မတ်လ ၃၁ ရက်နေ့ကစပြီး၊ Blackberry OS မှာ တရားဝင် Facebook app ကို သုံးနိုင်တော့မှာမဟုတ်

လွန်ခဲ့တဲ့လနှောင်းပိုင်းတုန်းက၊ Facebook ကပဲ ပိုင်ဆိုင်တဲ့ WhatsApp ဟာ Blackberry မိုဘိုင်း OS ကို နောက်ထပ် support ပေးတော့မှာ မဟုတ်ကြောင်း ကြေငြာခဲ့ပြီးနောက် အခုဆိုရင် Facebook ကလည်း Blackberry OS ကို ပံ့ပိုးမှုပေးသွားမှာမဟုတ်တော့ဘူးလို့ ကြေငြာခဲ့ပါတယ်။

Blackberry ဖုန်းတွေဟာ မိုဘိုင်းဖုန်း လောကမှာ မရှိမဖြစ်အရေးပါတဲ့ဖုန်းတွေဖြစ်ပေမယ့်၊ WhatsApp ရဲ့ နောက် ထပ်မံပေးအပ်မယ့် စွမ်းဆောင်ရည် အသစ်တွေကို မပေးစွမ်းနိုင်တာကြောင့် အခုလို ပံ့ပိုးမှု ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ WhatsApp က ပြောကြားခဲ့ပါတယ်။

Blackberry ရဲ့ ဘလော့ဂ်မှာ တင်ထားတဲ့ပို့စ်မှာလည်း user တွေ အသုံးများ၊နှစ်ခြိုက်တဲ့ ဒီ app တွေကို Facebook က အခုလို support ပေးမှု ရပ်ဆိုင်းလိုက်တာကို အရမ်းစိတ်ပျက်၊ဝမ်းနည်းမိကြောင်း ရေးသား ထားခဲ့ပါတယ်။

BBOS user တွေအနေနဲ့ Facebook ကို လုံး၀ သုံးလို့မရတော့မှာမျိုးမဟုတ်ဘဲ၊ Black Berry အနေနဲ့ မတ်လ ၃၁ ရက်နေ့မှာ လက်ရှိ Facebook official app အစား၊ web ဗားရှင်းပုံစံ Facebook app တစ်ခုနဲ့ update အစားထိုး ပေးသွားမှာဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့ထွက် Facebook app မှာ Contacts synchronise လုပ်တဲ့ စွမ်းဆောင်ရည်တွေ၊ BlackBerry Hub integration စွမ်းဆောင်ရည်တွေ ပါဝင်လာတော့ မှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒီ့အပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကိုလည်း Share icon ကို အသုံးပြုပြီး Facebook ပေါ် တိုက်ရိုက် share လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

Ref: Forbes

 

 

%d bloggers like this: