1025 Shares 312 Views

Benchmark စာရင္းမွာေပၚလာခဲ့တဲ့ Sony Xperia XZ2 Pro

Feb 13, 2018
1025 312

[Zawgyi]

ခုေနာက္ပုိင္းမွာ Sony လည္း 18:9 ratio ဘက္ကိုေျပာင္းလာျပီး ေဘးေဘာင္ပါးပါးေတြနဲ႔ ပိုမ်က္ႏွာျပင္က်ယ္တဲ့ဖုန္းေတြကို သူ႔ရဲ႕လာမယ့္ flagship ဖုန္းေတြမွာ သံုးလာေတာ့မွာပါ။ benchmark စာရင္းမွာ ထြက္ရိွလာခဲ့တဲ့ Sony ရဲ႕ Xperia XZ2 Pro ဖုန္းနဲ႔ပတ္သတ္တဲ့ သိရသမွ်ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ဒီ Xperai XZ2 Pro ဖုန္းသစ္မွာ Android 8.1 Oreo ကိုသံုးထားျပီး “Scren size: 424× 848 px” လို႔ေျပာထားတဲ့အတြက္ တကယ့္ screen resolution ဘယ္ေလာက္ျဖစ္မလဲဆိုတာ ဒီဂဏန္းေတြကပဲခန္႔မွန္းရပါလိမ့္မယ္။ 2:1 ျဖစ္ေနတဲ့အတြက္ 18:9 screen နဲ႔လာႏုိင္ျပီး Sony ရဲ႕ေနာက္လာမယ့္ flagship ဖုန္းမွာ LG G6 တုိ႔ Galaxy S8 တုိ႔မွာတုန္းကလို ရွည္လ်ားတဲ့ display ကိုသံုးလာမယ့္ပံုပါ။

ေနာက္ထပ္ကေတာ့ မ်ားမ်ားစားစားသိပ္မပါပါဘူး။ Omnibalance ဒီဇုိင္းလို႔ Sony က ေခၚထားတဲ့ ဒီဇုိင္းပံုစံ ေလးေထာင့္ဒီဇုိင္းနဲ႔ ေဘးဘက္ frame ရဲ႕အလယ္ေခါင္တည့္တည့္မွာ ထားထားတဲ့ ပါဝါခလုတ္ေလးကေတာ့ Sony ရဲ႕အမွတ္သညာျဖစ္တဲ့ဒီဇုိင္းကို မေပ်ာက္သြားေအာင္ ဆက္ထိန္းထားႏုိင္မယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ ဒါေပမယ့္ display ကေတာ့ 18:9 ျဖစ္လို႔ ရွည္သြားျပီး ပိုျပီးလည္း ပါးသြားတဲ့ဒီဇုိင္းနဲ႔ ထြက္လာႏုိင္ပါတယ္။

အခုထြက္လာတဲ့သတင္းမွာေတာ့ ေမာ္ဒယ္လ္နံပါတ္ H8116 လို႔ေဖာ္ျပထားျပီး ဒီဇင္ဘာလတုန္းကသတင္းထြက္ခဲ့တဲ့ ေမာ္ဒယ္လ္နဲ႔ နာမည္တူတူပါပဲ။ အဲ့ဒီတုန္းကေတာ့ 2160× 3840 pixel display လုိ႔ေဖာ္ျပခဲ့ဖူးပါတယ္။ Xperia XZ Pro ကို လာမယ့္ MWC ပြဲမွာမိတ္ဆက္သြားမယ္လို႔ သတင္းထြက္ခဲ့ဖူးတာေၾကာင့္ အခု Xperai XZ2 Pro ဆုိတဲ့နာမည္နဲ႔ ထြက္လာႏုိင္ပါတယ္။ တျခားေဖာ္ျပခဲ့ဖးူတဲ့ specification ေတြကေတာ့ Snapdragon 845, ေက်ာဘက္ dual-camera (18MP+12MP), 13MP ေရွ႕ကင္မရာ၊ RAM 6GB, Storage 64GB/128GB နဲ႔ 3420 mAh ဘက္ထရီေတြနဲ႔ထြက္ရိွာမယ္လို႔ေတာ့ သိထားပါတယ္။

ေအာက္မွာေတာ့ benchmark ရလဒ္ေလးကို ျပန္ေဖာ္ျပေပးလိုက္ပါတယ္။

[Unicode]

ခုနောက်ပိုင်းမှာ Sony လည်း 18:9 ratio ဘက်ကိုပြောင်းလာပြီး ဘေးဘောင်ပါးပါးတွေနဲ့ ပိုမျက်နှာပြင်ကျယ်တဲ့ဖုန်းတွေကို သူ့ရဲ့လာမယ့် flagship ဖုန်းတွေမှာ သုံးလာတော့မှာပါ။ benchmark စာရင်းမှာ ထွက်ရှိလာခဲ့တဲ့ Sony ရဲ့ Xperia XZ2 Pro ဖုန်းနဲ့ပတ်သတ်တဲ့ သိရသမျှတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီ Xperai XZ2 Pro ဖုန်းသစ်မှာ Android 8.1 Oreo ကိုသုံးထားပြီး “Scren size: 424× 848 px” လို့ပြောထားတဲ့အတွက် တကယ့် screen resolution ဘယ်လောက်ဖြစ်မလဲဆိုတာ ဒီဂဏန်းတွေကပဲခန့်မှန်းရပါလိမ့်မယ်။ 2:1 ဖြစ်နေတဲ့အတွက် 18:9 screen နဲ့လာနိုင်ပြီး Sony ရဲ့နောက်လာမယ့် flagship ဖုန်းမှာ LG G6 တို့ Galaxy S8 တို့မှာတုန်းကလို ရှည်လျားတဲ့ display ကိုသုံးလာမယ့်ပုံပါ။

နောက်ထပ်ကတော့ များများစားစားသိပ်မပါပါဘူး။ Omnibalance ဒီဇိုင်းလို့ Sony က ခေါ်ထားတဲ့ ဒီဇိုင်းပုံစံ လေးထောင့်ဒီဇိုင်းနဲ့ ဘေးဘက် frame ရဲ့အလယ်ခေါင်တည့်တည့်မှာ ထားထားတဲ့ ပါဝါခလုတ်လေးကတော့ Sony ရဲ့အမှတ်သညာဖြစ်တဲ့ဒီဇိုင်းကို မပျောက်သွားအောင် ဆက်ထိန်းထားနိုင်မယ်လို့တော့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် display ကတော့ 18:9 ဖြစ်လို့ ရှည်သွားပြီး ပိုပြီးလည်းပါးသွားတဲ့ဒီဇိုင်းနဲ့ ထွက်လာနိုင်ပါတယ်။

အခုထွက်လာတဲ့သတင်းမှာတော့ မော်ဒယ်လ်နံပါတ် H8116 လို့ဖော်ပြထားပြီး ဒီဇင်ဘာလတုန်းကသတင်းထွက်ခဲ့တဲ့ မော်ဒယ်လ်နဲ့ နာမည်တူတူပါပဲ။ အဲ့ဒီတုန်းကတော့ 2160× 3840 pixel display လို့ဖော်ပြခဲ့ဖူးပါတယ်။ Xperia XZ Pro ကို လာမယ့် MWC ပွဲမှာမိတ်ဆက်သွားမယ်လို့ သတင်းထွက်ခဲ့ဖူးတာကြောင့် အခု Xperai XZ2 Pro ဆိုတဲ့နာမည်နဲ့ ထွက်လာနိုင်ပါတယ်။ တခြားဖော်ပြခဲ့ဖးူတဲ့ specification တွေကတော့ Snapdragon 845, ကျောဘက် dual-camera (18MP+12MP), 13MP ရှေ့ကင်မရာ၊ RAM 6GB, Storage 64GB/128GB နဲ့ 3420 mAh ဘက်ထရီတွေနဲ့ထွက်ရှိာမယ်လို့တော့ သိထားပါတယ်။

အောက်မှာတော့ benchmark ရလဒ်လေးကို ပြန်ဖော်ပြပေးလိုက်ပါတယ်။

Source: PhoneArena

You may be interested

၂၀၁၉ ခုႏွစ္မွာ ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးမယ့္ Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုႏွစ္မွာ ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးမယ့္ Google

Ko Thuya - Nov 16, 2018

ကမာၻမွာ အင္တာနက္ ဆက္သြယ္မႈ မရေသးတဲ့ လူေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ရွိေနပါေသးတယ္။ အဲဒီ လူမ်ားအတြက္ ဂူဂယ္လ္က မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္ ထုတ္လႊင့္ေပးတဲ့ Project Loon စီမံကိန္းကို ျပဳလုပ္ေနပါတယ္။ အခုလည္း လာမယ့္ႏွစ္မွာ ဂူဂယ္လ္က ကင္ညာတြင္ မိုးပ်ံေဘာလံုးမ်ားျဖင့္ အင္တာနက္လႊင့္ေပးေတာ့မွာ…

Facebook က Messenger အတြက္ Unsend Feature ကို ျဖန္႔ခ်ီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတြက္ Unsend Feature ကို ျဖန္႔ခ်ီ

Ko Thuya - Nov 16, 2018

Facebook က မက္ဆင္ဂ်ာမွာ ေပးပို႔လိုက္တဲ့ မက္ေဆ့ခ်္မ်ားကို ဖ်က္ႏုိင္တဲ့ လုပ္ေဆာင္ခ်က္ကို စမ္းသပ္ေနခဲ့ပါတယ္။ အခုေတာ့ ဒီလုပ္ေဆာင္ခ်က္ကို ကမာၻအ၀န္းမွာ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ အရင္ကေတာ့ ေပးပို႔လိုက္တဲ့ မက္ေဆ့ခ်္မ်ားကို ဖ်က္ရင္ သင့္ဘက္ျခမ္းမွာသာ ပ်က္သြားတာ ျဖစ္ၿပီး လက္ခံရရွိသူရဲ႕ ဘက္ျခမ္းမွာ က်န္ေနပါတယ္။ အခုေတာ့…

Galaxy S9 နဲ႔ S9+ အတြက္ Android 9.0 Pie ရၿပီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ႔ S9+ အတြက္ Android 9.0 Pie ရၿပီ

Ko Thuya - Nov 16, 2018

ဆမ္ေဆာင္းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ႔ S9+ အတြက္ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားမွ User မ်ား ရရွိေနပါၿပီ။ Android Pie အေျချပဳ ဆမ္ေဆာင္းရဲ႕…

Leave a Comment

Most from this category