Doe Mal ( ဒိုးမယ် )
All About Us
True Love Quotes 2018
Download
unicode
Valentine’s Day အတွက် အကောင်းဆုံး Android Apps များ
ချစ်သူများနေ့ ကျရောက်ဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။ ချစ်သူများနေ့မှာ Ro ဆန်ချင်တဲ့ စုံတွဲများအတွက် အကောင်းဆုံး Apps များကို ဖော်ပြပေးလိုက်ပါတယ်။
Valentine’s Day Photo Frames
ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်တဲ့ အကောင်းဆုံး နည်းလမ်းက ဓါတ်ပုံများ ဖြစ်ပါတယ်။ Valentine’s Day Photo Frames မှာ ရိုမန့် ဆန်တဲ့ ဓါတ်ပုံ ဘောင်များစွာပါပါတယ်။ သူ့မှာ ဓါတ်ပုံဘောင်များ အပြင် Effects များပါ ထည့်သွင်းနိုင်ပါတယ်။ စာသားများ၊ အမည်များကိုလည်း ရေးသားနိုင်ပါတယ်။ စာလုံး အရွယ်အစားများကိုလည်း ချိန်ညှိနိုင်ပါတယ်။ ရိုဆန်တဲ့ စတစ်ကာများ ထည့်နိုင်ပါတယ်။ ဓါတ်ပုံဘောင်ထဲမှ ဓါတ်ပုံကို Zoom ဆွဲခြင်းလည်း ပြုလုပ်နိုင်ပါတယ်။
Download
Doe Mal ( ဒိုးမယ် )
ချစ်သူများနေ့မှာ စားသောက်ဖို့ စဉ်းစားထားတဲ့ စုံတွဲများအတွက် ဒိုးမယ်က မရှိမဖြစ်ပါ။ ဒိုးမယ်က သင့် တည်နေရာ အနီးအနားမှ စားသောက်ဆိုင်များကို လျှင်မြန်စွာ ရှာဖွေပေးနိုင်ပါတယ်။ သင့်တည်နေရာနဲ့ အနီးအနားမှသာမကဘဲ မြို့နယ်များ အလိုက်လည်း စားသောက်ဆိုင်များကို ရှာဖွေနိုင်ပါတယ်။ နံနက်စာ၊နေ့လည်စာ၊ ညစာ ၊ တရုတ်စာ၊ ထိုင်းစာ စသဖြင့်လည်း Filter များဖြင့် ရှာဖွေပေးနိုင်ပါတယ်။ သူ့မှာ Activity Feed တစ်ခုပါပြီး သူငယ်ချင်းများရဲ့ စားသောက်ဆိုင် Review များကို ဖတ်ခြင်း၊ အစားအစာများကို ဓါတ်ပုံများကနေ လေ့လာခြင်းများ ပြုလုပ်နိုင်ပါတယ်။ စားသောက်ဆိုင်များရဲ့ လျှော့ဈေး အစီအစဉ်များကိုလည်း သူက ဖော်ပြပေးပါတယ်။
Download
All About Us
All About Us က ချစ်သူ နှစ်ဦးရဲ့ အမှတ်တရများကို မှတ်သားပေးပါတယ်။ သူ့မှာ Anniversary Counter အမည်ရ လုပ်ဆောင်ချက် ပါတဲ့အတွက် နှစ်ပတ်လည်နေ့များကို သင် မမေ့အောင် သူက အသိပေးနိုင်ပါတယ်။ ကလင်ဒါတစ်ခု ထည့်ပေးထားပြီး ချစ်သူနှစ်ဦး လုပ်စရာ ရှိတဲ့ နေ့ရက်များ၊ Events များကို မှတ်သားထားနိုင်ပါတယ်။ ချစ်သူနဲ့ သွားထားတဲ့ ရိုမန့်တစ် ခရီးများကို မြေပုံမှာ ပြသပေးထားတဲ့အတွက် ပျော်စရာကောင်းတဲ့ အမှတ်တရ အချိန်များကို အမြဲတမ်း ပြန်လည် ကြည်နူးရမှာ သေချာပ ါတယ်။
Download
Deliverink:Food Delivery
ချစ်သူများနေ့မှာ အပြင်မထွက်ဘဲ အိမ်မှာ နေကြမယ့် လူများအတွက်တော့ စားသောက်ဆိုင်မှ အစားအစာများကို သယ်ယူပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှု တစ်ခုတော့ လိုအပ်နိုင်ပါတယ်။ Deliverink:Food Delivery က အဲဒီ ဝန်ဆောင်မှုကို ပြုလုပ်ပေးပါတယ်။ သူက စားသောက်ဆိုင်များရဲ့ သတင်းအချက်အလက်များပါ ပံ့ပိုးပေးထားပါတယ်။ မြို့နယ်များ အလိုက် စားသောက်ဆိုင်များကို ရှာဖွေပေးနိုင်သလို သင့် တည်နေရာ အနီးအနားမှ စားသောက်ဆိုင်များကိုပါ ဖော်ပြပေးထားပါတယ်။ မြေပုံကနေလည်း စားသောက်ဆိုင်များကို ရှာဖွေနိုင်ပါတယ်။ ပရိုမိုးရှင်း အစီအစဉ်များကိုပါ သူက ပံ့ပိုးပေးထားပါတယ်။
Download
True Love Quotes 2018
ချစ်သူများနေ့မှာ သင့် ချစ်သူ အသည်းကြွေသွားအောင် ကြူချင်ရင်တော့ True Love Quotes 2018 ကို သင့်ဖုန်းထဲ မြန်မြန်သာ ထည့်ထားလိုက်ပါ။ သင့် ချစ်သူဟာ စိတ်ဓါတ် ပျော့ပြောင်းသူပဲ ဖြစ်ဖြစ်၊ မာကျောသူပဲ ဖြစ်ဖြစ် လူအားလုံးနဲ့ ကိုက်ညီတဲ့ ချစ်မှုရေးရာ စာသားများကို သူက ပြသပေးထားပါတယ်။ သင့် ချစ်သူမျက်နှာမှာ အပြုံးပန်းတွေ ပွင့်စေမှာပါ။
Download
Ref : androidheadlines, digitaltrends
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ်လ ၅ ရက်နေ့မှာ ကြေညာမည်
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ့ Teaser များကို ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက စတင် မျှဝေနေပါတယ်။ အခုတော့ ကုမ္ပဏီက မတ်လ ၅ ရက်နေ့မှာ သူ့ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီက သူ့မှာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ့ ပိုစတာ ထွက်လာ
Ko Thuya - Feb 23, 2019ပြီးခဲ့တဲ့ ရက်ပိုင်းက ဆမ်ဆောင်းက ခေါက်ချိုး စမတ်ဖုန်း Galaxy Fold ကို ကြေညာခဲ့ပါတယ်။ ဟွာဝေးကလည်း မကြာခင်မှာ သူ့ရဲ့ ခေါက်ချိုး စမတ်ဖုန်းကို ပြသတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ ခေါက်ချိုး ဖုန်းရဲ့ ပိုစတာတစ်ခု ပေါက်ကြားထွက်ပေါ်လာပါတယ်။ တွစ်တာမှာ…

4G Download Speed မှာ မြန်မာကို မယှဉ်နိုင်တဲ့ အမေရိကန်
Ko Thuya - Feb 23, 2019သတင်းခေါင်းစဉ်ကို ဖတ်ပြီး စာဖတ်သူ မှားနေတယ်လို့ မပြောကြပါနဲ့။ ဒါ အမှန်ပါ။ သုတေသန ကုမ္ပဏီ Open Signal ရဲ့ က နိုင်ငံပေါင်း ၇၇ နိုင်ငံရဲ့ 4G အင်တာနက် အမြန်နှုန်းများကို တိုင်းတာခဲ့ကြပါတယ်။ ၂၀၁၈ ခုနှစ် ဇန်န၀ါရီလ…
Leave a Comment
You must be logged in to post a comment.