1152 Shares 496 Views


Feb 13, 2018
1152 496





Ref : gsmarena

unicode

ချစ်သူများနေ့မှာ မိတ်ဆက်မယ့် Xiaomi Redmi Note 5

ယခုလ ၁၄ ရက်နေ့မှာ ရှောင်မီက Redmi Note 5 ကို မိတ်ဆက်တော့မယ်လို့ သတင်းထွက်လာပါတယ်။ သူနဲ့အတူ Redmi Note 5 Pro ကိုလည်း မိတ်ဆက်နိုင်ပါတယ်။ Pro Model မှာ Snapdragon 636 နဲ့ သာမာန် မော်ဒယ်မှာ Snapdragon 626 ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

ယခင်က Redmi Note 5 ရဲ့ ဖိုင်နယ်ဗားရှင်းလို့ ထင်ရတဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာခဲ့ဖူးပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ညာဘက်ဟာ ဘောင်ပျောက် ဒီဇိုင်း ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်ကတော့ အလွန်ပါးလွှာပြီး Samsung Galaxy S8 နဲ့တောင် တူညီပါတယ်။ အနောက်ဘက် ကင်မရာ နှစ်လုံးရဲ့ အောက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ကင်မရာများဟာ 16MP + 5MP Camera များ ဖြစ်နိုင်ပါတယ်။

ယခင်ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သတင်းများအရ သူ့မှာ ၅.၉၉ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Resolution မှာ FHD+ (1080x2160p) ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးဟာ 18:9 ဖြစ်ပါတယ်။ Redmi Note 4 မှာပါတဲ့ Snapdragon 625 ရဲ့ မျိုးဆက်ဖြစ်တဲ့ Snapdragon 636 ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 16MP+5MP ကင်မရာနှစ်လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ကင်မရာအောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို တပ်ဆင်ထားပါတယ်။

3GB or 4GB RAM , 32GB or 64GB Storage များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 4100mAh ဖြစ်ပြီး Quick Charge 4.0 ပါလာနိုင်ပါတယ်။ ၂၃၇ ဒေါ်လာ ဝန်းကျင်ဖြင့် ရောင်းချပေးနိုင်ပါတယ်။

Ref : gsmarena

You may be interested

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google
Google, HUBS, NEWS
0 shares0 views

၂၀၁၉ ခုနှစ်မှာ ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးမယ့် Google

Ko Thuya - Nov 16, 2018

ကမ္ဘာမှာ အင်တာနက် ဆက်သွယ်မှု မရသေးတဲ့ လူပေါင်း ဘီလီယမ်နဲ့ချီပြီး ရှိနေပါသေးတယ်။ အဲဒီ လူများအတွက် ဂူဂယ်လ်က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးတဲ့ Project Loon စီမံကိန်းကို ပြုလုပ်နေပါတယ်။ အခုလည်း လာမယ့်နှစ်မှာ ဂူဂယ်လ်က ကင်ညာတွင် မိုးပျံဘောလုံးများဖြင့် အင်တာနက်လွှင့်ပေးတော့မှာ…

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ
Facebook, HUBS, Mobiles & Tablets
163 shares57 views

Facebook က Messenger အတွက် Unsend Feature ကို ဖြန့်ချီ

Ko Thuya - Nov 16, 2018

Facebook က မက်ဆင်ဂျာမှာ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်ကို စမ်းသပ်နေခဲ့ပါတယ်။ အခုတော့ ဒီလုပ်ဆောင်ချက်ကို ကမ္ဘာအ၀န်းမှာ ဖြန့်ချီပေးလိုက်ပါတယ်။ အရင်ကတော့ ပေးပို့လိုက်တဲ့ မက်ဆေ့ခ်ျများကို ဖျက်ရင် သင့်ဘက်ခြမ်းမှာသာ ပျက်သွားတာ ဖြစ်ပြီး လက်ခံရရှိသူရဲ့ ဘက်ခြမ်းမှာ ကျန်နေပါတယ်။ အခုတော့…

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ
Android, HUBS, Mobiles & Tablets
120 shares14 views

Galaxy S9 နဲ့ S9+ အတွက် Android 9.0 Pie ရပြီ

Ko Thuya - Nov 16, 2018

ဆမ်ဆောင်းက One UI ပါတဲ့ Android 9.0 Pie ကို Galaxy S9 နဲ့ S9+ အတွက် ဖြန့်ချီပေးလိုက်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားမှ User များ ရရှိနေပါပြီ။ Android Pie အခြေပြု ဆမ်ဆောင်းရဲ့…

Leave a Comment

Most from this category