823 Shares 245 Views
Graphic ပိုင်းမှာ iPhone X ထက်ပိုအားသာသွားတဲ့ Snapdragon 845 chipset များ
Feb 13, 2018
823 245
[Zawgyi]
[Unicode]
စွမ်းဆောင်ရည်ပိုမြင့်လာတာကစလို့ ပိုကောင်းလာတဲ့ graphic တွေနဲ့ Snapdragon 845 တွေကတော့ Android ဟန်းဆက်တွေမှာ နေရာယူပြိုင်ဆိုင်လာနိုင်တော့မယ့်အချိန်ပါ။ Samsung ကလည်း Galaxy S9 မှာ သုံးသွားမှာဖြစ်ပြီး LG, Sony, Xiaomi န့ဲတခြားသောဖုန်းတွေလည်း သိပ်မကြာခင်သုံးလာတော့မှာပါ။
Galaxy S8, LG V30, Xiaomi Mi 6 နဲ့ OnePlus 5T တို့မှာသုံးထားတဲ့ Snapdragon 835 ထက်တောင် ပိုအားသာနေတဲ့ အခု Snapdragon 845 ရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ?? Snapdragon 835 နဲ့ Snapdragon 845 မှာဘာတွေကွာပြီး ဘာတွေသာသွားလဲဆိုတာ အောက်မှာနှိုင်းယှဉ်ကြည့်လိုက်ရအောင်..
ထုတ်လုပ်မှုပိုင်းမှာတော့ ဘာမှထူးထူးခြားခြားကြီးတိုးတက်လာတာမျိုးမရှိပါဘူး။ ၂ခုလုံးက 10nm process နဲ့ပဲထုတ်လုပ်ထားတာဖြစ်ပြီး အခုတစ်ခေါက်က second generation ဖြစ်သွားပါတယ်။ performance ပိုင်းကတော့ စွမ်းအင်ကုန်နည်းနည်းသက်သာသွားတယ်လို့ ဆိုလို့ရပါတယ်။ Qualcomm ကိုယ်တိုင်ကတော့ သူတို့ရဲ့ Spectra ကင်မရာနဲ့ Adreno graphic တွေက အရင်ဗားရှင်းတွေနဲ့ယှဉ်ရင် ၃၀%တောင် သာသွားတယ်လို့ ဆိုထားပါတယ်။ ဂရပ်ဖစ်ပိုင်းအဓိကလုပ်ဆောင်ချက်တွေ၊ ဗီဒီယိုရိုက်တာတွေနဲ့ ဝဘ်ဆိုဒ်တွေကိုဖွင့်တဲ့အခါတွေမှာ 835 တုန်းကနဲ့ယှဉ်ရင် တော်တော်ကြီးဘက်ထရီကုန်သက်သာလာတာကို တွေ့ရပါတယ်။
graphic ပိုင်းမှာ 20-40% တိုးတက်လာပြီး သုံးထားတဲ့ Adreno 630 GPU က benchmark ရလဒ်တွေမှာ iPhone X A11 chip ထက်ကို သာနေတာကိုတွေ့ရပါတယ်။ အားလုံးခြုံနှိုင်းယှဉ်ရင်တော့ Snapdragon 845 က 835 ထက် နည်းနည်းလောက်ပဲတိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ကဲ ဒါဆိုရင်တော့ သိပ်မကြာခင်မှာပဲ Snapdragon 845 သုံးထားတဲ့ ဖုန်းတွေကို စောင့်ပြီးစမး်သပ်ကြည့်ဖို့ပဲ ကျန်ပါတော့တယ်။ အောက်မှာတော့ စမ်းသပ်ထားတဲ့ benchmark ရလဒ်တွေကိုဖော်ပြပေးလိုက်ပါတယ်။
Source: PhoneArena
You may be interested
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
297 shares25 views
S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Ko Thuya - Aug 21, 2018
Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
976 shares116 views
DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Creepy Tyler - Aug 21, 2018
[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
FEATURES, Softwares & Application
34 shares9 views
ဝက်ဆိုက်များမှ သတင်း၊ ဆောင်းပါးများကို Facebook မှာ ဘယ်လို သိမ်းမလဲ ?
Ko Thuya - Aug 21, 2018
Facebook က သူ့ရဲ့ လူမှုကွန်ရက်များမှ သတင်း၊ ဆောင်းပါး ၊ ပို့စ်၊ ဗီဒီယို ၊ ဓါတ်ပုံများကို Facebook ထဲမှာ သိမ်းထားနိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်ပေးထားတာ ကြာပါပြီ။ ဒါပေမယ့် ၀က်ဆိုက်များကို ကြည့်နေရင်းကနေ သတင်း၊ ဆောင်းပါးများကို Facebook…
Leave a Comment
Most from this category