0 Shares 102 Views

Xiaomi ကုမ္ပဏီက အသစ်ထုတ်လုပ်လိုက်တဲ့ 4K resolution မြင့်၊ ၆၅ လက်မအရွယ် Android တီဗီ

Mar 24, 2016
0 102

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ Xiaomi ကုမ္ပဏီဟာ ၎င်းတို့ရဲ့ တီဗီမော်ဒယ်အသစ်ဖြစ်တဲ့ Mi TV 3S ကို စတင်ပြသသွားခဲ့ပါတယ်။

Mi TV 3S တီဗီဟာ မော်ဒယ်နှစ်မျိုးနဲ့ ထွက်ရှိလာတာဖြစ်ပြီး၊ မျက်နှာပြင်အကွေးကြိုက်သူတွေအတွက် ၆၅ လက်မအရွယ် Mi TV 3S Curve နဲ့ flat မျက်နှာပြင်ကြိုက်သူတွေအတွက် ၄၃ လက်မအရွယ် Mi TV 3S flat ဆိုပြီး ၀ယ်ယူသူစိတ်ကြိုက် မော်ဒယ်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

၆၅ လက်မ Curve တီဗီက 4K resolution ရှိပြီး၊ အကောင်းဆုံးရုပ်ထွက်အရည်အသွေးကို ခံစားနိုင်မယ့်တီဗီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၃၉၀ ကျသင့်မှာဖြစ်ပါတယ်။ Flat တီဗီကတော့ Full HD resolution နဲ့ ဖြစ်ပြီး၊ ဈေးနှုန်း ၂၇၈ ဒေါ်လာပဲ ရှိပါတယ်။

xiaomi_mi_tv_3s_43

Mi TV 3S Curve ရဲ့ မျက်နှာပြင်အကွေးကို Samsung က ထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ အထူက ၅.၉ မီလီမီတာသာ ရှိကာ အရမ်းကျစ်လျစ်ပါးလျပါတယ်။ ထူးခြားချက်အနေနဲ့ ဒီတီဗီဟာ Android စနစ်သုံး ဖြစ်ပြီး၊ Mstar 6A928 TV ပရိုဆက်ဆာ၊ 2GB RAM နဲ့ အတွင်းပိုင်းဒေတာသိုလှောင်နိုင်မှု 8GB တို့ ပါရှိပါတယ်။ အသံပိုင်းအနေနဲ့လည်း Dolby နဲ့ DTS audio စနစ်တွေအသုံးပြုထားပြီး၊ ဒီတီဗီဝယ်ယူရင် စပီကာ ၂ ခု နဲ့ ၀ူဖာ ၄ ခု သီးသန့်ပါဝင်တဲ့ Mi TV ဘားပါ ရရှိမှာဖြစ်ပါတယ်။

၄၃ လက်မအရွယ် Mi TV 3S Flat ကတော့ ၁၀.၉ မီလီမီတာ အထူရှိပြီး၊ သတ္တုကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ ဒီတီဗီကလည်း Android စနစ်နဲ့ပဲဖြစ်ပြီ Mstar 6A908 ပရိုဆက်ဆာ၊ RAM 1GB နဲ့ အတွင်းပိုင်းဒေတာ သိမ်းဆည်းနိုင်မှု 8GB တို့ ပါရှိမှာပါ။ Dolby DTS အသံစနစ်လည်း ပါဝင်ပြီး၊ Mi TV ဘားတော့ ပါမှာမဟုတ်ပါဘူး။

Mi TV 3S မော်ဒယ်နှစ်မျိုးလုံးကို Xiaomi ဖုန်းတွေမှာ အသုံးပြုထားတဲ့ MIUI ကိုပဲ အသုံးပြုထားပြီး၊ မတ်လ ၃၁ ရက်နေ့ကစပြီး၊ တရုတ်နိုင်ငံတွင်း စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Gadgets 360, GSM Arena

 

You may be interested

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2
Android, HUBS, Mobiles & Tablets
0 shares0 views

သြဂုတ်လမှာ ရောင်းမယ့် Xiaomi Mi A2

Ko Thuya - Jun 19, 2018

ရှောင်မီက ဧပြီလမှာ Mi 6X ကို တရုတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ Android One Version ကို မကြေညာခဲ့ပါဘူး။ အခုတော့ Swiss Online Store တစ်ခုမှာ Xiaomi Mi A2 ကို…

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်
FEATURES, HOW TO, Mobile & Tablets
147 shares668 views

ဖုန်း အားသွင်းရင် မပြုလုပ်သင့်တဲ့ အချက် (၆) ချက်

Ko Thuya - Jun 19, 2018

ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး စမတ်ဖုန်းများကို အသုံးပြုနေကြပါပြီ။ စမတ်ဖုန်းများရဲ့ ဘက်ထရီ သက်တမ်းဟာ များသောအားဖြင့် ၈ နာရီ ၀န်းကျင် ဖြစ်ကြပါတယ်။ ဒါပေမယ့် စမတ်ဖုန်းများရဲ့ ဘက်ထရီဟာ အသုံးပြုတာ ကြာလာတာနဲ့အမျှ စွမ်းရည် နည်းပါးလာကြပါတယ်။ အဲဒီအတွက် သင့် စမတ်ဖုန်း ဘက်ထရီ…

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple
Uncategorized
375 shares1172 views

iPhone တစ်ချို့ပြင်ဆင်ပေးဖို့ငြင်းဆန်တဲ့အတွက် ဒဏ်ငွေတပ်ခံလိုက်ရတဲ့ Apple

Nwe Oo - Jun 19, 2018

[Zawgyi]  Apple က တခြား Third-Party ဆားဗစ်သမားတွေပြင်ပြီးသား iPhone တွေ iPad တွေကိုပြင်ဆင်ပေးဖို့ ငြင်းဆန်တဲ့အတွက် သြစတေးလျတရားရုံးက Apple ကို A$9သန်း (ကန်ဒေါ်လာ၆.၅သန်း[or] ယူရို၅သန်း) ဒဏ်ငွေတပ်လိုက်ပါတယ်။ မနှစ်ကလည်း ဒီလိုပဲ အမှားအယွင်းဖြစ်နေတဲ့ iPhone, iPad…

Leave a Comment

Most from this category