ဘလူးတုသ်စပီကာအသစ်တစ်မျိုးကိုစတင်ဖြန့်ချိလိုက်တဲ့ Xiaomi

Xiaomi ဟာ သူတို့ရဲ့ ဘလူးတုသ်စပီကာ အသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပြီး ဈေးနှုန်းကတော့ ကျပ် ၃၇၀၀၀ ခန့်ရှိတာဖြစ်ပါတယ်။ အဲ့ဒီအပြင် 10400mAh ရှိတဲ့ Mi Power Bank ကိုလည်း ဈေးနှုန်းကျပ်နှစ်သောင်းခန့်နဲ့ ဖြန့်ချိမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် Redmi Note 3 အတွက် ဖုန်းကာဗာတွေလည်း ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီတရုတ်ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ ပစ္စည်းအသစ်တွေထုတ်လုပ်မယ့်အကြောင်းကို Mi.com ကနေပြောခဲ့တာဖြစ်ပြီး ပါဝါဘန့်ကို အပြာ၊ အဖြူ၊ မီးခိုး၊ ပန်းရောင်နဲ့ အနက်ဆိုပြီး အရောင်တွေနဲ့ ရရှိနိုင်မှာပါ။ Redmi Note 3 ရဲ့ ကာဗာတွေကိုတော့ လိမ္မော်၊ အပြာနဲ့ အနက်ဆိုပြီး ရနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ကျပ် ၇၃၀၀လောက်ရှိနိုင်တာဖြစ်ပါတယ်။

Xiaomi အနေနဲ့ အရင်ကလည်း ဈေးနှုန်း ၁၅၀၀၀ နဲ့ Mi Band၊ ဈေးနှုန်း ၁၈၀၀၀ ခန့်ရှိတဲ့ Mi Headphones တို့ကို ဖြန့်ချိခဲ့ဖူးပါတယ်။ ဒီလအစောပိုင်းတုန်းက Xiaomi ဟာ USB Type-C ပေါက်နဲ့ 10000mAh ရှိတဲ့ Mi Power Bank ကိုဖြန့်ချိခဲ့ဖူးပြီး Mi Box 3 ကိုလည်း ထပ်မံမိတ်ဆက်ခဲ့ဖူးတာဖြစ်ပါတယ်။

Ref: Gadgets360

%d bloggers like this: