Windows 10 မွာ Bluetooth Device မ်ားနဲ႔ လွ်င္ျမန္စြာ ခ်ိတ္ဆက္နုိင္တဲ့ စြမ္းရည္ ပါလာ
Microsoft က လာမယ့္ Windows 10 Update မွာ Bluetooth စြမ္းရည္အသစ္တစ္ခုကို ထည့္သြင္းေပးဖုိ႔ စမ္းသပ္ေနပါတယ္။ Windows 10 Testers မ်ားဟာ ယခုတစ္ပတ္ အေစာပိုင္းမွာ ျဖန္႔ခ်ီေပးခဲ့တဲ့ Windows 10 Build 17093 မွာ Bluetooth Device မ်ားနဲ႔ လွ်င္ျမန္စြာ ခ်ိတ္ဆက္ႏုိင္တဲ့ စြမ္းရည္ကို အသံုးျပဳႏုိင္ၿပီ ျဖစ္ပါတယ္။ Surface Precision Mouse ဟာ ဒီစြမ္းေဆာင္ခ်က္ကို အသံုးျပဳႏုိင္တဲ့ ပထမဆံုး Device ျဖစ္ပါတယ္။ Windows 10 ဟာ အဲဒီ ေမာက္စ္နဲ႔ လွ်င္ျမန္စြာ ခ်ိတ္ဆက္ဖို႔အတြက္ အခုဆိုရင္ Notification ကို ျပသေပးမွာ ျဖစ္ပါတယ္။
အဲဒီအတြက္ ဆက္တင္ထဲသြားၿပီး Bluetooth Device မ်ားကို ခ်ိတ္ဆက္ရတဲ့ အလုပ္ရႈပ္မႈမ်ား ကင္းေ၀းေစမွာ ျဖစ္ပါတယ္။ မိုက္ကရိုေဆာ့ဖ္ဟာ အဲဒီ Bluetooth ခ်ိတ္ဆက္တဲ့ စြမ္းေဆာင္ခ်က္ကို Devices မ်ားစြာမွာ အေထာက္အပံ့ေပးဖို႔အတြက္ Logitech အပါအ၀င္ ကုမၸဏီမ်ားစြာနဲ႔ ပူးေပါင္းေနပါတယ္။
ဒီလုပ္ေဆာင္ခ်က္ကို iOS နဲ႔ Android Devices မ်ားမွာ အသံုးျပဳႏုိင္ပါတယ္။ မိုက္ကရိုေဆာ့ဖ္က လက္ရွိမွာ ဒီလုပ္ေဆာင္ခ်က္ကို အေထာက္အပံ့ေပးတဲ့ Devices အနည္းငယ္မွာသာ အသံုးျပဳႏုိင္တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ကုမၸဏီက ဒီလုပ္ေဆာင္ခ်က္ကို အနာဂတ္မွာ ပံုေသစံႏႈန္း အျဖစ္ ထည့္သြင္းေပးဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။ ကုမၸဏီရဲ႕ ယခု Bluetooth လုပ္ေဆာင္ခ်က္ အသစ္ကို မတ္လ သို႔မဟုတ္ ဧၿပီလမွာ ျဖန္႔ခ်ီမယ့္ Major Windows 10 Update မွာ ထည့္သြင္းေပးမွာ ျဖစ္ပါတယ္။
Ref : theverge
unicode
Windows 10 မှာ Bluetooth Device များနဲ့ လျှင်မြန်စွာ ချိတ်ဆက်နိုင်တဲ့ စွမ်းရည် ပါလာ
Microsoft က လာမယ့် Windows 10 Update မှာ Bluetooth စွမ်းရည်အသစ်တစ်ခုကို ထည့်သွင်းပေးဖို့ စမ်းသပ်နေပါတယ်။ Windows 10 Testers များဟာ ယခုတစ်ပတ် အစောပိုင်းမှာ ဖြန့်ချီပေးခဲ့တဲ့ Windows 10 Build 17093 မှာ Bluetooth Device များနဲ့ လျှင်မြန်စွာ ချိတ်ဆက်နိုင်တဲ့ စွမ်းရည်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Surface Precision Mouse ဟာ ဒီစွမ်းဆောင်ချက်ကို အသုံးပြုနိုင်တဲ့ ပထမဆုံး Device ဖြစ်ပါတယ်။ Windows 10 ဟာ အဲဒီ မောက်စ်နဲ့ လျှင်မြန်စွာ ချိတ်ဆက်ဖို့အတွက် အခုဆိုရင် Notification ကို ပြသပေးမှာ ဖြစ်ပါတယ်။
အဲဒီအတွက် ဆက်တင်ထဲသွားပြီး Bluetooth Device များကို ချိတ်ဆက်ရတဲ့ အလုပ်ရှုပ်မှုများ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ မိုက်ကရိုဆော့ဖ်ဟာ အဲဒီ Bluetooth ချိတ်ဆက်တဲ့ စွမ်းဆောင်ချက်ကို Devices များစွာမှာ အထောက်အပံ့ပေးဖို့အတွက် Logitech အပါအဝင် ကုမ္ပဏီများစွာနဲ့ ပူးပေါင်းနေပါတယ်။
ဒီလုပ်ဆောင်ချက်ကို iOS နဲ့ Android Devices များမှာ အသုံးပြုနိုင်ပါတယ်။ မိုက်ကရိုဆော့ဖ်က လက်ရှိမှာ ဒီလုပ်ဆောင်ချက်ကို အထောက်အပံ့ပေးတဲ့ Devices အနည်းငယ်မှာသာ အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဒီလုပ်ဆောင်ချက်ကို အနာဂတ်မှာ ပုံသေစံနှုန်း အဖြစ် ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီရဲ့ ယခု Bluetooth လုပ်ဆောင်ချက် အသစ်ကို မတ်လ သို့မဟုတ် ဧပြီလမှာ ဖြန့်ချီမယ့် Major Windows 10 Update မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
Ref : theverge
You may be interested

48MP Camera ပါတဲ့ OPPO F11 Pro ကို မတ္လ ၅ ရက္ေန႔မွာ ေၾကညာမည္
Ko Thuya - Feb 23, 2019OPPO က F11 Pro ရဲ႕ Teaser မ်ားကို ၿပီးခဲ့တဲ့ တစ္ပတ္ကတည္းက စတင္ မွ်ေ၀ေနပါတယ္။ အခုေတာ့ ကုမၸဏီက မတ္လ ၅ ရက္ေန႔မွာ သူ႔ကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ ကုမၸဏီက သူ႔မွာ 48MP+5MP…

Huawei Mate X Foldable Phone ရဲ႕ ပိုစတာ ထြက္လာ
Ko Thuya - Feb 23, 2019ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆမ္ေဆာင္းက ေခါက္ခ်ိဳး စမတ္ဖုန္း Galaxy Fold ကို ေၾကညာခဲ့ပါတယ္။ ဟြာေ၀းကလည္း မၾကာခင္မွာ သူ႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသေတာ့မွာ ျဖစ္ပါတယ္။ အခုေတာ့ သူ႔ရဲ႕ ေခါက္ခ်ိဳး ဖုန္းရဲ႕ ပိုစတာတစ္ခု ေပါက္ၾကားထြက္ေပၚလာပါတယ္။ တြစ္တာမွာ…

4G Download Speed မွာ ျမန္မာကို မယွဥ္ႏိုင္တဲ့ အေမရိကန္
Ko Thuya - Feb 23, 2019သတင္းေခါင္းစဥ္ကို ဖတ္ၿပီး စာဖတ္သူ မွားေနတယ္လို႔ မေျပာၾကပါနဲ႔။ ဒါ အမွန္ပါ။ သုေတသန ကုမၸဏီ Open Signal ရဲ႕ က ႏိုင္ငံေပါင္း ၇၇ ႏိုင္ငံရဲ႕ 4G အင္တာနက္ အျမန္ႏႈန္းမ်ားကို တိုင္းတာခဲ့ၾကပါတယ္။ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ…
Leave a Comment
You must be logged in to post a comment.