စမတ္ဖုန္းနဲ႔ အထာက်က် ဓာတ္ပံုရိုက္နည္း

[Zawgyi]

စမတ္ဖုန္းေတြရဲ႕ quality ေကာင္းလာတာနဲ႔အမွ် ဖုန္းနဲ႔ဓာတ္ပံုရိုက္တာေတြလည္း တျဖည္းျဖည္းအရိွန္ျမင့္လာပါျပီ။ point-and-shoot ကင္မရာေတြအစား ဟန္းဆက္ေတြေနရာယူလာၾကပါျပီ။ ဓာတ္ပံုရုိက္ဝါသနာပါသူေတြအတြက္ေတာ့ တစ္ေန႔တစ္ေန႔ မ်ားလြန္းလွတဲ့ပံုေတြရိုက္ၾကမွာပါပဲ။ ဒီလိုလူေလးေတြအတြက္ ရိုက္မယ့္ရိုက္ပံုေကာင္းေကာင္းထြက္ေအာင္ အထာက်က်ဘယ္လိုရိုက္မလဲဆိုတာ ေျပာျပလိုက္ပါတယ္။ ေန႔စဥ္ဓာတ္ပံုေတြ snap ေတြရိုက္ရင္း ကုိယ့္ရဲ႕ဓာတ္ပံုရိုက္ျခင္းနည္းပညာကိုတုိးတက္ေအာင္ စမ္းၾကည့္လိုက္ရေအာင္.

၁. အေပၚကရိုက္ပါ။

ကင္မရာကို အေပၚစီးကေန ရိုက္တာက လူကိုပိုျပားေစတဲ့ပံုေပါက္ျပီး ေမးႏွစ္ထပ္ေတြ ပခံုးျမင့္ျမင့္ၾကီးမေပၚခ်င္တဲ့သူေတြအတြက္ သင့္ေတာ္တဲ့ angle တစ္ခုပါ။ ေနာက္တစ္ခုက ကိုယ္က အေပၚစီးမွာေရာက္ေနတဲ့အခ်ိန္ ကိုယ့္ေအာက္အေဝးမွာရိွေနတဲ့ရႈခင္းျမင္ကြင္းေတြကို ရိုက္ခ်င္တဲ့အခါမ်ိဳးမွာ အဆင္အေျပဆံုး angle ပါ။

၂. Shutter speed ကို အေျပာင္းအလဲလုပ္ၾကည့္ပါ။

ဒါက လူေတာ္ေတာ္မ်ားမ်ားသိပ္မလုပ္ၾကတဲ့ အခ်က္တစ္ခ်က္ပါ။ shutter speed ေလးေျပာင္းလိုက္တာနဲ႔ လံုးဝကြဲျပားတဲ့ပံုေတြထြက္ပါတယ္။ ပံုတစ္ပံုမွာ shutter speed ဘယ္လိုသက္ေရာက္ပံုကိုေျပာျပပါမယ္။

Shutter speed ဆိုကတည္းက ကိုယ့္ကင္မရာ sensor က ဘယ္ေလာက္ၾကာၾကာပြင့္မလဲဆိုတဲ့အခ်ိန္ပါ။ shutter speed ပိုျမန္ေလေလ ပိုၾကည္လင္ေလေလ အေသးစိတ္ပိုထြက္ေလေလပါပဲ။ ဒါေပမယ့္ ISO ကိုလည္း သြားျမွင့္ဖို႔ေတာ့လုိပါလိ့မ္မယ္။

Shutter speed ကိုႏိွမ့္လိုက္တာက ပံုထြက္ပိုေခ်ာေမြ႔ျပီးေတာ့ noise လည္းနည္းေပမယ့္ ဂရုစိုက္ေတာ့ရိုက္ေပးရပါတယ္။ shutter နည္းရင္က်ေတာ့ ပံုေတြကနည္းနည္းေလးလႈပ္လိုက္တာနဲ႔ ဝါးသြားတဲ့အတြက္ သံုးေခ်ာင္းေထာက္ ဒါမွမဟုတ္ လက္ကိုေသခ်ာျငိမ္ေအာင္ ကိုင္ႏုိင္မွအဆင္ေျပပါမယ္။

၃. Rule of thirds

ဓာတ္ပံုရိုက္ရင္ ယူပံုယူနည္းတကယ္ကို အေရးၾကီးပါတယ္။ ဘယ္ေနရာမွာဘာေလးပါေအာင္ရိုက္မယ္ ဘယ္လိုယူမယ္ စတာေတြက ဓာတ္ပံုဆရာတစ္ေယာက္ရဲ႕ main ပါ။ အဆင့္ျမင့္တဲ့ ေနရာအထားအသိုေပါင္းမ်ားစြာထဲကမွ အလုပ္အျဖစ္ဆံုး အေျခခံအက်ဆံုးနည္းလမး္တစ္ခုကေတာ့ “Rule of thirds” ပါ။

နည္းလမ္းကေတာ့ ရွင္းပါတယ္။ ေဒါင္လိုက္ပဲရိုက္ရိုက္ အလ်ားလိုက္ပဲရိုက္ရုိက္ frame ကို ၃ပိုင္းပိုင္းၾကည့္ပါ။ ပံုမွာ virtual ေထာင့္မွန္ပံုစံေလးေတြ ခ်ၾကည့္ျပီး ကိုယ္အဓိကထားရိုက္ခ်င္တဲ့အရာဝတၳဳကို အလယ္လိုင္းေထာင့္တစ္ဖက္မွာထားရိုက္ပါ။ ဒါဆို effect သံုးထားသလိုေတာင္ ထင္ရေစမယ့္ပံုေတြထြက္ႏုိင္ေပမယ့္ ဂရုစိုက္မရိုက္ရင္ေတာ့ တျခားေနရာေတြမွာ dead space ေတြ ပါတတ္ပါတယ္။

၄. ISO ကုိျပန္ညိွပါ။

ISO ဆိုတာကေတာ့ ဓာတ္ပံုပညာမွာ အေရးပါတဲ့ term တစ္ခုျဖစ္ျပီး ေတာ္ေတာ္ေလးလည္း လြယ္ကူတဲ့သေဘာတရားေလးပါပဲ။ ကိုယ့္ sensor ရဲ႕အာရံုခံႏုိင္စြမ္းကို ဆံုးျဖတ္ေပးျပီး ISO နည္းေလေလ ပိုေတာက္ပၾကည္လင္တဲ့ပံုေတြရေလေလပါပဲ။

ISO မ်ားရင္ေတာ့ ပံုေတြပိုလင္းေပမယ့္ အေသးစိတ္အေရာင္ေတြေတာ့မထြက္တတ္ပါဘူး။ ISO ျမွင့္ထားရင္ shutter speed ကိုျမန္ေအာင္ထားလိုက္ရင္ေတာ့အဆင္ေျပပါတယ္။

၅. Panorama နဲ႔ရုိက္ပါ။

အရမ္းၾကီးတဲ့ပံုၾကီးေတြရိုက္ဖူးပါသလား? အရင္လို ကိုယ္ရိုက္ခ်င္တဲ့ရႈခင္းေတြအကုန္ဆ့ံမယ့္ေနရာထိ အေဝးၾကီးသြားစရာမလိုေတာ့ပါဘူး။ ေခတ္ေပၚစမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ panorama ရိုက္လို႔ရေနၾကပါျပီ။ panorama ဆိုတာကပံုေတြအမ်ားၾကီးကိုတစ္ပံုတည္းအေနနဲ႔တြဲျပီးေပါင္းလိုက္တာျဖစ္ျပီး အရင္ကေတာ့ ဒီလိုစပ္ဖို႔ေတာ္ေတာ္အလုပ္ရႈပ္ခ့ဲပါတယ္။ အခုေတာ့စမတ္ဖုန္းေဆာ့ဖ္ဝဲလ္ေတြနဲ႔တင္ အားလံုးလုပ္လို႔ရေနပါျပီ။

၆. HDR

HDR ကို ပရိုတစ္ေယာက္လိုရိုက္ႏုိင္ဖို႔ အရင္ကေတာ့ တစ္ပံုတည္းကိုပဲ shutter speed အမ်ိဳးမ်ိဳးနဲ႔ရိုက္ ေဆာ့ဖ္ဝဲလ္ထဲမွာထည့္ျပီး အလင္းေရာင္ကိုကိုယ္တုိင္ညိွရပါတယ္။ အခုေနာက္ပုိင္းမွာေတာ့ ေခတ္ေပၚဖုန္းေတြက ကိုယ္တုိင္ဘာမွလုပ္စရာမလို camera setting မွာ ဝင္ေရြးလုိက္ရင္ကို အိုေခေနပါျပီ။

