989 Shares 5549 Views
In-display fingerprint sensor နဲ့ နောက်ဆုံးထွက် Android iPhone X clone
Feb 14, 2018
989 5549
[Zawgyi]
[Unicode]
ဒီနှစ်ကတော့ ဖုန်းတွေမှာ ထိပ်ဖက် notch တွေထည့်လာကြတဲ့နှစ်လို့ဆိုရမလားပါပဲ။ အခုလည်း iPhone X ရဲ့ notch ဒီဇိုင်းနဲ့ တရုတ်ဖုန်း Doogee V ထွက်ရှိလာတော့မှာပါ။
Doogee V ကိုကြည့်ရတာ iPhone X နဲ့တော်တော်လေးဆင်ပါတယ်။ ရှေ့ဘက် notch, အောက်ဘက်မှာလည်း ဘောင်သိပ်မရှိသလောက်ပဲဖြစ်ပြီး ကျောဘက်မှာလညး် ကင်မရာတွေကိုဒေါင်လိုက် တပ်ဆင်ထားပြီး ဖုန်းရဲ့ကျောဘက်မှာလည်း fingerprint sensor ကိုမတွေ့ရပါဘူး။
ဒါပေမယ့် ဒီ Doogee V ဖုန်းမှာတော့ Face ID မဟုတ်ဘဲ screen ထဲမှာမြှုပ်ထားမယ့် in-display fingerprint sensor ကိုသုံးမှာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကပဲ in-display sensor ကိုသုံးထားတဲ့ဖုန်းတွေမိတ်ဆက်ခဲ့ပြီး အခုလည်း Synaptics က တခြားကုမ္ပဏီတွေကို ဒီ sensor တွေရောငး်ချသွားမှာဖြစ်လို့ ဖုန်းတွေတော်တော်များများမှာတွေ့လာနိုင်ချေရှိနေပါတယ်။
သူ့မှာ Fingerprint sensor သုံးထားခြငး်ကတော့ Doogee မှာ Face ID နည်းပညာမရှိသေးလို့ပါပဲ။ Face ID မသုံးဘဲနဲ့ ထိပ်ဖက် notch ကိုထည့်တယ်ဆိုတာကတော့ ဒီဇိုင်းတုပချင်လို့ပဲ ဖြစ်နိုင်ပါတယ်။ USB-C နဲ့ နားကြပ်ပေါက်လည်း ပါပါတယ်။
ဈေးနှုန်းတွေနဲ့ ဘယ်မှာရနိုင်မယ်ဆိုတာကတော့ ခုထိမကြေညာသေးသလို ဘာ spec မှလည်း မသိရသေးပါဘူး။ 6.2-inch display ဆိုတာလေးတစ်ခုပဲသိရပြီး ဖုန်းပုံစံကလည်း Doogee ရဲ့ ဒီနေ့ကြေညာလိုက်တဲ့ teaser မှာ တွေ့မြင်ရပါပြီ။ ဖုန်းနဲ့ပတ်သတ်တဲ့အသေးစိတ်ကိုတော့ ဖေဖော်ဝါရီ ၂၇ရက်နေ့မှ Doogee က တရားဝင်ဖော်ပြသွားမှာပါ။
iPhone X နဲ့ဆင်တယ်ဆိုပေမယ့်လည်း အရည်အသွေးကတော့ ကြည့်လိုက်တာနဲ့တင် တခြားစီလို့ထင်ရပါတယ်။ ဈေးနှုန်းလည်းနည်းတဲ့အတွက် spec တွေလည်း နိမ့်ဖို့ပဲရှိပါတယ်။
You may be interested
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views
၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Ko Thuya - Nov 16, 2018
ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views
Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Ko Thuya - Nov 16, 2018
Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views
Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Ko Thuya - Nov 16, 2018
ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…
Leave a Comment
Most from this category