Android ဗားရှင်း Facebook update မှာ HD အရည်အသွေးပြည့်ဓာတ်ပုံတွေ တင်နိုင်ပြီ

သင်ဟာ Facebook မှာ ဓာတ်ပုံတင်နေကြသူတစ်ယောက်ဆိုရင်၊ Android ဖုန်းထဲကနေ ပုံအရည်အသွေးကောင်းကောင်း HD ပုံတွေကို တင်လို့မရဘူးဆိုတာ သိမှာပါ။

ကိုယ်ကတော့ resolution ပြည့်ပြည့်နဲ့ ပုံကောင်းကောင်း ရိုက်ထားပေမယ့်၊ Android app ကနေ Facebook ပေါ် တင်လိုက်တဲ့အခါ ပုံတွေက အရည်အသွေးမကောင်းဖြစ်သွားတာကို တွေ့လိုက်ရတာက တော်တော် ခံရခက်ပါတယ်။ များသောအားဖြင့် ပုံကောင်းကောင်းတင်ချင်ရင် Desktop ဒါမှမဟုတ် iPhone တွေကနေပဲ တင်နေခဲ့ရပါတယ်။

အခုအခါမှာတော့ ဒီပြဿနာကို Facebook က ဖြေရှင်းပေးလိုက်ပါပြီ။

မကြာမီက အသစ်ထွက်လာတဲ့ Facebook update မှာ user တွေအနေနဲ့ ပုံတင်တဲ့အခါ High quality ပုံတွေ တင်ဖို့ ရွေးချယ်ထားနိုင်ပြီဖြစ်ပါတယ်။

Play Store ကနေ ရယူနိုင်မယ့် Facebook for Android အက်ပလီကေးရှင်းဗားရှင်းကတော့ 68.0.0.37.59 ဖြစ်ပါတယ်။

HD ဓာတ်ပုံတွေပဲ upload လုပ်ချင်တယ်ဆိုရင်တော့ App Settings ထဲဝင်ကာ၊ ‘Upload HD Photos’ ဆိုတာကို on လုပ်ပေးရမှာဖြစ်ပါတယ်။ မူရင်းအနေအထားမှာတော့ ဒီဖန်ရှင်က Off ဖြစ်နေမှာပါ။

HD အရည်အသွေးပြည့်ဓာတ်ပုံတွေကို တင်နိုင်ပြီဆိုပေမယ့်၊ ကိုယ်တင်လိုက်တဲ့ resolution လုံး၀ အပြည့်ကြီးတော့ရမှာမဟုတ်ဘဲ၊ အများဆုံး 2048x 1152 pixels လောက်ပဲ ရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ တော်တော်ရုပ်ထွက်ကောင်းနေပြီလို့ ဆိုရမှာဖြစ်ပြီး၊ အရင်လို မှုန်ဝါးဝါးဓာတ်ပုံတွေ တင်နေရတာထက်စာရင်တော့ အများကြီးပိုကောင်းလာပြီဖြစ်ပါတယ်။

သတိပြုရာမှက ယခုဖန်ရှင်အသစ်ဟာ Facebook ဆာဗာဘက်ကပြောင်းလဲမှုလည်း ဖြစ်လို့၊ update ယူ တိုင်းလည်း တွေ့ရမှာမဟုတ်သေးဘဲ၊ လူတစ်ချို့မှာသာ ရရှိနိုင်ပြီး၊ မကြာခင် အကုန်လုံးရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အခုချက်ချင်း Facebook update ယူပြီး ကိုယ့်မှာ Upload HD Photos ဖန်ရှင် ရပြီလား အမြန်ကြည့်လိုက်ပါ။

Ref: Android Police

 

%d bloggers like this: