HTC ရဲ့ နာမည်ကျော်စမတ်ဖုန်းအသစ် One M 10 ဧပြီလ ၁၂ ရက်နေ့မှာ ထွက်ရှိမည်

HTC One M9 စမတ်ဖုန်းရဲ့ နောက်မျိုးဆက်သစ်၊ One M 10 ဖုန်း ကို ဧပြီလ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့်၊ မိတ်ဆက်ပွဲမှာ စတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါမိတ်ဆက်ပွဲကို အွန်လိုင်းကနေသာ ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ ကုမ္ပဏီဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

HTC ကုမ္ပဏီဟာ တွစ်တာစာမျက်နှာမှာ ကြော်ငြာဓာတ်ပုံတစ်ခုကို #powerof10 ဆိုတဲ့ hashtag စာသားနဲ့ တွဲတင်ခဲ့ပြီး ယခုသတင်းကို တရားဝင်ကြေငြာခဲ့တာဖြစ်ပါတယ်။

image0012

 

One M10 ဖုန်းနဲ့ ပတ်သတ်ပြီးထွက်ရှိနေတဲ့သတင်းတွေအရ၊ ဒီဖုန်းမှာ ၅.၁ လက်မအရွယ် Super LCD 5 မျက်နှာပြင်ပါဝင်လာဖွယ်ရှိပြီး၊ ဒီမျက်နှာပြင်ဟာ ဘက်ထရီအစားသက်သာသလို၊ နေရောင်ထဲမှာ အလင်းမပြန်ဘဲ၊ ကောင်းစွာအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီ့အပြင် Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 820 ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM 4GB နဲ့ ဖုန်းတွင်းသိုလှောင်နိုင်မှု 32 GB တို့ ပါရှိမှာဖြစ်ကာ၊ microSD ကတ်လည်း ထပ်စိုက်နိုင်မှာပါ။

နောက်ထပ်ခန့်မှန်းထားချက်တွေအရ Android Marshmallow နဲ့ လာမှာဖြစ်ပြီး၊ 12.3 MP ကျောကင်မရာ၊ LED ဖလက်ရှ်နှစ်လုံးတွဲ၊ selfie ကောင်းကောင်းရိုက်ကူးနိုင်မယ့် 5MP Ultrapixel ရှေ့ ကင်မရာတို့ ပါဝင်လာမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Ref: Times of India

 

 

%d bloggers like this: