Xiaomi Mi Sphere Camera

Xiaomi Mi Sphere Camera ဆိုတာက 23.88 MP ရှိတဲ့ sphere ပုံတွေနဲ့ 3.5k ဗီဒီယိုတွေကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မယ့် 360-degree ကင်မရာလေးပါ။ 6-axis EIS( Electronic Image Stabilization) နဲ့ ရေစိုခံနိုင်မှုကတော့ IP 67 ရထားတဲ့ကင်မရာတစ်လုံးပါ။ တခြား 360-drgree ကင်မရာတွေနဲ့မတူတဲ့ သူ့ရဲ့ဒီဇိုင်းလေးက လေးထာင့်စက်စက်ကိုယ်ထည်နဲ့ ပြားပြားလေးဖြစ်နေတာပါ။ Dimension (3.07× 2.65× 0.47 inches) ရှိပြီး အလူမီနီယမ်နဲ့ ထိတွေ့ရနူးညံ့တဲ့ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ အထက်တန်းဆန်တဲ့ပုံစံမျိုးနဲ့ Sony IMX 206 16.35MP 1/ 2.3 sensors တွေ 190-degree f/2.0 lens တွေကြောင့် လုပ်ဆောင်ချက်ကတော ပူစရာမလိုပါဘူး။

360 ပုံတွေဗီဒီယိုတွေရိုက်တာအပြင် Mi Sphere ကင်မရာက ကိုယ်တိုင်ပြောင်းလို့ရတဲ့ manual control (exposure 32sec) , RAQ photo တွေ၊ slow-motion, time-lapse နဲ့ bullet-time ဗီဒီယိုတွေရိုက်ကူးလို့ရိုက်နိုင်ပါသေးတယ်။ ကင်မရာကိုယ်တိုင် standalone လုပ်ဆောင်နိုင်သလို Xiaomi ရဲ့ iOS, Android app တွေနဲ့လည်း သုံးလို့ရနိုင်ပါတယ်။ app နဲ့မဟုတ်ဘဲနဲ့ ကင်မရာရဲ့ wi-fi hotspot ကို manually ချိတ်လို့မရနိုင်သေးတာတော့ အားနည်းချက်ပါ။ ရိုက်ပြီးသွားရင်ဓာတ်ပုံတွေကတော့ အဆင်ပြေပေမယ့် ဗီဒီယိုတွေကျတော့ ဆက်တိုက်ရိုက်လို့အဆင်မပြေတဲ့အတွက် manage လုပ်ဖို့ခက်ပါတယ်။ ဒါပေမယ့်အဲ့ဒီအတွက် export လုပ်နိုင်ဖို့ကုမ္ပဏီက PC app (Windows only) ကိုပေးထားပါတယ်။ iOS app video editor မရှိတာတော့ အားနည်းချက်ပါ။

Mi-sphere ကင်မရာမှာတွေအတွက် mini-tirpod, micro-USB အားသွင်းကြိုး၊ ကင်မရာအိတ်အပျော့တွေပါပေမယ့် မြန်တဲ့ microSD မမ်မိုရီကဒ်တော့ ကိုယ့်ဘာသာထည့်ရပါလိမ့်မယ်။ ဘက်ထရီသက်တမ်းအတွက်ကတော့ 1600mAh (non-removable) ဘက်ထရီကိုသုံးထားပြီး ဆက်တိုက်သုံးရင်တော့ မိနစ်၉၀လောက်ခံပါတယ်။ Quick Charge 2.0 USB power adapter ဖြစ်လို့ အားအမြန်သွင်းလို့ရနိုင်ပါတယ်။

Good points

– အရည်အသွေးမြင့် 360-degree ပုံတွေ ဗီဒီယိုတွေရိုက်ကူးနိုင်ခြင်း

– 6-axis EIS

– ရေစိုခံနိုင်မှု IP67

– အကောင်းဆုံး feature များ(manual control, RAW, bullet-time, etc…)

Bad Points

– မမ်မိုရီကဒ်မပါခြင်း

– manual WiFi ချိတ်ဆက်ဖို့ remote operation လိုအပ်နေခြင်း

– ဗီဒီယို workflow အတွက် တစ်ချို့ platform တွေ (Mac) တွေမှာမရနိုင်ခြင်း

ဝယ်သင့်လား??

$300 ဆိုတာ 360 ပုံတွေဗီဒီယိုတွေရိုက်ကူးနိုင်တဲ့ကင်မရာတစ်လုံးအတွက် များတဲ့ဈေးလို့ပြောလို့မရပါဘူး။ performance ပိုင်းရော အကောင်းစား feature ရော အမိုက်စားဒီဇိုင်းတွေရောကြောင့် ဒီဈေးနှုန်းနဲ့ ဒီအတန်းထဲမှာတော့ အကောင်းဆုံး 360 camera လို့ပြောလို့ရပါတယ်။

Mi Sphere Gallary

%d bloggers like this: