Snapdragon 845 ထည့်ထားတဲ့ ပထမဆုံးဖုန်းဟာ Xiaomi Mi Mix 2S ဖြစ်လာမည်

ရှောင်မီက Mi Mix 2 ကို ရောင်းချပေးခဲ့တာ လအနည်းငယ်သာ ရှိပါသေးတယ်။ အခုတော့ ရှောင်မီက သူ့ရဲ့ မျိုးဆက် စမတ်ဖုန်း အသစ်ကို မိတ်ဆက်တော့မယ့်ပုံပေါ်ပါတယ်။ သူ့ရဲ့ အမည်ကတော့ Mi Mix 2S ဖြစ်ပြီး Mi Mix 3 မဟုတ်ပါဘူး။

သူ့ရဲ့ အဓိက အစိတ်အပိုင်းက Qualcomm Snapdragon 845 SoC ဖြစ်ပါတယ်။ အဲဒီ Chipset ကို ယခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများမှာ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ရှောင်မီက ဖေဖော်ဝါရီလလယ်မှာ ဘာစီလိုနာတွင် ကျင်းပမယ့် Mobile World Congress (MWC) ပွဲ မတိုင်မီမှာ Mi Mix 2S ကို မိတ်ဆက်မှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံကနေ သတင်းထွက်ပေါ်လာပါတယ်။

ဒီသတင်းသာ မှန်မယ်ဆိုရင် Mi Mix 2S ဟာ Snapdragon 845 SoC ထည့်သွင်းထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာ ဖြစ်ပါတယ်။ Samsung ကလည်း Snapdragon 845 SoC ထည့်သွင်းထားတဲ့ Galaxy S9 နဲ့ Galaxy S9+ စမတ်ဖုန်းများကို MWC ပွဲမှာ ပြသမှာ ဖြစ်ပါတယ်။ ရှောင်မီကတော့ Galaxy S9 စမတ်ဖုန်းများ မတိုင်ခင်မှာ Mi Mix 2S ကို မိတ်ဆက်မှာ ဖြစ်ပါတယ်။

Mi Mix 2S ဟာ ယခင်မော်ဒယ်နဲ့ ဒီဇိုင်း တူညီနိုင်ပါတယ်။ သူ့ရဲ့ သတင်းအချက်အလက်များကတော့ သိပ်ပြီး ထွက်ပေါ်နေခြင်း မရှိပါဘူး။

Ref : gsmarena

%d bloggers like this: