သိပ္ပံပညာရှင်များက အာကာသယာဉ်မှူးများ ကိုယ့်မစင် ကိုယ်စားနိုင်အောင် ဖန်တီးနေ

အာကာသမှာ သီးပင်၊ စားပင်များ စိုက်ပျိုးလို့ မရသေးပါဘူး။ နှစ်များစွာအတွက် အစားအစာများကို အာကာသသို့ ယူဆောင်သွားရတာလည်း အခက်အခဲများ ရှိနေပါတယ်။ အဲဒီအတွက် သိပ္ပံပညာရှင်များက အာကာသယာဉ်မှူးများ ကိုယ့် မစင် ကိုယ်စားနိုင်အောင် ဖန်တီးနေပါတယ်။ လူသားများ အာကာသမှာ အခြေချနေထိုင်ဖို့အတွက် ဒီနည်းပညာက အနာဂတ်မှာ အထောက်အကူများစွာ ဖြစ်လာနိုင်ပါတယ်။

Pennsylvania State University မှ သိပ္ပံပညာရှင်များက လူ့ မစင်များမှ အစိုင်အခဲနဲ့ အရည်များကို အလွန်လျှင်မြန်စွာ စစ်ထုတ်ပြီး ရောဂါပိုးမွှားများကို ဖယ်ရှားပေးတဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီကနေ သန့်ရှင်းတဲ့ အစားအစာအဖြစ် ပြန်လည် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

သူတို့ရဲ့ နည်းလမ်းဟာ ငါးကန်များမှ ငါး မစင်များကို စစ်ထုတ်ပေးတဲ့ နည်းလမ်းနဲ့ တူညီပါတယ်။ စမ်းသပ်မှုမှာ ပညာရှင်များဟာ ၁၃ နာရီအတွင်းမှာ လူ့ မစင်များမှ အစိုင်အခဲများကို ၄၉ ကနေ ၅၉ ရာခိုင်နှုန်း ဖယ်ရှားပေးနိုင်တာကို တွေ့ရပါတယ်။ အဲဒီ အချိန်ဟာ လက်ရှိ အညစ်အကြေး စီမံခန့်ခွဲတဲ့ နည်းလမ်းများထက် ပိုမို မြန်ဆန်ပါတယ်။ လက်ရှိမှာတော့ ပညာရှင်များရဲ့ နည်းလမ်းဟာ ရာခိုင်နှုန်း အပြည့် အောင်မြင်ခြင်း မရှိသေးပါဘူး။ အဲဒီအတွက် ဆက်လက် ဖန်တီးနေကြပါတယ်။

လက်ရှိ ဖော်မြူလာကို ပြုပြင်မွမ်းမံဖို့ သုတေသနများ ဆက်လက်လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အာကာသမှာလည်း အလုပ်ဖြစ်အောင် ဖန်တီးရမှာ ဖြစ်ပါတယ်။ အင်္ဂါဂြိုလ်လို နေရာမျိုးကို သွားတဲ့အခါမှာ အစားအစာများစွာ ယူဆောင်သွားရမှာ ဖြစ်တဲ့အတွက် အလေးချိန် အလွန်များမှာ ဖြစ်ပါတယ်။ အကျိုးဆက် အနေနဲ့ ဒုံးပျံအတွက် လောင်စာဆီ ပိုမို လိုအပ်ပြီး ကုန်ကျစားရိတ် များပြားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပညာရှင်များရဲ့ ယခုနည်းလမ်းဟာ အနာဂတ် အာကာသခရီးများအတွက် အသုံးဝင်လာမှာပါ။

Ref : sciencealert

%d bloggers like this: