Android Phone မှ ဒေတာများကို အဝေးမှ ဖျက်ဆီးနည်း

ကိုယ်ရေးကိုယ် ဒေတာများ ထည့်သွင်းထားတဲ့ သင့်ရဲ့ Android Phone ပျောက်ဆုံးသွားရင် အခြားလူများက သင့်ရဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ ဒေတာများနဲ့ Apps များကို အသုံးပြုခွင့်ရရှိသွားမှာ စိုးရိမ်စရာဖြစ်ပါတယ်။ ငွေကြေးနဲ့ မပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များကို အခြား လူများ သိသွားမှာကလည်း စိတ်ပူစရာပါ။ ဒီလို အခြေအနေမှာ ပျောက်နေတဲ့ သို့မဟုတ် ခိုးယူခံရတဲ့ Android Device မှ ဒေတာများကို အဝေးကနေ ဖျက်ပစ်နိုင်တဲ့ နည်းလမ်းရှိပါတယ်။

ဖုန်းမပျောက်ဆုံးခင် ကြိုတင်ပြုလုပ်ထားရမယ့် အချက်

ဖုန်းမှ ဒေတာများကို အဝေးကနေ ဖျက်ဆီးနိုင်ဖို့အတွက် ဖုန်းမပျောက်ဆုံးခင်မှာ ကြိုတင်ပြုလုပ်ထားရမယ့် အချက်တစ်ခု ရှိပါတယ်။ Default အားဖြင့်တော့ အဲဒီ Settings ကို Enable လုပ်ထားပေမယ့် သေချာအောင် စစ်ဆေးထားသင့်ပါတယ်။ Google Settings App >Security>Android Device Manager ထဲသွားပြီး “ Allow remote lock and erase” ကို On လုပ်ပေးပါ။ Remotely Locate ကိုလည်း On လုပ်ပေးပါ။ Android Device Manager ကို တက်ဘလက်များမှာလည်း အသုံးပြုနိုင်ပေမယ့် User Accounts များစွာရှိရင်တော့ Tablet Owner မှသာ Android Device Manager ကို On or Off ပြုလုပ်နိုင်မှာပါ။

Android Device Manager ကို အသုံးပြုရင် သိထားသင့်တဲ့အချက်တွေလည်း ရှိပါသေးတယ်။ အရေးကြီးတဲ့ ဒေတာများ၊ ကိုယ်ရေးကိုယ်တာ ဒေတာများကို microSD Card မှာ သိမ်းဆည်းထားခြင်းကို မပြုလုပ်သင့်ပါဘူး။ Android Device Manager ကနေ Remote Wiping ကို အသုံးပြုတဲ့အခါမှာ Internal ထဲမှ ဒေတာများကိုသာ ဖျက်ဆီးပေးနိုင်ပါတယ်။ အားကောင်းတဲ့ Lock Code or Pattern များကိုလည်း အသုံးပြုသင့်ပါတယ်။ AirDroid , Lookout တို့လို Apps များကိုလည်း အသုံးပြုသင့်ပါတယ်။ Apps နှစ်ခုစလုံးဟာ Remote Wiping ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် မပြုလုပ်ခင်မှာ အရေးကြီးတဲ့ ဒေတာများကို ကူးယူပေးနိုင်ပါသေးတယ်။

ဖုန်းမှ ဒေတာများကို အဝေးမှ ဖျက်ဆီးနည်း

သင့်ဖုန်း ပျောက်ဆုံးသွားရင် သို့မဟုတ် ခိုုးယူခံရရင် နည်းနှစ်နည်းနဲ့ Android Device Manager ကို အသုံးပြုနိုင်ပါတယ်။ အခြား Android Device တစ်ခုကနေ Android Device Manager App ကို အသုံးပြုခြင်းနဲ့ Android Device Manager Website ကို အသုံးပြုခြင်းတို့ဖြစ်ပါတယ်။

App ကိုဖွင့်ပြီး သို့မဟုတ် ဝက်ဆိုက်မှာ သင့်ရဲ့ Google Account နဲ့ Login ဝင်ပြီးတာနဲ့ Android Device Manager က သင့်ရဲ့ ပျောက်ဆုံးနေတဲ့ Device ကို ခြေရာခံမှာပါ။ သင့်ရဲ့ ဖုန်းဟာ ပါဝါဖွင့်ထားပြီး Signal ကို ရရှိနိုင်မယ်ဆိုရင် မြေပုံပေါ်မှာ သင့်ရဲ့ ဖုန်းကို မြင်တွေ့ရမှာပါ။ Ring it, Lock it , Remotely wipe it ဆိုတဲ့ Options သုံးခုကိုလည်း တွေ့မြင်နိုင်ပါတယ်။ သင့်ရဲ့ ဖုန်းဟာ ပါဝါပိတ်ထားပြီး Signal မရရှိတဲ့ နေရာကို ရောက်ရှိနေရင်တော့ Android Device Manager က ဖုန်းဟာ အွန်လိုင်း ဖြစ်လာတဲ့ အချိန် သို့မဟုတ် ဝိုင်ဖိုင် ၊ ဆယ်လူလာ ကွန်ရက်များကို ချိတ်ဆက်မိတဲ့အချိန်များမှာ ဖုန်းရဲ့ တည်နေရာကို သင့်ထံ သတင်းပို့မှာ ဖြစ်ပါတယ်။

Options သုံးခုထဲမှာ ဒေတာများ ပျက်ဆီးမှုမရှိတဲ့ နည်းလမ်းများကို အရင်ဆုံး အသုံးပြုဖို့ အကြံပေးပါတယ်။ နောက်ဆုံး အခြေအနေမှသာဒေတာများကို ဖျက်ဆီးသင့်ပါတယ်။ ဖုန်းပျောက်မှု တော်တော်များများဟာ နေရာထားမှားမှုကြောင့် ဖြစ်တတ်ကြပါတယ်။ အဲဒီအတွက် အရင်ဆုံး Ring ပြုလုပ်ပါ။

Lock Screen ကို ပြောင်းလဲပါ။

ဒေတာများ မဖျက်ဆီးခင်မှာ ဒုတိယ ပြုလုပ်နိုင်တဲ့ နည်းလမ်းက Lock Screen ကို ပြောင်းလဲတာ ဖြစ်ပါတယ်။ Password အသစ်သတ်မှတ်ပေးပြီး ဖုန်းရဲ့ Lock Screen မှာ ပြသချင်တဲ့ Message နဲ့ သင့်ထံ ဆက်သွယ်နိုင်မယ့် အခြား ဖုန်းတစ်လုံးရဲ့ နံပါတ်တို့ကို ရေးသားပေးပို့နိုင်ပါတယ်။ Password အသစ်ကို သင့် Google Account ရဲ့ Password ကို မပေးဖို့ Google က သတိပေးထားပါတယ်။

ဒေတာများကို ဖျက်ဆီ်းခြင်း။

အပေါ်က နည်းလမ်းများနဲ့ အဆင်မပြေရင်တော့ အဝေးကနေ ဒေတာများကို ဖျက်ဆီးနိုင်ပါတယ်။ Erase ကို ရွေးချယ်ရင် သင့်ရဲ့ ဖုန်း၊ တက်ဘလက်ကို Wipe လုပ်မှာပါ။ ဒါဟာ Full Factory Reset ပြုလုပ်တာ ဖြစ်တဲ့အတွက် သင့်ရဲ့ Settings, Music, Photos နဲ့ Apps များ အားလုံးကို ဖျက်ဆီးမှာဖြစ်ပါတယ်။ SD Card မှ ဒေတာများကို မဖျက်ဆီးပေးတာကို သတိပြုပါ။

Android Device Manager ကို Set Up မလုပ်ထားမိရင် ဒါမှမဟုတ် တစ်ခြား Tracking Apps တွေကို အင်စတော မလုပ်ထားမိရင်

သင့်ဖုန်းမှာ Android Device Manager ကို Set Up မလုပ်ထားမိဘူးဆိုရင် ဒါမှမဟုတ် တစ်ခြား Tracking App တွေကို အင်စတော မလုပ်ထားမိဘူးဆိုရင် လည်း သင့်ဖုန်းကိုပြန်ရှာနိုင်တဲ့အခွင့်အရေးရှိပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ဖုန်းပျောက်သွားပြီး မှ Tracking App တစ်ခုကို Google Play Store ကနေ Remote Install ပြုလုပ်နိုင်လို့ဖြစ်ပါတယ်။ Android အတွက် Tracking App တွေများစွာရှိပြီး သင့်ဖုန်းနဲ့ Compatible ဖြစ်တဲ့ App ကို Google Play Store မှာရှာပြီး Remote Install ပြုလုပ်နိုင်ပါတယ်။ နာမည်ကြီးတဲ့ Tracking Apps တွေက Android Lost, Lookout , Prey, Cerberus , AirDroid စတာတွေအပြင် Google Play Store မှာ များစွာရှိပါတယ်။ Android Lost က android 2.2 နဲ့ သူ့အထက်ကဖုန်းတွေမှာ အလုပ်လုပ်ပေးနိုင်တဲ့အတွက် ဖုန်းတော်တော်များများနဲ့ အဆင်ပြေပါတယ်။

Ref : howtogeek

%d bloggers like this: