0 Shares 43 Views

Windows 10 မိုဘိုင်းစနစ်ကို Windows 8.1 သုံးဖုန်းတွေမှာ တင်နိုင်ပြီ

Mar 22, 2016
0 43

နှောင့်နှေးကြန့်ကြာမှုတွေတသီကြီးဖြစ်ခဲ့ပြီးနောက်မှာတော့၊ Windows 10 မိုဘိုင်းစနစ်ကို ယခုအခါ လူအများအပြား စတင်သုံးစွဲနိုင်ပြီဖြစ်ပါတယ်။

Windows 8.1 စနစ်သုံး Lumia နဲ့ တခြားစမတ်ဖုန်းတွေအတွက် Windows 10 မိုဘိုင်းစနစ် ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း၊ Microsoft က လွန်ခဲ့တဲ့အပတ်၊ ကြာသပတေးနေ့မှာ ကြေငြာခဲ့တာဖြစ်ပါတယ်။

Windows 10 မိုဘိုင်းစနစ်ရမယ့် ဖုန်းတွေကတော့ Microsoft ထုတ် Lumia စီးရီးဖုန်းတွေဖြစ်တဲ့ Lumia 1520, Lumia 930, Lumia 640, Lumia 640 XL, Lumia 730, Lumia 735, Lumia 830, Lumia 532, Lumia 540, Lumia 635, Lumia 636, 638, 430, နဲ့ Lumia 435 စမတ်ဖုန်းစတဲ့ မော်ဒယ် ၁၈ မျိုး ဖြစ်ပါတယ်။ ကိုယ်ကိုင်တဲ့ဖုန်းက အထက်ဖော်ပြပါမော်ဒယ်တွေထဲမှာ မပါဘူးဆိုရင်တော့ Windows 10 update ရဖို့ကို နည်းနည်းစောင့်ပေးရမှာပါ။

Lumia မဟုတ်တဲ့ Windows စနစ်သုံး တခြားဖုန်းတွေထဲမှာတော့၊ ပထမအဆင့်အနေနဲ့ Blu Win ဖုန်းတွေနဲ့ MCJ ဖုန်းတွေပဲ ရရှိဦးမှာဖြစ်ပြီး၊ နောက်မကြာခင်မှာ တခြားတံဆိပ်ဖုန်းတွေကိုလည်း update ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Windows 10 စနစ် မြှင့်ချင်တဲ့လူတွေအနေနဲ့၊ ပထမဦးဆုံး Windows Store ကနေ Windows 10 Upgrade Advisor အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲပေးရမှာဖြစ်ပြီး၊ Enable Windows 10 upgrade ကို ရွေးချယ် ပေးရမှာဖြစ်ပါတယ်။ ကိုယ့်ဖုန်းက Windows 10 တင်နိုင်လားဆိုတာ app က confirm လုပ်ပေးသွားမှာ ဖြစ်ကာ၊ တင်လို့ရတယ်ဆိုရင်တော့ ဖုန်း Settings ထဲက၀င်ပြီး update လုပ်ပေးရမှာဖြစ်ပါတယ်။

a35e65e34c91e23026d7f6011a51f1e3

Ref: Gadgets 360

 

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category