Sharp က Android One S3 ကို မိတ်ဆက်

 

Sharp က Android One Smartphone အသစ်တစ်လုံးကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Sharp Android One S3 ဖြစ်ပါတယ်။ သူဟာ အရွယ်အစား ကျစ်လစ်ပြီး ဖုန်နဲ့ ရေစိုခံတဲ့ ကိုယ်ထည် ဖြစ်ပါတယ်။ အမြင့် ၁.၂ မီတာကနေ အောက်ပြုတ်ကျတဲ့ ဒဏ်ကို ခံနိုင်တဲ့ စစ်တပ်အဆင့် စံနှုန်းအချို့ကိုလည်း ပိုင်ဆိုင်ပါတယ်။

 

သူ့မှာ ၅ လက်မ IGZO Full HD Display ပါပါတယ်။ လက်ရှိခေတ်စားနေတဲ့ ဘောင်ပျောက် ဒီဇိုင်းမဟုတ်ဘဲ မျက်နှာပြင်ရဲ့ အထက်နဲ့ အောက်မှ ဘောင်များဟာ ကြီးမားနေပါတယ်။ Snapdragon 430 Chipset မောင်းနှင်ထားပါတယ်။ Android One  ဖြစ်တဲ့အတွက် Pure Android 8.0 Oreo ကို သုံးနိုင်မှာ ဖြစ်ပြီး Android OS အသစ်ထွက်တိုင်း အစောဆုံး ရရှိမှာ ဖြစ်ပါတယ်။

 

သူ့မှာ 3GB RAM , 32GB Internal Storage များထည့်သွင်းထားပြီး   microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main Camera နဲ့ အရှေ့ဘက်မှာ  5MP Selfie Camera များ ပါပါတယ်။ မျက်နှာပြင်မှ S-Pure LED Backlighting ကြောင့် ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများကို ဖမ်းယူပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဘက်ထရီက 2700mAh ဖြစ်ပါတယ်။

 

သူ့ကို ဂျပန်မှာ ယမ်း ၃၂ ၄၀၀ ( ဒေါ်လာ ၃၀၀ ) ဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ မပါတဲ့အတွက် ဈေးများတယ်လို့ ပြောနိုင်ပါတယ်။

 

Ref : gsmarena

%d bloggers like this: