4G LTE ကို ထောက်ပံ့ပေးနိုင်တဲ့ Nokia 3310 ကို မိတ်ဆက်

HMD က Nokia 3310 ရဲ့ တတိယမော်ဒယ်ကို မိတ်ဆက်လိုက်ပါတယ်။ သူက 4G LTE ကို ထောက်ပံ့လာပြီး WiFi Hotspot ကနေ အခြား Device များအတွက် အင်တာနက် ပံ့ပိုးပေးနိုင်ပါတယ်။ သူ့မှာ Android မဟုတ်ဘဲ YunOS ထည့်ထားပါတယ်။ သူ့အတွက် App Store ပါလားဆိုတာတော့ မသိရသေးပါဘူး။

Nokia 3310 4G မှာ 256MB RAM နဲ့ 512MB Storage သာပါပါတယ်။ SIM Card တစ်ခုသာ ထည့်သွင်းနိုင်ပြီး VoLTE ကို ထောက်ပံ့ပါတယ်။ တရုတ်မှာ TD-LTE ကို ထောက်ပံ့ပါတယ်။ နိုင်ငံတကာ မော်ဒယ်ကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။

1200mAh Battery က Standby ထားရင် ၁၂ ရက်နဲ့ ဖုန်း ပြောရင် ၁၅ နာရီ အသုံးခံပါတယ်။ FM Radio ကို ၃၁ နာရီကြာ နားဆင်နိုင်ပါတယ်။ အခြား အစိတ်အပိုင်းများကတော့ မူလမော်ဒယ်များနဲ့ တူညီပါတယ်။ သူ့မှာ ၂.၄ လက်မ 240x320px Display ပါဝင်ပြီး ကင်မရာပိုင်းကိုတော့ 2MP Camera နဲ့ LED Flash ပူးတွဲထားတာပါ။ microSD Card စိုက်နိုင်ပါတယ်။

တရုတ်မှာ ယခုလနှောင်းပိုင်းတွင် ရောင်းချပေးမှာ ဖြစ်ပြီး ဈေးနှုန်းကို မသိရသေးပါဘူး။ YunOS ဟာ Android OS နဲ့ ညီနောင် ဖြစ်ပါတယ်။ အဲဒီအတွက် Andorid Apps များကို သူ့မှာ သုံးနိုင်မယ်လို့ ထင်ရပါတယ်။ YunOS ဟာ Web နည်းပညာနဲ့ Cloud ကို အခြေပြုထားတဲ့ Apps များကို အဓိက ဖန်တီးထားခြင်း ဖြစ်ပါတယ်။

Ref : gsmarena

%d bloggers like this: