HMD ကနေ နောက်လ ဘာစီလိုနာမှာကျင်းပမယ့် Mobile World Congress ပွဲမှာမိတ်ဆက်ပွဲတစ်ခုလုပ်ဖို့စီစဉ်နေပါတယ်။ အဲ့ပွဲမှာ Nokia 3310 ကိုပြန်ဆန်းသစ်ထားတဲ့ဗားရှင်းနဲ့ဖုန်းတွေ မိတ်မဆက်ဖို့မျှော်လင့်မိသလို Nokia brand အသည်းစွဲတွေအတွက် စိတ်လှုပ်ရှားစရာတွေကိုလည်း HMD က ယူဆောင်လာခဲ့မယ်လို့ ကြေညာထားတဲ့အတွက် ဘာတွေမိတ်ဆက်သွားမလဲဆိုတာသိရဖို့ MWC ပွဲကိုစောင့်မျှော်လိုက်ရအောင်….

Ref: TheVerge

You may be interested

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Android, Huawei, HUBS
0 shares0 views

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ

Ko Thuya - Feb 23, 2019

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
NEWS, Odd
766 shares167 views

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်

Ko Thuya - Feb 23, 2019

သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)
Android, Apple, FEATURES
545 shares121 views

Samsung Galaxy S10E vs. iPhone XR (Budget Flagships ၂ လုံးကို နှိုင်းယှဉ်ခြင်း။)

Ko Thuya - Feb 22, 2019

  Samsung က ၈၉၉ ဒေါ်လာတန် Galaxy S10 နဲ့ ၉၉၉ ဒေါ်လာတန် Galaxy S10 Plus တို့အပြင် တန်ဖိုးသက်သာတဲ့ Galaxy S10E ကိုပါ ရောင်းချမှာပါ။ သူဟာ iPhone XR ကို…

Leave a Comment

Most from this category