၈ သောင်းကျပ်သာရှိတဲ့ LG Aristo 2 ကို ရောင်းချ

LG က မြန်မာငွေ ၈ သောင်းကျပ်လောက်သာရှိတဲ့ စမတ်ဖုန်း အသစ်တစ်လုံးကို ရောင်းချပေးလိုက်ပါတယ်။ အရစ်ကျဝယ်ယူရင် ကနဦးပေးငွေကို ဒေါ်လာအားဖြင့် ၆၀ သတ်မှတ်ထားပြီး အမေရိကန်မှာ MetroPCS ကနေ ရောင်းချပေးလိုက်ပါတယ်။ အလွတ်ဝယ်ယူရင် ၁၃၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ T-Mobile ကနေလည်း နောက်ပိုင်းမှာ ရောင်းချကောင်းရောင်းချနိုင်ပါတယ်။ သူ့ရဲ့ အမည်ကတော့ LG Aristo 2 ဖြစ်ပါတယ်။ သူ့ကို အနက်ရောင်ထုတ်လုပ်ပေးထားပါတယ်။

သူ့မှာ ၅ လက်မ HD IPS Display တပ်ဆင်ထားပါတယ်။ Android Nougat မောင်းနှင်ထားပါတယ်။ 2GB RAM , 16GB Internal Storage များ ထည့်သွင်းထားပါတယ်။ User အတွက် 9GB ကျန်ရှိပါတယ်။ microSD Card Slot လည်း ပါပါတယ်။ Qualcomm Snapdragon 425 Chipset မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ တပ်ဆင်ထားပြီး ကင်မရာ နှစ်လုံးစလုံးက Full HD Video များ ရိုက်ကူးပေးနိုင်ပါတယ်။ Selfie Camera မှာ မျက်နှာအာရုံခံ နည်းပညာပါပြီး စမတ်ဖုန်းကို Unlock ပြုလုပ်ပေးနိုင်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။

LG Aristo 2 ဟာ MetroPCS ရဲ့ LTE ကွန်ယက်မှာ အလုပ်လုပ်ပြီး WiFi Calling ကို ထောက်ပံ့ပါတယ်။ ဘက်ထရီကတော့ သေးငယ်ပြီး 2410mAh ဖြစ်ပါတယ်။ အားအပြည့်သွင်းထားရင် ၁၇ နာရီကြာ ဖုန်းပြောနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: