Xiaomi Redmi Note 5 ရဲ့ သတင်းများ ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပြန်ပါတယ်။ မော်ဒယ်နှစ်မျိုးထုတ်လုပ်ပေးထားမယ်လို့ သတင်းထွက်နေပြီး တစ်လုံးမှာ RAM , Storage , CPU များကို လျှော့ချပေးထားပါတယ်။
ယခုထွက်ပေါ်လာတဲ့ ဓါတ်ပုံများအရ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်ရှိ ဘောင်များဟာ အလွန်ပါးလွှာပါတယ်။ ဘယ်နဲ့ ညာဘက်ကတော့ ဘောင်ပျောက် ဒီဇိုင်း ဖြစ်ပါတယ်။ သူဟာ Samsung Galaxy S8 နဲ့တောင် တူညီပါတယ်။ အနောက်ဘက်မှာ ကင်မရာနှစ်လုံးကို ဒေါင်လိုက်တပ်ဆင်ထားပါတယ်။ ကင်မရာအောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို နေရာချထားပ ါတယ်။
၅.၉၉ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး မျက်နှာပြင် အချိုးမှာ 18:9 ဖြစ်ပါတယ်။ Resolution မှာ FHD+ (1080x2160p) ဖြစ်ပါတယ်။ 3GB or 4GB RAM ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ မော်ဒယ်နှစ်မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး 32GB Storage နဲ့ 64GB Storage များ ဖြစ်ပါတယ်။ Redmi Note 4 ရဲ့ Snapdragon 625 ထက် ပိုမို စွမ်းရည်မြင့်မားတဲ့ Snapdragon 636 ပါလာနိုင်ပါတယ်။
အနောက်ကင်မရာများဟာ 16MP + 5MP Camera များ ဖြစ်နိုင်ပါတယ်။ 4100mAh Battery ထည့်သွင်းထားမှာ ဖြစ်ပြီး Quick Charge 4.0 ပါလာနိုင်ပါတယ်။ ၂၃၇ ဒေါ်လာ ဝန်းကျင်ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ ယခုထွက်ပေါ်လာတဲ့ ဓါတ်ပုံများဟာ Redmi Note 5 ရဲ့ ဖိုင်နယ် ဒီဇိုင်း ဖြစ်နိုင်ပါတယ်။
Ref : gsmarena
unicode
18:9 Screen , Dual Camera များပါတဲ့ Xiaomi Redmi Note 5 ရဲ့ ဓါတ်ပုံထွက်ပေါ်လာ
You must log in to post a comment.