Huawei MateBook E ကို ဝေဖန်သုံးသပ်ခြင်း

ဟွာဝေးရဲ့ MateBook E ဟာ လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ပီစီ ဖြစ်ပြီး ဟွာဝေးရဲ့ ဒုတိယမြောက် 2 in 1 Device ဖြစ်ပါတယ်။ မူလ ၁၂ လက်မ မော်ဒယ်အပေါ်မှာပဲ အခြေပြုဖန်တီးထားပြီး အတွင်းပိုင်း အစိတ်အပိုင်းများနဲ့ ချိန်ညှိနိုင်တဲ့ Stand ဟာ ပိုမို ကောင်းမွန်လာပါ တယ်။ ကီးဘုတ်ကာဗာကိုလည်း အသစ်ဖန်တီးထားပါတယ်။

ဒီဇိုင်း

သူ့ရဲ့ ဒီဇိုင်းဟာ မူလမျိုးဆက်လိုပဲ ဖြစ်ပြီး မပြောင်းလဲတာကို တွေ့ရပါတယ်။ သူ့မှာ USB-C Port တစ်ခုသာ ပါပါတယ်။ အဲဒီကနေ အားသွင်းရမှာပါ။ သူဟာ ၆.၉ မီလီမီတာ အထူသာ ရှိတဲ့အတွက် အလွန်ပါးလွှာပါတယ်။ သူဟာ စွမ်းရည်မြင့် Microsoft Surface Pro များကို မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် ဈေးနှုန်းအပိုင်းမှာတော့ အားသာနေပါတယ်။ ဈေးနှုန်းအပိုင်းမှာ သူ့ရဲ့ ပြိုင်ဖက်ဟာ Samsung Galaxy Book 10.6 ဖြစ်ပါတယ်။

မျက်နှာပြင်ဘေးဘောင်များဟာ ပါးလွှာတဲ့အတွက် ကြည့်ကောင်းပါတယ်။ သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားပြီး လျှင်မြန်စွာ Log In ဝင်နိုင်ပါတယ်။ အခြား နှစ်မျိုးသုံး တက်ဘလက်များမှာ သူ့လို လက်ဗွေရာ ကိရိယာမပါတာက သူ့ရဲ့ အားသာချက်ပ ါ။

ယခင် မော်ဒယ်ထက် များစွာ တိုးတက်လာတာက ကီးဘုတ် ကာဗာ ဖြစ်ပါတယ်။ ကာဗာရဲ့ သံလိုက်က အရည်အသွေးမြင့်ပ ါတယ်။ စာရိုက်ရတာ ယခင်မော်ဒယ်ထက် ပိုမို ကောင်းလာပါတယ်။ Stand ကို နှစ်သက်သလို ချိန်ညှိနိုင်ပါတယ်။ ယခင် မော်ဒယ်မှာတော့ Stand ကို ၂ နေရာမှာသာ ထားရှိနိုင်တာက မော်ဒယ်အသစ်ရဲ့ အကောင်းဆုံး အားသာချက်ပါ။

စွမ်းဆောင်ရည်

သူ့မှာ ၁၂ လက်မ 2160x1440p Touchscreen ပါပါတယ်။ အရောင်များ ကြွယ်ဝပြီး ကြည်လင်ပြတ်သားပါတယ်။ ဒါပေမယ့် နေအိမ် အပြင်ဘက်မှာ သုံးရင် အလင်းပြန်နိုင်ပါတယ်။ နှစ်သက်တဲ့ ပရောက်ဆက်ဆာကို ရွေးချယ် ဝယ်ယူနိုင်ပြီး ဒီ Review မှာတော့ Intel Core i5 Processor ကို ဖော်ပြမှာပါ။

သူ့ရဲ့ Core i5 Chip ဟာ သတ္တမမျိုးဆက် ဖြစ်တဲ့အတွက် ပန်ကာ မလိုပါဘူး။ အဲဒီအတွက် သူဟာ အသံ ဆူညံမှု လုံး၀ မရှိသလောက်နည်းပါတယ်။ 8GB RAM တောင်ပါတဲ့အတွက် စာရိုက်ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ ဗီဒီယို ကြည့်ခြင်း၊ ဓါတ်ပုံများ တည်းဖြတ်ခြင်းများ ပြုလုပ်တဲ့အခါမှာ အလွန် လျှင်မြန်ပါတယ်။

ပြဿနာတစ်ခုက သူ့မှာ ယခင်မော်ဒယ်ရဲ့ ဘက်ထရီကိုပဲ ထည့်ပေးထားတဲ့အတွက် အချိန်ကြာကြာ သုံးလို့မရပါဘူး။ အားအပြည့်သွင်းထားရင် ၅ နာရီလောက်ပဲ အသုံးခံပါတယ်။ ဗီဒီယိုများ မရပ်မနားကြည့်ရင် ၄ နာရီ ၄၅ မိနစ်လောက် ခံပ ါတယ်။ ပေါ့ပေါ့ပါးပါး သုံးရင်တော့ ၆ နာရီလောက် ခံပါတယ်။

အနှစ်ချုပ်

MateBook E ဟာ ယခင်မော်ဒယ်ရဲ့ ဘက်ထရီကိုပဲ သုံးထားတဲ့အတွက် သက်တမ်း သိပ်မကောင်းပေမယ့် ကီးဘုတ်ကာဗာက အလွန်တိုးတက်လာပါတယ်။ သူဟာ အရည်အသွေးမြင့် ဒီဇိုင်း ဖြစ်ပါတယ်။ လက်ဗွေရာ ကိရိယာဖြင့် Log In ဝင်နိုင်တာကလည်း အလွန် မိုက်ပါတယ်။ ဒါပေမယ့် စတာလင်ပေါင် ၁၀၀၀ တန်ကြေးရှိတဲ့အတွက် ဈေးကြီးပါတယ်။ မြန်မာငွေ သိန်း ၂၀ နား ကပ်နေပါတယ်။ Samsung Galaxy Book ထဲမှာတောင် သူ့ထက် ဈေးပေါတဲ့ မော်ဒယ်တွေ ရှိပါတယ်။ သိန်း ၂၀ နီးပါးဈေး ဆိုရင် ဒီဇိုင်း ပိုမိုကောင်းမွန်တဲ့ Microsoft Surface Pro များကိုတောင် ရနိုင်ပါတယ်။

Ref : pocketlint

unicode

Huawei MateBook E ကို ဝေဖန်သုံးသပ်ခြင်း

ဒီဇိုင်း

စွမ်းဆောင်ရည်

အနှစ်ချုပ်

%d bloggers like this: