ဖေ့စ်ဘွတ်သုံးတိုင်းဘက်ထရီအရမ်းကုန်တာကိုဖြေရှင်းနိုင်မယ့်နည်းလမ်းလေးများ

ဖေ့ဘွတ်ခ်အရမ်းသုံးတာ မသုံးတာကိုလိုက်ပြီး အားများများကုန်တာ နည်းနည်းကုန်တာကွာသွားတာမှန်ပေမယ့်လည်း ဖေ့စ်ဘွတ်ခ် App ကိုယ်တိုင်ကနေ အားသိပ်မကုန်အောင် လုပ်လို့ရတဲ့နည်းလမ်းလေးတွေ ရှိပါတယ်။ ဒီနည်းလမ်းလေးတွေကို DigitalTimes ရဲ့ Tips Today ကဏ္ဍလေးကနေ ဖော်ပြပေးလိုက်ပါတယ်.

၁. ဖေ့စ်ဘွတ်ဗီဒီယိုတွေအတွက် Auto Play ကိုပိတ်ပါ

ကိုယ့်ရဲ့ ဖေ့စ်ဘွတ် Newsfeed မှာဗီဒီယိုတွေက ဝင်ကြည့်စရာတောင်မလိုဘဲ အော်တိုပြနေတာကို သတိထားမိပါသလား?? ဒီလိုအော်တိုပြဖို့နောက်ကွယ်ကနေဒေါင်းနေရတာဟာ ဘက်ထရီကိုလည်းကုန်စေတဲ့အပြင် ဒေတာသုံးစွဲမှုကိုလည်း အနည်းနဲ့အများတော့ပိုကုန်စေပါတယ်။ အားကြာကြာခံအောင်ပိတ်ချင်တယ်ဆိုရင်တော့ Facebook> App Settings>Autoplay > “Never Autoplay videos” ကိုရွေးပေးလိုက်ပါ။

၂. Location Setting and App Refresh

ဖေ့စ်ဘွတ်က Location setting နဲ့ Background app refresh(iDevices) တွေဆီကနေ တောက်လျှောက် update ယူနေတာကြောင့် မပိတ်ထားရင် ဘက်ထရီအရမ်းစားပါတယ်။ ဒါကြောင့် “While using app” ကိုရွေးပေးပြီး ဘက်ထရီကုန်သက်သာလားစမ်းသပ်ကြည့်လိုက်ပါ။

blank

၃. ဖေ့စ်ဘွတ်နဲ့ချိတ်ထားတဲ့ App တွေကို Manage လုပ်ပါ။

ကိုယ့်ဖုန်းမှာ ဖေ့စ်ဘွတ် နဲ့ login ဝင်ရတဲ့ ဂိမ်းတွေ ဒါမှမဟုတ် App တွေများရှိနေသလား??  Facebook> App Setting ကိုဝင်လိုက်ရင်  ဖေ့စ်ဘွတ်အကောင့်ကို access လုပ်ခွင့်ပြုထားတဲ့ app စာရင်းတွေအကုန်လုံးကို တွေ့ပါလိမ့်မယ်။ တခါတလေဒီ app တွေက ကိုယ်ဆိုတာသေချာဖို့အတွက် ဖေ့စ်ဘွတ်ကိုသွားပြီး verify လုပ်တာတွေရှိပါတယ်။ ဒါတွေနောက်ကွယ်ကနေ run နေတယ်ဆိုရင်တော့ အလိုလိုကိုအားကကုန်နေမှာပါ။

၄. App Notification တွေပိတ်ပါ။

blank

ကိုယ့်ရဲ့ notification တွေကိုပိတ်ာက ဘက်ထရီကုန်တာကို သက်သာစေပါတယ်။ Facebook app ကနေ Setting ကိုသွား notification တွေထဲက ကိုယ်ပိတ်ချင်တဲ့ notification ကိုရွေးပိတ်လိုက်လို့ရပါတယ်။

%d bloggers like this: