မီဇူးက ကုမ္ပဏီ ၁၅ နှစ်ပြည့် အထူးထုတ် Meizu 15 Plus ကို ဖန်တီးနေပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များဟာလည်း ယခင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ သူ့ရဲ့ ပထမဆုံး Live Image များ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံများအရ မျက်နှာပြင်ရဲ့ ဘယ်၊ ညာနဲ့ အောက်ဟာ ဘောင်ပျောက်ဒီဇိုင်း ဖြစ်ပြီး အပေါ်ထိပ်မှာတော့ ကင်မရာနဲ့ Earpiece တို့ တပ်ဆင်ထားတဲ့ ပါးလွှာတဲ့ ဘောင်လေးသာ ပါပါတယ်။
အနောက်ဘက်မှာ ကင်မရာ နှစ်လုံးနဲ့ 10-LED Flash တစ်လုံးတို့ကို ပူးတွဲတပ်ဆင်ထားပါတယ်။ ဒါဟာ Meizu Pro 6 Plus ရဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက သူ့မှာ Meizu M6s မှာလို ဖုန်းရဲ့ ဘေးဘက်မှာ တပ်ဆင်ထားတဲ့ လက်ဗွေရာ ကိရိယာ မပါပါဘူး။ အရှေ့နဲ့ အနောက်ဘက်မှာလည်း လက်ဗွေရာ ကိရိယာကို မတွေ့ရပါဘူး။
မီဇူးဟာ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ မြှပ်ထားတဲ့ နည်းပညာကို အသုံးြ့ပုထားနိုင်ပါတယ်။ ဒါမှမဟုတ် Face Unlock နည်းပညာကို ထည့်ထားနိုင်ပါတယ်။ Meizu 15 ကို ယွမ် ၂၉၉၉ နဲ့ 15 Plus ကို ယွမ် ၃၄၉၉ ဝန်းကျင်ဖြင့် ရောင်းချနိုင်ပါတယ်။ ( ဒေါ်လာ ၄၅၀ နဲ့ ၅၃၀ အကြား ကျသင့်မှာပါ။ )
Meizu 15 Plus ဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း ဖြစ်ပြီး Qualcomm Snapdragon 845 Chipset သို့မဟုတ် Exynos 8895 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ မီဇူးရဲ့ နှစ်ပတ်လည် စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ အခြား သတင်းအချက်အလက်များကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် China’s Spring Festival မှာ ပိုမို သိလာရနိုင်ပါတယ်။ မီဇူးရဲ့ တည်ထောင်သူ Jack Wong က သူ့ကို မတ်လမှာ ရောင်းချပေးမယ်လို့ ပြောထား ပ ါတယ်။
Ref : gsmarena
You must log in to post a comment.