0 Shares 27 Views

စမတ်ဖုန်းများမှာ သာမက မော်တော်ကားတွေမှာပါ အသုံးဝင်လာတဲ့ Gorilla Glass

Dec 16, 2015
0 27

ford_gt_gorilla_glass_ap_203သင့်ရဲ့ စမတ်ဖုန်းပေါ်က ပါးလွှာပြီး ပေါ့ပါးတဲ့ Gorilla Glass ဖန်သား တွေကို သင့်ရဲ့ ကားပေါ်မှာလည်း မကြာခင်တွေ့ရတော့မှာပါ။

Corning Inc. ကုမ္မဏီက ထုတ်လုပ်တဲ့ Gorilla Glass တွေဟာ ကမ္ဘာတစ်ဝှမ်းက စမတ်ဖုန်း ပေါင်း ဘီဘီယံများစွာ ရဲ့ မျက်နှာပြင်တွေမှာ အသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ အခုတော့ ကားထုတ်လုပ်သူတွေဟာလည်း သူတို့ရဲ့ ကားတွေ အလေးချိန် လျော့ကျစေဖို့နဲ့ စက်သုံးဆီ ဆိုင်ရာ စီးပွားရေးအခြေအနေတွေကို မြှင့်တင်နိုင်ဖို့အတွက် မော်တော်ယာဉ်သုံး ဖန်သား ဗားရှင်းတွေကို အသုံးပြုသွားတော့မယ်လို့ သိရပါတယ်။

မနှစ်ကတုန်းက Gorilla Glass တွေကို ကားတွေမှာ ပထမဆုံး အသုံးပြုခဲ့သူကတော့ BMW ပါ။ BMW ကထုတ်လုပ်တဲ့ i8 hybird sport car ရဲ့ အတွင်းပိုင်းမှာ Gorilla Glass တွေကို ပထမဆုံး အသုံးပြုခဲ့တာပါ။ အခုလည်း Gorilla Glass တွေ ထပ်မံ အသုံးပြုမယ့် ကုမ္မဏီ တစ်ခုကတော့ Ford ပဲ ဖြစ်ပါတယ်။ Ford က သူတို့အသစ်ထုတ်လုပ်မယ့် Ford GT ကားတွေရဲ့ ရှေ့မှန်နဲ့ နောက်မှန်တွေမှာ Gorilla Glass တွေ အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထို Ford GT ကတော့ နောက်နှစ်ထဲမှာ ထုတ်လုပ်မယ်လို့ သတ်မှတ်ထားပါတယ်။ ထို GT ကားရဲ့ အင်ဂျင် ဖုံးအုပ်တဲ့နေရာမှာလည်း Gorilla Glass တွေကို အသုံးပြုထားပါသေးတယ်။

“ဒါဟာ ၁၉၂၃ ခုနှစ်က စတင်ပြီး ဖန်သား အသုံးပြုမှုမှာ အသစ်တစ်ခု ဖြစ်ပေါ်လာခြင်းပါပဲ” လို့ Ford ကုမ္မဏီရဲ့ ကိုယ်ထည်အပြင်ပိုင်းနဲ့ စက်ပိုင်းဆိုင်ရာဌာန မှာ Supervisor ဖြစ်သူ Paul Linden က ဆိုပါတယ်။ ၁၉၂၃ ခုနှစ်မှာ Ford တည်ထောင်သူ Henry Ford အနေနဲ့ Model T ဆိုတဲ့ကားမှာ ကွဲအက်ခံ ဖန်သား တွေကို စတင်အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

Ford က အစဉ်အဆက်အသုံးပြုလာခဲ့တဲ့ ကားမှန်တွေကတော့ အလွှာ ၂ ထပ် ပါရှိပြီး အပူဒဏ် ခံနိုင်တဲ့ ဖန်သား ၂ ချပ်ကို ပလတ်စတစ် အလွှာ တစ်ထပ် ကြားခံပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အပူဒဏ် ခံနိုင်တဲ့ ဖန်သားတွေရဲ့ သဘောတရားကတော့ ထိမိတိုက်မိ လို့ ကွဲအက်သွားတဲ့အခါမှာ ပင့်ကူမျှင်ပုံစံ ကွဲအက်သွားတာဖြစ်ပါတယ်။ အဲဒါဟာလည်း ကြားခံထည့်သွင်းထားတဲ့ ပလတ်စတစ် အလွှာ က စီးနင်းသူ Passenger တွေကို ဖန်သားကတစ်ဆင့် ကွဲအက်မှု ဖြစ်မလာဖို့ ကာကွယ်ထားတဲ့ ဖြစ်ပါတယ်။

GT ရဲ့ ကားမှန်ကတော့ စပ်ပေါင်းစနစ်(hybrid) ပဲ ဖြစ်ပါတယ်။ အပြင်ဆုံး အလွှာကို အပူဒဏ်ခံတဲ့ မှန်သား နဲ့ အလယ်မှာ ပလတ်စတစ် အလွှာတို့ကို သုံးထားပေမယ့်လည်း အတွင်းပိုင်းအလွှာကိုတော့ ဓါတုဗေဒသဘောအရ ခံနိုင်ရည်ရှိပြီး မော်တော်ကားသုံးဗားရှင်း အဖြစ် အဆင့်မြှင့်ထားတဲ့ Gorilla Glass ပဲ ဖြစ်ပါတယ်။ Gorilla Glass ဟာ သာမန် ကားမှန်တွေထက် ပိုမို ပါးလွှာပြီး ပိုမို ပေါ့ပါးပါတယ်။ Ford က ပြောကြားခဲ့တာကတော့ Gorilla Glass ဟာ ကားမှန်ကို ၃၂ ရာခိုင်နှုန်း ပေါ့ပါးသွားစေတဲ့အတွက် စက်သုံးဆီ ကုန်ကျမှုကိုလည်း လျော့နည်းစေပြီး ကားရဲ့ ထိန်းချုပ်မောင်းနှင်မှုကိုလည်း ပိုမိုကောင်းမွန်စေတယ်ဆိုတာပါပဲ။

Gorilla Glass တွေဟာ အမေရိကန်ပြည်ထောင်စု ရဲ့ လုံခြုံရေး အဆင့်အတန်းတွေနဲ့ အညီစမ်းသပ်ပြီးသားဖြစ်တယ်လို့လည်း သိရပါတယ်။ Corning ကုမ္မဏီ က ပြောပြခဲ့တာကတော့ ထိုမှန်တွေကို ကားမှာတပ်ဆင်ပြီး ကြမ်းတမ်းတဲ့လမ်းတွေနဲ့ လေညိမ်တဲ့ လှိုဏ်ဂူတွေမှာ စမ်းသပ်ကြည့်တဲ့အခါမှာ သာမန်ကားမှန်တွေထက်ခံနိုင်ရည်ရှိနေတာကိုလည်းတွေ့ရပါတယ်။ အင်ဂျင်နီယာတစ်ယောက်က Gorilla Glass ကို မိုးသီးလုံး တွေနဲ့ ပစ်ပေါက်ကြည့်တဲ့အခါမှာ Gorilla Glass ဟာ ဘာထိခိုက်မှု မှမရှိခဲ့ပေမယ့်လည်း သာမန် အပူဒဏ်ခံနိုင်တဲ့ ကားမှန်ကို ပစ်ပေါက်လိုက်တဲ့အခါမှာတော့ ကွဲအက်သွားတာကို တွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း Gorilla Glass တွေကို မော်တော်ကားရဲ့ နေရာတိုင်းမှာတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ GT ကားရဲ့ ဘေးဘက်မှန်တွေဟာ အလွယ်တကူ ကွဲအက်နိုင်တဲ့ မှန်တွေနဲ့သာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်ရခြင်းဟာ မော်တော်ယာဉ်အတွင်းမှာရှိနေသူတွေ အရေးအကြောင်းရှိလို့ ကားထဲက ထွက်လိုတဲ့အခါမှာ အလွယ်တကူ ရိုက်ခွဲပြီး တစ်စစီ ဖြစ်သွားအောင် ဖန်တီးနိုင်လို့ပါပဲ။ ဒါကြောင့် ကားတိုင်းရဲ့ ဘေးဘက်ကားမှန်တွေမှာ ပလတ်စတစ် အလွှာတစ်ထပ် ခံထားလေ့မရှိပါဘူး။ Corning ကုမ္မဏီရဲ့ စီးပွားရေး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Doug Harshbarger ကတော့ Gorilla Glass တွေကို ကားမှာတပ်ဆင်တဲ့အခါ ကားထဲမှာရှိသူတွေ အလွယ်တကူဖယ်ရှားပြီးထွက်နိုင်မယ့် အခြားနည်းလမ်းတွေကို ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

ပေါ့ပါးမှုဟာ အလေးချိန် သက်သာခြင်းတစ်ခုတည်းအတွက်ကောင်းကျိုးရှိခဲ့တာတော့မဟုတ်ပါဘူး။ Toyota ကုမ္မဏီဟာ ခံနိုင်ရည်အားကောင်းတဲ့ ပလတ်စတစ်တွေကို Prius V Wagon ကားတွေရဲ့ ခေါင်မိုးမှာ ဖွင့်နိုင်တဲ့အရာတစ်ခုအဖြစ် အသုံးပြုခဲ့တာဟာ သာဓက တစ်ရပ်ပါပဲ။

တစ်ကယ်တော့ Gorilla Glass တွေဟာ အသုံးပြုဖို့အတွက် ဈေးကြီးလှပါတယ်။ Harshbarger က ပြောပြခဲ့တာကတော့ သာမန် မှန်တွေထက် အလေးချိန် တစ်ပေါင်ခန့်ကို လျှော့ချဖို့အတွက် ၂ ဒေါ်လာ ကနေ ၄ ဒေါ်လာ ကြားကျသင့်တယ်လို့ သိရပါတယ်။ GT ကားတွေဟာ သာမန်ထက် ၁၂ ပေါင်ခန့် အလေးချိန် လျှော့ချထားတဲ့အတွက် ၂၄ဒေါ်လာကနေ ၄၈ ဒေါ်လာကြားကျသင့်ခဲ့တယ်လို့လည်း သိရပါတယ်။

( Mario )

Ref : Gadgets 360

You may be interested

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်
NEWS, Tech Update
0 shares0 views

လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်

Ko Thuya - Jul 17, 2018

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။ စက်ရုပ်ရဲ့…

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?
FEATURES, Softwares & Application
110 shares20 views

iPhone X ရဲ့ Animojis ကို Android Phone တိုင်းမှာ ဘယ်လို သုံးမလဲ ?

Ko Thuya - Jul 17, 2018

Apple က iPhone X မှာ Augemted Reality နဲ့ Truedepth Camera နည်းပညာကို အသုံးပြုထားတဲ့ Animojis လုပ်ဆောင်ချက်ကို မိတ်ဆက်ခဲ့ပါတယ်။ Animojis ဟာ လူ့မျက်နှာ အမူအရာနဲ့ လှုပ်ရှားမှုအတိုင်း Emoji များက တုပ…

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်
Android, HUBS, Mobiles & Tablets
265 shares53 views

Samsung Galaxy Note 9 ဟာ Galaxy S9 နဲ့ iPhone X တို့ထက် ပိုမြန်မည်

Ko Thuya - Jul 17, 2018

Samsung Galaxy Note 9 ဟာ အလွန် စွမ်းရည်မြင့်မယ့် ဖုန်းဆိုတာ သေချာပါတယ်။ ဒါပေမယ့် သူဟာ မျှော်မှန်းထားတာထက်တောင် ပိုစွမ်းရည်ပြည့်မယ်လို့ သတင်းထွက်လာပါတယ်။ သူ့မှာ ဆမ်ဆောင်း မကြေညာရသေးတဲ့ Exynos 9820 Chipset ပါလာမှာ ဖြစ်ပါတယ်။ Chip…

Leave a Comment

Most from this category