370 Shares 145 Views
Snapdragon 845 ထက်ကိုသာတဲ့အမှတ်တွေနဲ့ Samsung Exynos 9810 chipset
Feb 14, 2018
370 145
[Zawgyi]
[Unicode]
Galaxy S9 နဲ့ S9+ တို့ထွက်မယ့်အချိန်လည်း နီးလာပြီဆိုတော့ သိသင့်သလောက်လေးတွေလည်း သိလာရပါပြီ။ လာမယ့် ၂ပတ်လောက်အတွင်းမှာလည်း မိတ်ဆက်တော့မှာဖြစ်လို့ ဟိုတစ်စဒီတစ်စ သတင်းတွေလည်း ကြားလာရပါတယ်။
Geekbench မှာတင်ထားတဲ့ benchmark စာရင်းမှာတော့ Galaxy S9/S9+ တို့အတွက် Exynos 9810 ရဲ့စွမး်ဆောင်ရည်ကိုဖော်ပြထားပါတယ်။ Single-core အမှတ်မှာတောင် 3648 မှတ်ရပြီး multi-core အမှတ်မှာတော့ 8894 ရထားပါတယ်။ US ဗားရှင်း flagship ဖုန်းတွေအတွက်ကတော့ Qualcomm Snapdragon 845 ကိုသုံးထားမှာဖြစ်ပြီး Snapdragon ဗားရှင်းမှာတောင် Single-core အမှတ် 2378 နဲ့ multi-core ရမှတ် 8132 ပဲရှိပါတယ်။ အမှတ်ယှဉ်ကြည့်လိုက်ရင် Exynos chipset က သာနေပါတယ်။
ပုံမှန်ဆိုရင် US အတွက်ထုတ်တဲ့ဖုန်းတွေမှာ Qualcomm ရဲ့ထိပ်တန်း chipset တွေကိုပဲသုံးပြီး international version တွေအတွက်လည်း Exynos chipset တွေကိုသုံးပါတယ်။ ပုံမှန်အတိုင်းဆိုရင် Samsung ရဲ့ Exynos chipset တွေကိုသုံးထားတဲ့ Galaxy ဖုန်းတွေကတော့ Snapdragon ဖုန်းတွေထက် ဘက်ထရီပိုအားခံပါတယ်။
ဒါပေမယ့် တစ်ခုရှိတာက Geekbenchရလဒ်တွေလည်း မှားရင်မှားနိုင်ပါတယ်။ ဒါပေမယ့် ဒီထွက်လာတ့ဲ Geekbench ရလဒ်ကတော့ အမှန်ဖြစ်နိုင်ဖို့ပဲ များပါတယ်။ နောက်ထပ် ဘာတွေများ အများကြီးမျှော်လင့်လို့ရမလဲဆိုတာ လာမယ့် ဖေဖော်ဝါရီ ၂၅ရက်နေ့မှ စောင့်မျှော်ကြည့်လိုက်ရအောင်….
You may be interested
WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
FEATURES, gadgets, Mobile & Tablets
137 shares26 views
WWDC 2018 မှာ Apple ကြေညာနိုင်တဲ့ အရာများ
Ko Thuya - May 23, 2018
Apple က ဇွန်လ ၄ ရက်နေ့မှာ ကျင်းပမယ့် WWDC 2018 ပွဲအတွက် ဖိတ်စာများကို ဝေငှလိုက်ပါပြီ။ အဲဒီပွဲမှာ iOS 12 , macOS 11.14 တို့ကို ကြေညာမှာ သေချာပါတယ်။ ဒါ့အပြင် အခြား ၀န်ဆောင်မှုများနဲ့…
တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Android, Chipset, HUBS
79 shares8 views
တန်ဖိုးနည်း စမတ်ဖုန်းတွေအတွက် Helio P22 SoC ကိုမိတ်ဆက်ပေးလိုက်တဲ့ MediaTek
Tha Ra - May 23, 2018
[Zawgyi] MediaTek Helio P22 SoC ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Helio P22 SoC ဟာ တန်ဖိုးနည်း စမတ်ဖုန်းတွေမှာ ထည့်သွင်း အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ System-on-chip (SoC) ဖြစ်ပါတယ်။…
ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Apple, Chipset, HUBS
124 shares17 views
ယခုနှစ်မှာ မိတ်ဆက်မယ့် iPhone များအတွက် A12 Chip များကို စတင် ထုတ်လုပ်နေပြီ
Ko Thuya - May 23, 2018
Apple ဟာ စက်တင်ဘာလလောက်မှာ အိုင်ဖုန်း အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများမှာ iPhone XI Plus , iPhone XI နဲ့ ဈေးသက်သာတဲ့ LCD iPhone X တို့ ဖြစ်ပြီး LCD…
Leave a Comment
Most from this category