User Name, Password များကို မှတ်သားထားပေးမယ့် LastPass Password Manager

LastPass ဟာ Android App အသစ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် Android Phone တိုင်းမှာ ဆောင်ထားသင့်တဲ့ App ဖြစ်ပါတယ်။ သူက စွမ်းဆောင်ရည်မြင့်တဲ့ Password Manager တစ်ခုဖြစ်ပါတယ်။ သူ့မှာ သိမ်းထားတဲ့ ဒေတာများဟာ လုံခြုံစိတ်ချရပါတယ်။ သူ့ကို သုံးရင် Master Password တစ်ခုသာ မှတ်ထားရမှာ ဖြစ်ပြီး ကျန်တဲ့ Password အားလုံးကို မေ့ထားနိုင်ပါပြီ။

အင်တာနက် ဝက်ဆိုက်များ၊ လူမှုကွန်ရက်များ၊ ဝန်ဆောင်မှုများစွာမှာ အကောင့် ပြုလုပ်ထားသူများအတွက် Password များကို မှတ်သားဖို့ဆိုတာ ခက်ခဲပါတယ်။ LastPass က သင့်ရဲ့ Usernames, Passwords အားလုံးကို သင့်ကိုယ်စား မှတ်သားပေးနိုင်တဲ့ Android App ဖြစ်ပါတယ်။ Android, iOS, Windows Phone, Windows , Mac, Linux စတဲ့ ပလက်ဖောင်းများစွာအတွက် LastPass ကို ပြုလုပ်ပေးထားပြီး Passwords များကို Device တိုင်းမှာ Sync ပြုလုပ်နိုင်ပါတယ်။

App မှာ အားကောင်းပြီး ဖောက်ထွင်းရခက်တဲ့ Password များကို ဖန်တီးပေးနိုင်တဲ့ Password Generator ပါရှိပါတယ်။ ဝက်ဆိုက်များနဲ့ Apps များမှာ သင့်ရဲ့ Username, Passwords များကို အလိုအလျှောက် ဖြည့်ပေးပြီး Login ဝင်ပေးနိုင်ပါတယ်။ ဒါ့အပြင် App မှာ ကိုယ်ပိုင်ဘရောက်စာပါရှိပါသေးတယ်။ ကိုယ်ပိုင် ဘရောက်စာကနေ ဝက်ဆိုက်များ ဖွင့်တဲ့အခါမှာ အလိုအလျှောက် Log In ဝင်ပေးနိုင်ပါတယ်။

အကောင့်များအပြင် Secure Notes များ၊ ဘဏ်အကောင့်များ၊ ခရက်ဒစ်ကဒ်များကိုလည်း မှတ်သားထားနိုင်ပါတယ်။ LastPass ကို ဝင်းဒိုးမှာ အခမဲ့ အသုံးပြုနိုင်ဖို့ Browser Extension or Plug In များကို ပြုလုပ်ပေးထားပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့ ဝင်းဒိုးမှာ အခမဲ့ အသုံးပြုနိုင်ပါတယ်။ Device များစွာမှာ အသုံးပြုမယ်ဆိုရင်တော့ တစ်လလျှင် ၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ အခပေး အသုံးပြုရင်တော့ အထက်ဖော်ပြပါ အကျိုးကျေးဇူး အပြင် Passwords များကို သူငယ်ချင်းများ၊ မိသားစုဝင်များနဲ့ မျှဝေနိုင်ပါတယ်။ ပိုမို အဆင့်မြင့်တဲ့ Multi-Factor Authentications များဖြင့် သင့် ဒေတာများကို ကာကွယ်ထားနိုင်ပါတယ်။ လုံခြုံစွာ ဖိုင်များ သိမ်းထားဖို့ 1GB Storage ရရှိမှာ ဖြစ်ပါတယ်။

LastPass က သင့်ရဲ့ ဒေတာများကို Online ရော Offline ပါ အသုံးပြုနိုင်အောင် ပံ့ပိုးပေးထားပါတယ်။ အခမဲ့ သုံးရင်တောင် သင့်ရဲ့ LastPass အကောင့်ကို Two Factor Authentication နဲ့ ကာကွယ်ထားနိုင်ပါတယ်။ App ကို လက်ဗွေရာ အာရုံခံ ကိရိယာနဲ့လည်း ကာကွယ်ထားနိုင်ပါတယ်။ အောက်ပါ လင့်ကနေ Sign Up လုပ်ရင် တစ်လကြာ Premium စွမ်းရည်များကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တစ်လကျော်သွားရင်လည်း ဘာမှလုပ်စရာ မလိုဘဲ (အခပေးစရာမလိုဘဲ) အခမဲ့ ဗားရှင်းကို ဆက်လက်သုံးနိုင်ပါတယ်။

Sign Up

Install App

Ref : androidauthority

Sign Up

Install App

%d bloggers like this: