နောက်ထွက်မယ့် Sony Flagship ဖုန်းအတွက် OLED panel တွေထောက်ပံ့ပေးမယ့် LG

သတင်းတွေတော်တေ်ာများများထွက်ထားတဲအတိုင်း Sony ရဲ့နောက်လာမယ့် flagship ဖုန်းတွေက OLED panel တွေနဲ့ဖြစ်တော့မှာပါ။ အခု ထုတ်လုပ်မှုလုပ်ငန်းပိုင်းကနေသိလာရတဲ့သတင်းတစ်ခုကတော့ သူ့ရဲ့ OLED display တွေက LG Display ဆီကသုံးမှာဆိုတာပါ။ Sony က အရင်ကလည်း သူ့ရဲ့အဆင့်မြင့် TV တွေအတွက် LG ရဲ့ OLED panel တွေ သုံးခဲ့တာပါပဲ။

ဒါပေမယ့် OLED panel တွေက Sony ရဲ့ မူရင်းဒီဇိုင်းအတိုင်းမဟုတ်တော့ဘဲ ဘေးဘက်မှန်ခုံး (curved edge) ကိုပဲသုံးမလားဆိုတာတော့ မေးခွန်းထုတ်ချင်စရာပါ။ အရင်သတင်းတွေအတိုင်းဆိုရင် Sony လည်း 18:9 ratio ဘက်ကိုခုန်ကူးလာတော့မှာဖြစ်လို့ ဒီဇိုင်းပုံစံဘယ်လောက်ပြောင်းသွားမလဲဆိုတာ MWC 2018 ပွဲမှာတွေ့မြင်ရတော့မှာပါ။

LG Display အနေနဲ့လည်း OLED ထုတ်လုပ်မှုအသစ်တွေကို လုပ်နေတာဖြစ်လို့ ဝယ်သူလိုနေတဲ့အချိန်ပါ။ LG Mobile (LG V30 နဲ့ Pixel 2 XL) အတွက်တော့ OLED panel တွေသုံးထားခဲ့တာဖြစ်ပြီး Apple နဲ့လည်း လက်တွဲချင်နေပုံရပါတယ်။ Apple ကတော့ LCD model တွေပြန်သွားမယ်ဆိုတော့ တွဲဖြစ်မလား မတွဲဖြစ်ဘူးလားမသေချာသေးပါဘူး။

Sony Xperia ဖုန်းတွေ ဒီဇိုင်းစပြောင်းလဲလာတာက လက်ရှိ Sony ဒီဇိုင်းကို အသည်းစွဲကြိုက်နေတဲ့သူတွေအတွက်တော့ သတင်းဆိုးများဖြစ်နေမလား???

%d bloggers like this: