စူပါပါဝါမလိုဘဲ ပျံသန်းနိုင်တဲ့ Flyboard Air

ဒီနေ့ DigitalTimes ပရိတ်သတ်ကြီးအတွက် စူပါပါဝါဘာညာမလိုဘဲ လေပေါ်ပျံသန်းလို့ရမယ့် Flyboard Air လေးအကြောင်း ပြောပြပေးချင်ပါတယ်။

Flyboard Air ဆိုတာကတော့ တာဘိုဂျက်တွေရဲ့နည်းပညာနဲ့ပျံသန်းလို့ရတဲ့ hoverboard/ jetpack အမျိုးအစားတစ်မျိုးပါ။ Franky Zapata လို့ခေါ်တဲ့ ပြင်သစ်လူမျိုးတစ်ယောက်တီထွင်ခဲ့တာပါ။

၂၀၁၆ ဧပြီလတုန်းက Guinness World Record ရဲ့အဝေးဆုံးပျံသန်းနိုင်ခဲ့တဲ့ hoverboard စာရင်းမှာ ၂၂၅၂.၄ မီတာနဲ့စံချိန်ချိုးနိုင်ခဲ့တဲ့ hoverboard လေးပါ။ အမြင့်ပေ ၁၀၀၀၀ (၃၀၀၀မီတာ) ထိတက်နိုင်ပြီး အမြန်နှုန်း 150km/h (93mph) နဲ့ပျံသန်းနိုင်ပါတယ။် အလိုအလျောက်ပျံသန်းနိုင်ချိန်ကတေ့ ၁၀မိနစ်ပါ။

Zapata Racing ကအရင်ကလည်း ရေပေါ်ပျံသန်းတဲ့ပစ္စည်းတွေထုတ်လုပ်ဖူးပါတယ်။ Flyboard လို့ခေါ်ပြီး ရေပိုက်ရှည်ရှည်ကြီးနဲ့ချိတ်ဆက်ပြီး ရေပေါ်ပျံနေလို့ရတဲ့ board မျိုးပါ။ အခု Flyboard Air ကတော့ ဘာအတွန်းအကန်အကူအညီမှမပါဘဲ လေပေါ်မှာတင်လုံးဝလွတ်လွတ်လပ်လပ်ပျံသန်းလို့ရမယ့် hoverboard တစ်ခုပါ။

အောက်မှာတော့ Guinness World Record မှာပျံသန်းပြီးစံချိန်ချိုးခဲ့တဲ့ ကြည့်ရှုသူပေါင်း ၃သန်းတောင်ရှိခဲ့တဲ့ အမိုက်စား Flyboard Air လေးရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

%d bloggers like this: