153 Shares 87 Views

Browser တုိင္းမွာ Cache ေတြ ဘယ္လုိရွင္းၾကမလဲ??

Feb 13, 2018
153 87

[Zawgyi]

ဘယ္ Browser တုိင္းမွာမဆို Setting ရဲ႕ Privacy or History ကေန ဝင္ျပီး cache ေတြကို ဖ်က္ပစ္လိုက္လို႔ရပါတယ္။ ဒါေပမယ့္ ဘာလုိ႔ cache ေတြ ရွင္းေပးဖို႔လိုတာလဲ?? Cache ဆုိတာဘာလဲဆိုတာေတြနဲ႔ ဘယ္လိုရွင္းေပးရမလဲဆိုတာေတြကို browser တစ္ခုခ်င္းစီလိုက္ျပီး ေဖာ္ျပေပးလုိက္ပါတယ္။

Cache ဆိုတာဘာလဲ??

Browser ရဲ႕ Cache ဆုိတာကလည္း ကိုယ္ဝင္ၾကည့္ဖူးတဲ့ ဝဘ္ဆိုဒ္ေတြက စာေတြ ပံုေတြနဲ႔ သူ႔မွာပါတဲ့တျခားေသာ content ေတြအကုန္လံုးကို စုထားျပီး ကြန္ပ်ဴတာရဲ႕ hard drive ဒါမွမဟုတ္ ဖုန္းမွာဆို storage မွာသြားသိမ္းထားတာပါ။

ဝဘ္ေပ့ခ်္ေတြရဲ႕ copy က ကိုယ့္ device ထဲမွာရိွေနတဲ့အတြက္ ေနာက္တစ္ၾကိမ္ အဲဒီဝဘ္ဆိုဒ္ကိုဝင္တဲ့အခါမွာ အင္တာနက္ကေန ေနာက္တစ္ခါထပ္ေဒါင္းလုပ္ခ်စရာမလိုဘဲနဲ႔ ဖုန္းသို႔မဟုတ္ ကြန္ပ်ဴတာကေနပဲ ျပန္ load လုပ္သြားတဲ့အတြက္ ဝင္ရတာမၾကာေတာ့ပဲ ျမန္သြားပါတယ္။

Cache ေတြကို ဘယ္ခ်ိန္ရွင္းမလဲဆိုေတာ့ ကိုယ္က ဒီဝဘ္ဆုိဒ္ကေန ေနာက္ဆံုး copy အသစ္ေတြကိုလိုခ်င္တဲ့အခ်ိန္မ်ိဳး ရိွျပီးသားကေနအေဟာင္းေတြျပန္ဆြဲတာမ်ိဳး မလိုခ်င္ေတာ့တဲ့အခ်ိန္မွာ ရွင္းသင့္ပါတယ္။ ဝဘ္ဆုိဒ္ေတြမွာ 404 error, 502 error တက္ေနရင္လည္း cache ေတြကိုရွင္းေပးသင့္ပါတယ္။ browser ေတြရဲ႕ Cache ေဒတာေတြကိုရွင္းလိုက္တဲ့အတြက္ hard drive ေပၚမွာလည္း ေနရာပိုမ်ားမ်ားရသြားပါတယ္။ မရွင္းေပးရင္ေတာ့ အခ်ိန္ၾကာလာတာနဲ႔အမွ် cache ရဲ႕ ဖုိင္ဆိုဒ္ၾကီးလာမွာပါ။ ဒါဆို ဘယ္ browser မွာ ဘယ္ကေန ဘယ္လိုရွင္းမလဲ??

Chrome: Clear Browsing Data

Google Chrome မွာေတာ့ Setting —> Clear browsing data ကုိသြားပါ။ Cached images and files ဆိုတာကိုေရြးေပးျပီး (ကိုယ္ဖယ္ခ်င္တဲ့တျခားဟာေတြရိွလည္းေရြးေပးလိုက္ပါ) CLEAR BROWSING DATA ကို ႏိွပ္လိုက္ရင္ ရပါျပီ။

ကီးဘုတ္ကေန အျမန္ဆံုးရွင္းခ်င္တယ္ဆိုရင္ေတာ့ Ctrl+Shift+Del ကိုႏိွပ္ျပီးရွင္းလိုက္ပါ။ ကီးဘုတ္မသံုးဘူးဆိုရင္ေတာ့ Menu ကိုႏိွပ္ (လိုင္းသံုးလိုင္း/ အစက္သံုးစက္) ျပီး More tools ကေန Clear browsing data ကိုလုပ္ေပးလုိက္ပါ။

Chrome mobile browser မွာေတာ့ Setting —> Privacy—> Clear Browsing Data—> Cached Images and Files —> Clear Browsing Data ကို ႏိွပ္လိုက္ရင္ ရပါျပီ။

Internet Explorer: Delete Browsing History

Windows ကြန္ပ်ဴတာေတြမွာသြင္းေပးထားတဲ့ Microsoft Internet Explorer မွာေတာ့ Delete Browsing History—> Temporary Internet files and website files—> Delete လုပ္ရံုပါ။ အျမန္ရွင္းခ်င္ရင္ေတာ့ ခုနကအတိုင္း Ctrl+Shift+Del ပါ။ ေနာက္တစ္နည္းကေတာ့ Tools(gear icon) —> Safety—> Delete browsing History ကိုႏိွပ္ရံုပါပဲ။

Firefox: Clear All History

Mozilla’s Firefox browser မွာေတာ့ Clear Recent History ကေန Cache—> Clear Now လုပ္ရင္ရပါျပီ။

** အခ်ိန္အကန္႔အသတ္ကိုေရြးခုိင္းတဲ့အခါမွာ “Everything” ကိုုေရြးေပးမွရပါမယ္။ ဒါမွ history တစ္ခုလံုးပ်က္သြားမွာပါ။

Mobile App မွာေတာ့ ညာဘက္ေအာက္ေျခမွာရိွတဲ့ Menu ကေန Setting—> PRIVACY—> Cache —> Clear Private Data ဆိုရင္ ရပါျပီ။ Firefox Focus မွာဆုိရင္ေတာ့ ညာဘက္အေပၚေထာင့္မွာရိွတဲ့ ERASE button ကိုႏိွပ္ဖ်က္လိုက္ရင္ရပါျပီ။

Safari: Empty Caches

Apple’s Safari browser မွာေတာ့ Develop menu ကေန Develop —> Empty Caches လုပ္ေပးပါ။ ကီးဘုတ္ကေနဆိုရင္ေတာ့  Option-Command-E ဆိုတဲ့ shortcut key ေတြတြဲႏိွပ္ေပးလိုက္ရင္ ရပါတယ္။

** Safari menu bar မွာ develop ဆိုတာကို မေတြ႔ရင္ေတာ့ Preferences, Advanced, Show Develop menu in menu bar ကိုေရြးေပးပါ။

မိုဘိုင္းလ္ Safari browser မွာေတာ့ ဖုန္းရဲ႕ Setting —> Safari —> ေအာက္ဆံုးထိဆြဲခ်ျပီး Clear History and Website Data ကုိႏိွပ္ျပီး ရွင္းလိုက္လို႔ရပါတယ္။

Opera: Clear Browsing Data

Browser ရဲ႕ Setting —> Clear browsing data—> Cached images and files —> Clear browsing data ကိုသြားရွင္းပါ။ သူလည္း Ctrl+Shift+Del ကိုသံုးလို႔ရပါတယ္။ အခ်ိန္ကိုေရြးတဲ့အခါမွာ “the beginning of time” ကို ေရြးေပးမွ အကုန္ပ်က္မွာပါ။

မိုဘိုင္းလ္ Opera မွာလည္း ေအာက္ေျခက menu ကေန Opera icon ကို ႏိွပ္ျပီး Setting —> Clear ကေန saved passwords, browsing history, cookies and data စသျဖင့္ကိုယ္ဖ်က္ခ်င္တာေတြကို ေရြးဖ်က္လိုက္ပါ။

Edge: Clear Browsing Data

Window ဗားရွင္းအသစ္ေတြမွာပါတဲ့ Microsoft’s Edge browser မွာေတာ့ Clear browsing data menu—> Cached data and files —> clear ကိုႏိွပ္ပါ။ အရင္လို Ctrl+Shift+Del ႏိွပ္လည္းရပါတယ္။ ေနာက္တစ္မ်ိဳးက Setting —> More —> Clear browsing data —> Choose what to clear ကိုသြားေရြးဖ်က္လိုက္လို႔ရပါျပီ။

မိုဘိုင္း Edge browser မွာေတာ့ Setting—> Privacy —> Clear Browsing data ကိုသြားျပီး ရွင္းခ်င္တာေတြသာေရြးေပးလိုက္ပါ။

Browser တုိင္းမွာ cache data ေတြကို ရွင္းလို႔ရႏုိင္မယ့္နည္းလမ္းေတြအားလံုးကို ေဖာ္ျပေပးလိုက္ပါျပီ။ ကိုယ္သံုးတဲ့ browser ကိုလိုက္ျပီး ရွင္းသင့္တာေတြ ရွင္းလိုက္ရေအာင္….

[Unicode]

ဘယ် Browser တိုင်းမှာမဆို Setting ရဲ့ Privacy or History ကနေ ဝင်ပြီး cache တွေကို ဖျက်ပစ်လိုက်လို့ရပါတယ်။ ဒါပေမယ့် ဘာလို့ cache တွေ ရှင်းပေးဖို့လိုတာလဲ?? Cache ဆိုတာဘာလဲဆိုတာတွေနဲ့ ဘယ်လိုရှင်းပေးရမလဲဆိုတာတွေကို browser တစ်ခုချင်းစီလိုက်ပြီး ဖော်ပြပေးလိုက်ပါတယ်။

Cache ဆိုတာဘာလဲ??

Browser ရဲ့ Cache ဆိုတာကလည်း ကိုယ်ဝင်ကြည့်ဖူးတဲ့ ဝဘ်ဆိုဒ်တွေက စာတွေ ပုံတွေနဲ့ သူ့မှာပါတဲ့တခြားသော content တွေအကုန်လုံးကို စုထားပြီး ကွန်ပျူတာရဲ့ hard drive ဒါမှမဟုတ် ဖုန်းမှာဆို storage မှာသွားသိမ်းထားတာပါ။

ဝဘ်ပေ့ချ်တွေရဲ့ copy က ကိုယ့် device ထဲမှာရှိနေတဲ့အတွက် နောက်တစ်ကြိမ် အဲဒီဝဘ်ဆိုဒ်ကိုဝင်တဲ့အခါမှာ အင်တာနက်ကနေ နောက်တစ်ခါထပ်ဒေါင်းလုပ်ချစရာမလိုဘဲနဲ့ ဖုန်းသို့မဟုတ် ကွန်ပျူတာကနေပဲ ပြန် load လုပ်သွားတဲ့အတွက် ဝင်ရတာမကြာတော့ပဲ မြန်သွားပါတယ်။

Cache တွေကို ဘယ်ချိန်ရှင်းမလဲဆိုတော့ ကိုယ်က ဒီဝဘ်ဆိုဒ်ကနေ နောက်ဆုံး copy အသစ်တွေကိုလိုချင်တဲ့အချိန်မျိုး ရှိပြီးသားကနေအဟောင်းတွေပြန်ဆွဲတာမျိုး မလိုချင်တော့တဲ့အချိန်မှာ ရှင်းသင့်ပါတယ်။ ဝဘ်ဆိုဒ်တွေမှာ 404 error, 502 error တက်နေရင်လည်း cache တွေကိုရှင်းပေးသင့်ပါတယ်။ browser တွေရဲ့ Cache ဒေတာတွေကိုရှင်းလိုက်တဲ့အတွက် hard drive ပေါ်မှာလည်း နေရာပိုများများရသွားပါတယ်။ မရှင်းပေးရင်တော့ အချိန်ကြာလာတာနဲ့အမျှ cache ရဲ့ ဖိုင်ဆိုဒ်ကြီးလာမှာပါ။ ဒါဆို ဘယ် browser မှာ ဘယ်ကနေ ဘယ်လိုရှင်းမလဲ??

Chrome: Clear Browsing Data

Google Chrome မှာတော့ Setting —> Clear browsing data ကိုသွားပါ။ Cached images and files ဆိုတာကိုရွေးပေးပြီး (ကိုယ်ဖယ်ချင်တဲ့တခြားဟာတွေရှိလည်းရွေးပေးလိုက်ပါ) CLEAR BROWSING DATA ကို နှိပ်လိုက်ရင် ရပါပြီ။

ကီးဘုတ်ကနေ အမြန်ဆုံးရှင်းချင်တယ်ဆိုရင်တော့ Ctrl+Shift+Del ကိုနှိပ်ပြီးရှင်းလိုက်ပါ။ ကီးဘုတ်မသုံးဘူးဆိုရင်တော့ Menu ကိုနှိပ် (လိုင်းသုံးလိုင်း/ အစက်သုံးစက်) ပြီး More tools ကနေ Clear browsing data ကိုလုပ်ပေးလိုက်ပါ။

Chrome mobile browser မှာတော့ Setting —> Privacy—> Clear Browsing Data—> Cached Images and Files —> Clear Browsing Data ကို နှိပ်လိုက်ရင် ရပါပြီ။

Internet Explorer: Delete Browsing History

Windows ကွန်ပျူတာတွေမှာသွင်းပေးထားတဲ့ Microsoft Internet Explorer မှာတော့ Delete Browsing History—> Temporary Internet files and website files—> Delete လုပ်ရုံပါ။ အမြန်ရှင်းချင်ရင်တော့ ခုနကအတိုင်း Ctrl+Shift+Del ပါ။ နောက်တစ်နည်းကတော့ Tools(gear icon) —> Safety—> Delete browsing History ကိုနှိပ်ရုံပါပဲ။

Firefox: Clear All History

Mozilla’s Firefox browser မှာတော့ Clear Recent History ကနေ Cache—> Clear Now လုပ်ရင်ရပါပြီ။

** အချိန်အကန့်အသတ်ကိုရွေးခိုင်းတဲ့အခါမှာ “Everything” ကိုရွေးပေးမှရပါမယ်။ ဒါမှ history တစ်ခုလုံးပျက်သွားမှာပါ။

Mobile App မှာတော့ ညာဘက်အောက်ခြေမှာရှိတဲ့ Menu ကနေ Setting—> PRIVACY—> Cache —> Clear Private Data ဆိုရင် ရပါပြီ။ Firefox Focus မှာဆိုရင်တော့ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ ERASE button ကိုနှိပ်ဖျက်လိုက်ရင်ရပါပြီ။

Safari: Empty Caches

Apple’s Safari browser မှာတော့ Develop menu ကနေ Develop —> Empty Caches လုပ်ပေးပါ။ ကီးဘုတ်ကနေဆိုရင်တော့ Option-Command-E ဆိုတဲ့ shortcut key တွေတွဲနှိပ်ပေးလိုက်ရင် ရပါတယ်။

** Safari menu bar မှာ develop ဆိုတာကို မတွေ့ရင်တော့ Preferences, Advanced, Show Develop menu in menu bar ကိုရွေးပေးပါ။

မိုဘိုင်းလ် Safari browser မှာတော့ ဖုန်းရဲ့ Setting —> Safari —> အောက်ဆုံးထိဆွဲချပြီး Clear History and Website Data ကိုနှိပ်ပြီး ရှင်းလိုက်လို့ရပါတယ်။

Opera: Clear Browsing Data

Browser ရဲ့ Setting —> Clear browsing data—> Cached images and files —> Clear browsing data ကိုသွားရှင်းပါ။ သူလည်း Ctrl+Shift+Del ကိုသုံးလို့ရပါတယ်။ အချိန်ကိုရွေးတဲ့အခါမှာ “the beginning of time” ကို ရွေးပေးမှ အကုန်ပျက်မှာပါ။

မိုဘိုင်းလ် Opera မှာလည်း အောက်ခြေက menu ကနေ Opera icon ကို နှိပ်ပြီး Setting —> Clear ကနေ saved passwords, browsing history, cookies and data စသဖြင့်ကိုယ်ဖျက်ချင်တာတွေကို ရွေးဖျက်လိုက်ပါ။

Edge: Clear Browsing Data

Window ဗားရှင်းအသစ်တွေမှာပါတဲ့ Microsoft’s Edge browser မှာတော့ Clear browsing data menu—> Cached data and files —> clear ကိုနှိပ်ပါ။ အရင်လို Ctrl+Shift+Del နှိပ်လည်းရပါတယ်။ နောက်တစ်မျိုးက Setting —> More —> Clear browsing data —> Choose what to clear ကိုသွားရွေးဖျက်လိုက်လို့ရပါပြီ။

မိုဘိုင်း Edge browser မှာတော့ Setting—> Privacy —> Clear Browsing data ကိုသွားပြီး ရှင်းချင်တာတွေသာရွေးပေးလိုက်ပါ။

Browser တိုင်းမှာ cache data တွေကို ရှင်းလို့ရနိုင်မယ့်နည်းလမ်းတွေအားလုံးကို ဖော်ပြပေးလိုက်ပါပြီ။ ကိုယ်သုံးတဲ့ browser ကိုလိုက်ပြီး ရှင်းသင့်တာတွေ ရှင်းလိုက်ရအောင်….

You may be interested

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views

S9 ထက္ ႀကိဳတင္မွာယူမႈ မ်ားေနတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မၾကာခင္ကပဲ စြမ္းရည္ျမင့္ Galaxy Note 9 ကို မိတ္ဆက္ခဲ့ပါတယ္။ သူ႔ကို ေတာင္ကိုရီးယားမွာ ႀကိဳတင္မွာယူခြင့္ ျပဳလိုက္ပါၿပီ။ အခုေတာ့ ေတာင္ကိုရီးယားမွ Carrier တစ္ခုရဲ႕ သတင္းအခ်က္အလက္မ်ား အရ Note 9 ရဲ႕ ႀကိဳတင္မွာယူမႈမ်ားဟာ…

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
976 shares115 views

DSLR နဲ႕ ရိုက္ထားတဲ့ပုံကို Nova 3 ကင္မရာနမူနာပုံအျဖစ္ အစားထိုးေၾကာ္ျငာထားတာ လူမိသြားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ္ဖုန္းကင္မရာေတြ တျဖည္းျဖည္းနဲ႕ ပိုေကာင္းလာတယ္ဆိုေပမယ့္ တကယ့္ DSLR ကင္မရာၾကီးေတြကိုေတာ့ ဘယ္လိုမွ မယွဥ္ႏိုင္ေသးဘူးဆိုတာ အားလုံးသိၾကမွာပါ။ Huawei လည္း ဒါကို သိပုံေပၚပါတယ္။ ဘာလို႕လည္းဆိုေတာ့ မၾကာေသးခင္ကမွ မိတ္ဆက္ခဲ့တဲ့ Nova 3 ဖုန္း ေၾကာ္ျငာဗီဒီယိုမွာ Huawei ဟာ…

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?
FEATURES, Softwares & Application
34 shares9 views

၀က္ဆုိက္မ်ားမွ သတင္း၊ ေဆာင္းပါးမ်ားကို Facebook မွာ ဘယ္လို သိမ္းမလဲ ?

Ko Thuya - Aug 21, 2018

Facebook က သူ႔ရဲ႕ လူမႈကြန္ရက္မ်ားမွ သတင္း၊ ေဆာင္းပါး ၊ ပို႔စ္၊ ဗီဒီယို ၊ ဓါတ္ပံုမ်ားကို Facebook ထဲမွာ သိမ္းထားႏုိင္တဲ့ စြမ္းေဆာင္ခ်က္ကို ထည့္ေပးထားတာ ၾကာပါၿပီ။ ဒါေပမယ့္ ၀က္ဆိုက္မ်ားကို ၾကည့္ေနရင္းကေန သတင္း၊ ေဆာင္းပါးမ်ားကို Facebook…

Leave a Comment

Most from this category