0 Shares 58 Views

အသံနဲ့စေခိုင်းနိုင်တဲ့ Siri၊ Cortana နဲ့ Google Now တို့ကို ကိုယ့်အသံပိုမှတ်မိအောင် လေ့ကျင့်ပေးနည်း

Jan 07, 2016
0 58

ximg_561c4b5b5069c.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.Ctlc8N1ewo

လူနှစ်ယောက်ဟာ အသံတစ်ထပ်တည်းတူနေဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ လူတိုင်းမှာ မတူတဲ့လေယူလေသိမ်း၊ စကားပြောဟန်၊ စာလုံးအသံထွက်ပုံတွေရှိကြပြီး ကွန်ပြူတာအသံမှတ်သားစနစ်တွေဖြစ်တဲ့ Siri ၊ Cortana နဲ့ Google Now တို့ ဟာလည်း သာမန်လူသားအစစ်တစ်ယောက်လောက် အသံတိုင်းကို နားလည်မသိရှိနိုင်ပါဘူး။
ဒါပေမယ့် သင့်ရဲ့အသံကို သူတို့ ပိုနားလည်လာအောင်လေ့ကျင့်ပေးလို့ တော့ရပါတယ်။

Apple ရဲ့ Siri ကို လေ့ကျင့်ပေးနည်း

Apple ဟာ iOS 9 မှာ Siri ရဲ့ အသံမှတ်သားစနစ်ကိုလေ့ကျင့်ပေးနိုင်မယ့်စွမ်းဆောင်ရည်အသစ်တွေကို ထည့်သွင်းပေးခဲ့ပါတယ်။

ဒီ feature ကိုအသုံးပြုဖို့ အတွက်၊ သင့် iPhone ဒါမှမဟုတ် iPad ကနေ Settings app ထဲဝင်ပါ။ General ကို နှိပ်ပါ။ ထို့ နောက် Siri ထဲဝင်ပြီး Siri ကိုဖွင့်ထားလားဆိုတာကြည့်ပါ။

Allow “Hey Siri” ကို ဖွင့်ပေးလိုက်ရင် Siri ကို လေ့ကျင့်ပေးဖို့  setup menu ပေါ်လာပါမယ်။ ဖန်သားပြင်ပေါ်မှာပေါ်လာတဲ့အတိုင်း လိုက်လုပ်ပေးရမှာဖြစ်ပြီး ဒီနေရာမှာ သင့်အနေနဲ့ သင်ပြောနေကျအသံထွက်အတိုင်း ပုံမှန်နဲ့ ပီပီသသပြောပေးဖို့ လိုပါတယ်။

ဘာဖြစ်လို့ လည်းဆိုတော့ Siri ဟာအခုအချိန်ကစပြီး သင့်ရဲ့ယခုအသံမျိုးကိုပဲ လက်ခံနားထောင်တော့မှာဖြစ်ပါတယ်။

ယခုနည်းအတိုင်း လုပ်ဆောင်ရာမှာ သင့်အနေနဲ့ ”Hey Siri” ဆိုတဲ့ စကားလုံးကို အကြိမ်အနည်းငယ်လောက်ပြောပေးဖို့ လိုအပ်သလို၊ “Hey Siri, how’s the weather today?” ” Hey Siri, it’s me” စတဲ့ ၀ါကျလေးတွေကို အကြိမ်အနည်းငယ်လောက်ပြောပေးဖို့ လိုအပ်ပါလိမ့်မယ်။

ယခု Set Up တစ်ခုလုံးပြီးပြီဆိုရင်တော့ Siri ဟာ သင့်ရဲ့အသံကို ပိုမိုကောင်းမွန်စွာ နားလည်မှတ်သားနိုင်ပါပြီ။

 

ximg_561c4a304a869.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.JgK5Lz361d

Windows 10 က Cortana ကို လေ့ကျင့်ပေးနည်း

Microsoft ရဲ့ နောက်ဆုံးထွက် OS က Cortana မှာလည်း သင့်ရဲ့အသံကို စက်ကပိုမိုနားလည်သိရှိနိုင်အောင်လို့  အသံလေ့ကျင့်ပေးနိုင်တဲ့စွမ်းဆောင်ရည်ပါရှိပါတယ်။

Cortana ဟာ သင်အသံခိုင်းစေထားချက်တွေကို သိမ်းဆည်းထားပြီး အချိန်နဲ့ အမျှ Cortana က သင့်အသံကို ပိုကျက်မိလာမှာပါ။ Cortana ကို သင့်အသံပိုနားလည်လာအောင် လေ့ကျင့်ပေးမယ်ဆိုရင်၊ ပထမဦးဆုံး ကွန်ပြူတာ taskbar က Cortana bar ကို ကလစ်နှိပ်လိုက်ပါ။

Cortana tab တစ်ခုပေါ်လာပါမယ်။ tab ဘယ်ဘက်က မှတ်စုစာအုပ်ပုံစံလေးကိုနှိပ်ပါ။ ‘Settings’ ကို ရွေးပေးပါ။

ထို့ နောက် Let Cortana respond to “Hey Cortana” ကို On လုပ်ပေးပါ။

ထို့ နောက် “Learn my voice” ဆိုတဲ့နေရာကို ကလစ်လုပ်လိုက်ပါ။

ဒီအခါ Cortana က သင့်အသံကိုမှတ်မိဖို့ အတွက် စာသားဝါကျလေးတွေ ပြောခိုင်းပါလိမ့်မယ်။

ဒီအဆင့်ပြီးဆုံးရင်တော့ Windows 10 ရဲ့ Cortana ကိုအသုံးပြုပြီး များပြားလှတဲ့စွမ်းဆောင်ချက်တွေကို သင့်အသံနဲ့ တင်စေခိုင်းနိုင်ပါပြီ။

 

ximg_561c4ab3185cf.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.ugUmO3ja37

Android , Chrome တို့ က Google Now ကို လေ့ကျင့်မယ်

Android မှာတော့ အသံမှတ်သားမှုလေ့ကျင့်ပေးနိုင်တဲ့ feature ကို Google က ထည့်သွင်းပေးထားခြင်းမရှိသေးပါဘူး။

ဒါပေမယ့် တစ်ချို့ ဖုန်းတွေမှာ (ဥပမာ – Motorola ဖုန်းတွေမှာ Moto Voice ဆိုတဲ့ app ကနေ ) အထက်က Siri တို့ Cortana တို့ ကိုလေ့ကျင့်ပေးနည်းအတိုင်း သင့်အသံကို မှတ်သားသိရှိနိုင်အောင်လေ့ကျင့်ပေးလို့ ရပါတယ်။

Android ဖုန်း၊ Chrome ဒါမှမဟုတ် iOS က Google app တွေကနေ သင့်ရဲ့ Google account ကို ၀င်ပြီး သင့်ရဲ့အသံနဲ့ ရှာဖွေမှုတွေကို Google က စက်ထဲသိမ်းထားတာကို ဖျက်ပစ်တာမျိုး၊ ဒေတာသိမ်းတာခဏရပ်တန့် ထားတာမျိုးလည်းလုပ်နိုင်ပါတယ်။

တကယ်လို့ မဖျက်ပစ်ဘူးဆိုရင်တော့ Google က သင့်ရဲ့အသံကို မှတ်မိဖို့ အတွက် ဒီအချက်အလက်တွေကိုအသုံးပြုသွားမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့ အမျှ သင့်ရဲ့အသံထွက်ကို ပိုမိုနားလည်သိရှိလာမှာပါ။

ximg_561c4624b79d1.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.LDv3obXgof
Ref: howtogeek

You may be interested

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ
Android, HUBS, Mobiles & Tablets
0 shares0 views

Samsung က Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေ

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက စမတ်ဖုန်းရဲ့ Screen တစ်ခုလုံးကို Fingerprint Reader လို သုံးနိုင်မယ့် နည်းပညာကို ဖန်တီးနေပါတယ်။ လက်ရှိ Fingerprint Reader များဟာ ယခင်မျိုးဆက်များထက် အရွယ်အစား သေးငယ်ပြီး ထည့်သွင်းထားတဲ့ တည်နေရာမှာသာ အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ စကရင်တစ်ခုလုံးရဲ့ ဘယ်နေရာကို…

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်
Android, HUBS, Mobiles & Tablets
0 shares0 views

Xiaomi Mi Mix 3 ဟာ Snapdragon 855 ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်

Ko Thuya - Oct 23, 2018

Mi Mix 3 ကို မိတ်ဆက်မယ့် ရက်နီးလာလေလေ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ပိုမို ထွက်ပေါ်လာလေလေ ဖြစ်ပါတယ်။ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့ Mi Mix Series ရဲ့ စတုတ္ထမြောက် ဖုန်း လည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ…

Samsung ရဲ့ Gaming Phone လာမည်
Android, HUBS, Mobiles & Tablets
0 shares8 views

Samsung ရဲ့ Gaming Phone လာမည်

Ko Thuya - Oct 23, 2018

ဆမ်ဆောင်းက Gaming Phone တစ်လုံးကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းများ မကြာခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ သတင်းဟာ မတူညီတဲ့ အခြား တစ်နေရာက ထွက်ပေါ်လာပါတယ်။ I Ice Universe က ၀ီဘိုမှာ ဒီသတင်းကို ဖွလိုက်တာ ဖြစ်ပါတယ်။…

Leave a Comment

Most from this category