သူကေတာ့ အလင္းမွာ contrast ေတြအရမး္မ်ားတဲ့အခ်ိန္မ်ိဳးမွာ ရိုက္လို႔ေကာင္းပါတယ္။ ဥပမာ ေနာက္ခံေကာင္းကင္အေရာင္လင္းေနတဲ့အခ်ိန္ အေရွ႕ကအရာဝတၳဳကေမွာင္ေနတယ္ဆိုရင္ HDR mode သံုးသင့္ပါတယ္။

[Unicode]

စမတ်ဖုန်းတွေရဲ့ quality ကောင်းလာတာနဲ့အမျှ ဖုန်းနဲ့ဓာတ်ပုံရိုက်တာတွေလည်း တဖြည်းဖြည်းအရှိန်မြင့်လာပါပြီ။ point-and-shoot ကင်မရာတွေအစား ဟန်းဆက်တွေနေရာယူလာကြပါပြီ။ ဓာတ်ပုံရိုက်ဝါသနာပါသူတွေအတွက်တော့ တစ်နေ့တစ်နေ့ များလွန်းလှတဲ့ပုံတွေရိုက်ကြမှာပါပဲ။ ဒီလိုလူလေးတွေအတွက် ရိုက်မယ့်ရိုက်ပုံကောင်းကောင်းထွက်အောင် အထာကျကျဘယ်လိုရိုက်မလဲဆိုတာ ပြောပြလိုက်ပါတယ်။ နေ့စဉ်ဓာတ်ပုံတွေ snap တွေရိုက်ရင်း ကိုယ့်ရဲ့ဓာတ်ပုံရိုက်ခြင်းနည်းပညာကိုတိုးတက်အောင် စမ်းကြည့်လိုက်ရအောင်.

၁. အပေါ်ကရိုက်ပါ။

ကင်မရာကို အပေါ်စီးကနေ ရိုက်တာက လူကိုပိုပြားစေတဲ့ပုံပေါက်ပြီး မေးနှစ်ထပ်တွေ ပခုံးမြင့်မြင့်ကြီးမပေါ်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ angle တစ်ခုပါ။ နောက်တစ်ခုက ကိုယ်က အပေါ်စီးမှာရောက်နေတဲ့အချိန် ကိုယ့်အောက်အဝေးမှာရှိနေတဲ့ရှုခင်းမြင်ကွင်းတွေကို ရိုက်ချင်တဲ့အခါမျိုးမှာ အဆင်အပြေဆုံး angle ပါ။

၂. Shutter speed ကို အပြောင်းအလဲလုပ်ကြည့်ပါ။

ဒါက လူတော်တော်များများသိပ်မလုပ်ကြတဲ့ အချက်တစ်ချက်ပါ။ shutter speed လေးပြောင်းလိုက်တာနဲ့ လုံးဝကွဲပြားတဲ့ပုံတွေထွက်ပါတယ်။ ပုံတစ်ပုံမှာ shutter speed ဘယ်လိုသက်ရောက်ပုံကိုပြောပြပါမယ်။

Shutter speed ဆိုကတည်းက ကိုယ့်ကင်မရာ sensor က ဘယ်လောက်ကြာကြာပွင့်မလဲဆိုတဲ့အချိန်ပါ။ shutter speed ပိုမြန်လေလေ ပိုကြည်လင်လေလေ အသေးစိတ်ပိုထွက်လေလေပါပဲ။ ဒါပေမယ့် ISO ကိုလည်း သွားမြှင့်ဖို့တော့လိုပါလိ့မ်မယ်။

Shutter speed ကိုနှိမ့်လိုက်တာက ပုံထွက်ပိုချောမွေ့ပြီးတော့ noise လည်းနည်းပေမယ့် ဂရုစိုက်တော့ရိုက်ပေးရပါတယ်။ shutter နည်းရင်ကျတော့ ပုံတွေကနည်းနည်းလေးလှုပ်လိုက်တာနဲ့ ဝါးသွားတဲ့အတွက် သုံးချောင်းထောက် ဒါမှမဟုတ် လက်ကိုသေချာငြိမ်အောင် ကိုင်နိုင်မှအဆင်ပြေပါမယ်။

၃. Rule of thirds

ဓာတ်ပုံရိုက်ရင် ယူပုံယူနည်းတကယ်ကို အရေးကြီးပါတယ်။ ဘယ်နေရာမှာဘာလေးပါအောင်ရိုက်မယ် ဘယ်လိုယူမယ် စတာတွေက ဓာတ်ပုံဆရာတစ်ယောက်ရဲ့ main ပါ။ အဆင့်မြင့်တဲ့ နေရာအထားအသိုပေါင်းများစွာထဲကမှ အလုပ်အဖြစ်ဆုံး အခြေခံအကျဆုံးနည်းလမး်တစ်ခုကတော့ “Rule of thirds” ပါ။

နည်းလမ်းကတော့ ရှင်းပါတယ်။ ဒေါင်လိုက်ပဲရိုက်ရိုက် အလျားလိုက်ပဲရိုက်ရိုက် frame ကို ၃ပိုင်းပိုင်းကြည့်ပါ။ ပုံမှာ virtual ထောင့်မှန်ပုံစံလေးတွေ ချကြည့်ပြီး ကိုယ်အဓိကထားရိုက်ချင်တဲ့အရာဝတၳုကို အလယ်လိုင်းထောင့်တစ်ဖက်မှာထားရိုက်ပါ။ ဒါဆို effect သုံးထားသလိုတောင် ထင်ရစေမယ့်ပုံတွေထွက်နိုင်ပေမယ့် ဂရုစိုက်မရိုက်ရင်တော့ တခြားနေရာတွေမှာ dead space တွေ ပါတတ်ပါတယ်။

၄. ISO ကိုပြန်ညှိပါ။

ISO ဆိုတာကတော့ ဓာတ်ပုံပညာမှာ အရေးပါတဲ့ term တစ်ခုဖြစ်ပြီး တော်တော်လေးလည်း လွယ်ကူတဲ့သဘောတရားလေးပါပဲ။ ကိုယ့် sensor ရဲ့အာရုံခံနိုင်စွမ်းကို ဆုံးဖြတ်ပေးပြီး ISO နည်းလေလေ ပိုတောက်ပကြည်လင်တဲ့ပုံတွေရလေလေပါပဲ။

ISO များရင်တော့ ပုံတွေပိုလင်းပေမယ့် အသေးစိတ်အရောင်တွေတော့မထွက်တတ်ပါဘူး။ ISO မြှင့်ထားရင် shutter speed ကိုမြန်အောင်ထားလိုက်ရင်တော့အဆင်ပြေပါတယ်။

၅. Panorama နဲ့ရိုက်ပါ။

အရမ်းကြီးတဲ့ပုံကြီးတွေရိုက်ဖူးပါသလား? အရင်လို ကိုယ်ရိုက်ချင်တဲ့ရှုခင်းတွေအကုန်ဆ့ံမယ့်နေရာထိ အဝေးကြီးသွားစရာမလိုတော့ပါဘူး။ ခေတ်ပေါ်စမတ်ဖုန်းတော်တော်များများမှာ panorama ရိုက်လို့ရနေကြပါပြီ။ panorama ဆိုတာကပုံတွေအများကြီးကိုတစ်ပုံတည်းအနေနဲ့တွဲပြီးပေါင်းလိုက်တာဖြစ်ပြီး အရင်ကတော့ ဒီလိုစပ်ဖို့တော်တော်အလုပ်ရှုပ်ခ့ဲပါတယ်။ အခုတော့စမတ်ဖုန်းဆော့ဖ်ဝဲလ်တွေနဲ့တင် အားလုံးလုပ်လို့ရနေပါပြီ။

၆. HDR

HDR ကို ပရိုတစ်ယောက်လိုရိုက်နိုင်ဖို့ အရင်ကတော့ တစ်ပုံတည်းကိုပဲ shutter speed အမျိုးမျိုးနဲ့ရိုက် ဆော့ဖ်ဝဲလ်ထဲမှာထည့်ပြီး အလင်းရောင်ကိုကိုယ်တိုင်ညှိရပါတယ်။ အခုနောက်ပိုင်းမှာတော့ ခေတ်ပေါ်ဖုန်းတွေက ကိုယ်တိုင်ဘာမှလုပ်စရာမလို camera setting မှာ ဝင်ရွေးလိုက်ရင်ကို အိုခေနေပါပြီ။

သူကတော့ အလင်းမှာ contrast တွေအရမး်များတဲ့အချိန်မျိုးမှာ ရိုက်လို့ကောင်းပါတယ်။ ဥပမာ နောက်ခံကောင်းကင်အရောင်လင်းနေတဲ့အချိန် အရှေ့ကအရာဝတၳုကမှောင်နေတယ်ဆိုရင် HDR mode သုံးသင့်ပါတယ်။

%d bloggers like this: