3045 Shares 847 Views


Feb 12, 2018
3045 847





Ref : gizmodo

unicode

Valentine Day မှာ ရည်းစားအတု ဝန်ဆောင်မှု ပေးမယ့် ဝက်ဆိုက်

ချစ်သူများနေ့မှာ ရည်းစား မရှိလို့ စိတ်ညစ်နေသူများ အတွက် သတင်းကောင်းတစ်ခုကို ပြောပေးချင်ပါတယ်။ ဒစ်ဂျစ်တယ် ခေတ်ကြီးထဲမှာ ရည်စားအတု ဝန်ဆောင်မှုများစွာ ထွက်ပေါ်လာနေပါပြီ။ အဲဒီအတွက် ချစ်သူများနေ့မှာ သင် အထီးကျန် ဖြစ်နေစရာ မလိုတော့ပါဘူး။ အဲဒီလို ဝန်ဆောင်မှုများထဲမှ တစ်ခုက NamoroFake.com ဖြစ်ပါတယ်။

သူ့ထံကနေ ရည်းစားအတုတစ်ယောက်ကို ရက်အပိုင်းအခြားအလိုက် ငှားရမ်းဖို့အတွက် ၃ ရက်၊ ၇ ရက်နဲ့ ရက် ၃၀ Package များ ပြုလုပ်ပေးထားပါတယ်။ ရည်းစားအတု ဆိုပေမယ့် လူသား အမျိုးသမီးများက သင့်ကို ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။

သင့်ရဲ့ ရည်းစားအတုက သင့်ရဲ့ Facebook Posts များမှာ နေ့စဉ် Ro ဆန်တဲ့ ကွန်းမန့်များ ရေးပေးမှာ ဖြစ်ပါတယ်။ သင်နဲ့ ဖုန်းပြောခြင်း၊ Chat ခြင်းများကိုလည်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ သင့် သူငယ်ချင်းများက သင့်ကို အထင်ကြီး လေးစားစေမှာ သေချာပါ တယ်။ ချစ်သူများနေ့အတွက် အဲဒီဝန်ဆောင်မှုထံကနေ ရည်းစားအတု ၄၂ ၀၀၀ ကျော်ကို ငှားရမ်းထားတယ်လို့ သိရပါတယ်။

လိင်ပိုင်းဆိုင်ရာ ကိစ္စများကိုတော့ သူတို့က ဝန်ဆောင်မှုပေးမှာ မဟုတ်ပါဘူး။ ချစ်သူများနေ့မှာ သင့်ကို စိတ်ချမ်းသာစေဖို့အတွက်တော့ သူတို့က တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ ချစ်သူများနေ့သာမကဘဲ အခြားအချိန်များမှာလည်း သူတို့က ဝန်ဆောင်မှုပေးထားပါတယ်။

Ref : gizmodo

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
0 shares237 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Leave a Comment

Most from this category