Vivo ကနေ under-display fingerprint sensor ကိုသုံးတဲ့ပထမဆုံးစမတ်ဖုန်းဖြစ်တဲ့ X20 Plus UD ကိုမိတ်ဆက်လိုက်ပြီး နောက်ထပ်မြန်မြန်ဆန်ဆန်ကြီးသတင်းထပ်ထွက်လာတဲ့ဖုန်းက Xplay series ဖုန်းပါ။ Xplay 7 specs နဲ့ပတ်သတ်တဲ့ပုံတွေ တရုတ်ဝဘ်ဆိုဒ် Weibo မှာပေါက်ကြားလာခဲ့ပြီး အဓိကအချက်ကလေးတွေကိုထုတ်ပြောပြသွားပါမယ်။
ကိုယ်ထည်ရဲ့ 92.9% လောက်က display ဖြစ်ပြီး 4K resolution ဖြစ်နိုင်ပါတယ်။ Dual Sony IMX camera sensor တွေကိုနောက်ကျောဘက်မှာတပ်ဆင်ထားပြီး သာမန်ထက်၄ဆပိုအလင်းဝင်နိုင်ပါတယ်။ under-display fingerprint နဲ့ facial recognition ကိုပေါင်းစပ်ပြီး two-factor authentication ဖြစ်အောင်လုပ်မှာပါ။
အားလုံးစောင့်မျှော်နေတဲ့ Snapdragon 845 ကိုသုံးထားမှာဖြစ်ပြီး မကြာသေးခင်ကမှ Samsung က မိတ်ဆက်ထားတဲ့ storage 256GB or 512GB ဖြစ်နိုင်ပါတယ်။ RAM 10GB တောင်ဖြစ်လို့ OnePlus ထက်တောင် ၂၅%လောက်ပိုကောင်းပါတယ်။
Xplay 6 တုန်းက ၂၀၁၆ နောက်ပိုင်းလောက်မှာထွက်ခဲ့တာဖြစ်ပြီး ဒီနှစ်အတွက်တော့ ဘယ်ရက်ထွက်မယ်သတင်းမသိရသေးပါဘူး။ ဒီပုံမှာမြင်ရတဲ့အတိုင်း specs အမြင့်ကြီးတွေနဲ့ဆိုရင်တော့ တော်တော်လေးအချိန်ယူရဦးမယ်ထင်ပါတယ်။
You must log in to post a comment.