နှစ်စဉ် ဖေဖော်ဝါရီလတိုင်း ဘာစီလိုနာမှာ Mobile World Congress (MWC) ကို ကျင်းပလေ့ရှိပါတယ်။ အဲဒီပွဲမှာ စမတ်ဖုန်း၊ တက်ဘလက်၊ ချပ်ဝတ်တန်ဆာ ကွန်ပြူတာနဲ့ အခြား စမတ် မိုဘိုင်း ကိရိယာများကို အဓိက ပြသလေ့ရှိပါတယ်။ လာမယ့်လ ၂၆ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ကျင်းပမယ့် MWC 2018 မှာ မိတ်ဆက်နိုင်တဲ့ ရင်ခုန်စရာ ထုတ်ကုန်များကို ဖော်ပြပေးလိုက်ပါတယ်။
Samsung
Samsung က ပွဲမှာ Galaxy S8 ရဲ့ မျိုးဆက်များကို ပြသမယ်လို့ အတည်ပြုထားပါတယ်။ အဲဒီ ဖုန်းများဟာ Galaxy S9 နဲ့ S9 Plus တို့ပဲ ဖြစ်နိုင်ပါတယ်။ ယခင်နှစ်ကတော့ ဆမ်ဆောင်းက Galaxy S8 စမတ်ဖုန်းများကို အချိန်နောက်ကျပြီးမှ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ MWC ပွဲမှာ စောစီးစွာ ပြသမှာ ဖြစ်ပါတယ်။ Galaxy S9 ဖုန်းများရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ဆမ်ဆောင်းက အဲဒီဖုန်းများကို ၂၅ ရက်နေ့မှာ မိတ်ဆက်မှာပါ။ Digital Times က သူတို့အကြောင်းရေးသားထားတဲ့ သတင်းများကို အောက်ပါ လင့်မှာ ဖတ်ရှုနိုင်ပါတယ်။
Huawei
Huawei ကလည်း လာမယ့်လ ၂၅ ရက်နေ့မှာ ထုတ်ကုန်အသစ်များကို မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဟွာဝေးက အဲဒီပွဲမှာ မိတ်ဆက်မယ့် ထုတ်ကုန်များကို ပြောကြားထားခြင်း မရှိသေးပါဘူး။ ဖြစ်နိုင်တာက P11 ( P20 လို့လည်း အမည်ပေးထားနိုင်ပါတယ်။ ) ကို မိတ်ဆက်နိုင်ပါတယ်။ နောက်ဆုံးထွက်ပေါ်နေတဲ့ သတင်းများအရတော့ ဟွာဝေးဟာ အဲဒီ ဖုန်းများရဲ့ ကင်မရာသုံးလုံးတပ် စနစ်ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ချင်တဲ့အတွက် ပွဲမှာ သူတို့ကို မိတ်ဆက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Sony
Sony က ယခုလထဲမှာ ကျင်းပခဲ့တဲ့ CES 2018 ပွဲမှာ စွမ်းဆောင်ရည်သင့် Sony Xperia XA2 , XA2 Ultra နဲ့ L2 စမတ်ဖုန်းများကို ပြသခဲ့ပါတယ်။ ယခုလမှာ ကျင်းပမယ့် MWC 2018 ပွဲမှာတော့ ဒီဇိုင်းဆန်းသစ်ထားတဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများကို မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။ ဆိုနီက Xperia XA ဖုန်းအသစ်များမှာ လက်ဗွေရာအာရုံခံ ကိရိယာကို အနောက်ဘက်ကို ပြောင်းရွှေ့ထားပါတယ်။ အရင်မော်ဒယ်များမှာ Power Button မှာ တပ်ဆင်ထားပါတယ်။ လက်ဗွေရာဆန်ဆာကို နေရာပြောင်းထားခြင်း အပြင် 2:1 Bezel-less Display ကို ဖုန်းအသစ်များမှာ ထည့်ပေးထားနိုင်ပါတယ်။ ဆိုနီက သူ့ရဲ့ စွမ်းဆောင်ရည်မြင့် ဖုန်းအသစ်များကို ဘယ်လို ဆန်းသစ်ထားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဆိုနီက ၂၆ ရက်နေ့မှာ မိတ်ဆက်မှာပါ။
LG
LG က ယခင်နှစ်ပွဲမှာ G6 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လူကြိုက်မများခဲ့ပါဘူး။ ဒီနှစ်ပွဲမှာတော့ G7 သို့မဟုတ် ဉာဏ်ရည်တု နည်းပညာပါတဲ့ V30 မော်ဒယ်အသစ်ကို မိတ်ဆက်နိုင်ပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းများအရ ကုမ္ပဏီဟာ သူတို့ရဲ့ စမတ်ဖုန်း မဟာဗျူဟာကို ပြင်ဆင်ချင်တဲ့အတွက် ဒီနှစ်ပွဲမှာ စွမ်းဆောင်ရည်မြင့် ဖုန်းအသစ်များကို မိတ်ဆက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Nokia
Nokia 6 နဲ့ လူတိုင်း စိတ်ဝင်စားခဲ့တဲ့ 3310 ကို ယခင်နှစ်မှာ ပြသခဲ့ပါတယ်။ ယခုနှစ်ပွဲမှာတော့ Nokia 6 2018 နဲ့ WiFi , YunOS များပါတဲ့ 3310 4G ဖုန်းအသစ်များကို ပြသနိုင်ပါတယ်။ YunOS ဟာ Android ကို အခြေပြုဖန်တီးထားတဲ့ မောင်းနှင်လည်ပတ်စနစ်ပါ။ 3310 4G ကို တရုတ်မှာ ဒီနေ့ပဲ ကြိုတင်မိတ်ဆက်ထားပါတယ်။
Xiaomi
Xiaomi ကလည်း ဒီနှစ် ပွဲမှာ ပြသဖို့ ရှိနေပါတယ်။ ရှောင်မီဟာ သူ့ရဲ့ ထုတ်ကုန်များကို အနောက်နိုင်ငံများသို့ ဈေးကွက်ချဲ့နေတဲ့အတွက် ဒီပွဲမှာ စွမ်းဆောင်ရည်မြင့် Mi 7 ကို မိတ်ဆက်နိုင်ပါတယ်။ Mi 7 ရဲ့ ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများကို အောက်ပါ လင့်မှာ ဖတ်နိုင်ပါတယ်။
အချို့သတင်းများကလည်း ရှောင်မီဟာ ဒီပွဲမှာ Mi 7 အစား Mi Mix 2 ရဲ့ မျိုးဆက် Mi Mix 2s ကို ပြသနိုင်တယ်လို့ ပြောပါတယ်။ သူဟာ ဘေးဘောင်မဲ့ စမတ်ဖုန်း ဖြစ်ပြီး Snapdragon 845 ထည့်ထားနိုင်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များကို အောက်ပါ လင့်မှာ လေ့လာပါ။
Ref : androidpit
You must log in to post a comment.