တိုက်ခိုက်ရေး ဂိမ်း အသစ် Shadow Fight 3 ( Android )

Shadow Fight Series များဟာ စမတ်ဖုန်းအတွက် ဖန်တီးထားတဲ့ အကောင်းဆုံး တိုက်ခိုက်ရေး ဂိမ်းများထဲမှ တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ အရင်ကထွက်ရှိခဲ့တဲ့ Shadow Fight 2 ကလည်း ကစားရတာ အလွန်ကောင်းမွန်ပါတယ်။ အခုတော့ Shadow Fight 3 ထွက်လာပါပြီ။ ဂရပ်ဖစ်များက သက်ဝင်လှပပြီး တိုက်ခိုက်နည်းမျိုးစုံဖြင့် ရင်ခုန်စိတ်လှုပ်ရှားစွာ ကစားရမှာ ဖြစ်ပါတယ်။

ဓါး၊ ပုဆိန်၊ လှံ၊ တူ စတဲ့ လက်နက်ကိရိယာများစွာလည်း ပါပါတယ်။ ဇာတ်လမ်းက အလွန် ကောင်းမွန်ပါတယ်။ သူဟာ 2D Soul Calibur Title နဲ့ ဆင်တူပါတယ်။ ဂိမ်းတစ်ခုလုံးကို အောင်မြင်ဖို့အတွက် အချိန်များစွာ ပေးရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အခမဲ့ ကစားသူများအတွက် ဖြစ်ပါတယ်။ အခပေး ကစားရင်တော့ လွယ်ကူလျှင်မြန်စွာ အောင်မြင်မှာ ဖြစ်ပါတယ်။

တိုက်ပွဲမှာ အနိုင်ရရင် ငွေကြေးနဲ့ Items များကို ဆု အဖြစ် ရရှိမှာ ဖြစ်ပါတယ်။ ဂိမ်းကို NEKKI က ဖန်တီးထားတာ ဖြစ်ပါတယ်။ Android 4.1 နဲ့ အထက်မှာ ကစားနိုင်ပါတယ်။ ဖိုင်အရွယ်အစားကတော့ အနည်းငယ်ကြီးမားပြီး 551MB ရှိပါတယ်။ အောက်ပါ လင့်ကနေ ရယူနိုင်ပါတယ်။

Download
App version: 5.2.3
App size: 551 MB
App compatibility: Android 4.1 and up
Economic model: In-app purchases

Ref : androidpit

unicode

တိုက်ခိုက်ရေး ဂိမ်း အသစ် Shadow Fight 3 ( Android )

%d bloggers like this: